Wednesday, October 26, 2016

နတ် ကိုးကွယ်မှုနှင့် သရဏဂုံ ညှိုးနွမ်းခြင်း

                                               Online Photo 


သရဏဂုံ ဆိုတာ ပါဠိလို"သရဏဂမန"
မြန်မာလို "သရဏဂုံ"
အဓိပ္ပာယ် က ကိုးကွယ် ဆည်းကပ်ခြင်း ရတနာမြတ် သုံးပါး အပေါ်လေးလေး  နက်နက် နဲ့   သက်ဝင်ပြီး ယုံကြည်မြတ်နိုး ကိုးကွယ် ဆည်းကပ်တဲ့သဒ္ဒါ ပညာရှေ့ သွား ရှိတဲ့ ကုသိုလ်စိတ်ကို "သရဏဂုံ" လို့ခေါ်ပါ တယ်..

ရတနာမြတ်သုံးပါး အပေါ် လေးလေး နက်နက် ယုံကြည်ခြင်း ကြည်ညိုလေးစား ကိုးကွယ် ဆည်းကပ်ခြင်း ရှိတဲ့သူဟာ သရဏဂုံ တည်တဲ့ သူပါ..

သရဏဂုံ တည်သူဟာ ရတနာမြတ်သုံးပါးကျေးဇူး ကို မသိတတ်ရင် ရတနာ သုံးပါး အပေါ် သံသယ ဝင်ခဲ့ရင် အတွေးမှား အသိမှားနေခဲ့ရင် သရဏဂုံ ညှိုးနွမ်း ညစ်နွမ်းပါတယ်..

အယူဝါဒပြောင်းရင် သရဏဂုံ ပျက်တယ်..
သေဆုံးတဲ့ အခါမှာလည်း သရဏဂုံ ပျက်တယ်..
ဒါကြောင့် ဗုဒ္ဓ ဘာသာဝင်တွေ သေဆုံးတဲ့ အခါ သရဏဂုံ ပျက်သွားလို့ သရဏဂုံပြန်တင်ရပါတယ်..

အလောင်းကောင်ကြီး ကို တင်တာတော့ မဟုတ်ပါဘူး..
ဒီ အနီးအနား မှာ တစ္ဆေ သရဲပြိတ္တာ စတဲ့ ဘဝမျိုးမြှာ ဖစ်နေခဲ့ရင် သရဏဂုံပြန် တည်ပါစေ ဆိုတဲ့ အနေနဲ့ သရဏဂုံ တင်ပေးရတာပါ..

ဗုဒ္ဓ ဘာသာဝင်တွေ ထဲမှာ နတ် ကိုးကွယ်ကြတာလည်း ရှိပါတယ်..
ရတနာသုံးပါး ထက် နတ် ကို ပို အလေးထားရင် သရဏဂုံ ပျက်ပါတယ်..
ဗုဒ္ဓဘာသာ စစ်စစ် တစ်ယောက်ဟာ ရတနာသုံးပါး မှ တစ်ပါး အခြား ကိုးကွယ်ရာ မရှာကောင်းပါဘူး..

ဘုရား တရား သံဃာ ကို စွန့်ပယ် ၍ အခြားသော ဘိုးတော် မယ်တော် များ ၃၇-မင်း နတ်များ ရိုးရာ နတ်များ နတ်စိမ်း များကို "အရှင်ကြီး အရှင်ကောင်းတို့အား ကျွန်ုပ် တို့၏ အသက်နှင့် ခန္ဓာကိုယ် ကို အပ်နှင်း ကိုးကွယ်ပါ၏ " ဟု အဓိဋ္ဌာန်ပြု၍ ဦးချလိုက်ရင် သရဏဂုံ ပျက်ပါတယ်..
(ယင်းသို့ ပျက်ခြင်းသည် အပြစ်ရှိသော သရဏဂုံ ပျက်ခြင်းဖြစ်သည်။)

ဘုရား တရား သံဃာ ကိုလည်း မစွန့် ထို ဘိုးတော် မယ်တော် များကိုလည်း ကိုးကွယ် ဆည်းကပ်နေမယ် ဆိုရင်တော့ သရဏဂုံ မပျက်သော်လည်း ညှိုးနွမ်းသွားပါတယ်..
ထို့ကြောင့် သရဏဂုံ တည်သူများ ရရှိမည့် ကောင်းကျိုးများကို တင်းပြည့် ကျပ်ပြည့် မရနိုင်တော့ပါ..



"အပ်ဝင် ပေါက်ဆိန်ထွက်" ဟူသော စကားကဲ့သို့ ဖြစ်တတ်ပါတယ်..
အပ် တစ်ချောင်းဝင်လာပြီး ပေါက်ဆိန် တစ်ချောင်း ထွက်သွားမည်ဆိုရင် မိမိ အတွက် ဆုံးရှုံးတာသာဖြစ်ပါတယ်..

တစ်ဘဝတာ သရဏဂုံ တည်မြဲသူများ ရရှိမယ့်ကောင်းကျိုးများကို အပါဒါန် ပါဠိတော်မှာေ ဟာကြားထားတာ ရှိပါတယ်..

လွန်ခဲ့သော ၉၁ ကမ္ဘာ က ပွင့်တော်မူခဲ့သော အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော် အခါက အမျိုးသား တစ်ယောက်သည် မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်ဘဝတာ သရဏဂုံ တည်ခဲ့သည်..

ထို တစ်ဘဝတာ သရဏဂုံ တည်ခဲ့သော ကုသိုလ်ကြောင့် ၉၁ ကမ္ဘာအပါယ်တံခါး ပိတ်သည်.. အကြိမ် ၈၀ သိကြားမင်းဖြစ်သည်.. ၇၅ ကြိမ် စကြာမင်းဖြစ်သည်.. ရိုးရိုး ဧကရာဇ်ဘုရင် ဘဝ အကြိမ်ပေါင်းများစွာဖြစ် သည်..

ယခု ဘုရား သာသနာ၌ အိန္ဒိယနိုင်ငံ ၌ သူဋ္ဌေးသား သွားဖြစ်သည်.. သူ ၇နှစ်သား အရွယ်ခန့်တွင် တစ်ခြားရွယ်တူ ကလေးများနှင့်အတူ ပြေးလွှားဆော့ ကစားရင်း ရဟန္တာ တစ်ပါးသီတင်းသုံးသည့် ကျောင်းထဲသို့ ရောက်သွားသည်..

မထေရ် သည် ကလေးများကိုတွေ့သည်နှင့် သရဏဂုံ ဆောက်တည်ပေးသည်.. ကလေးများ က ရွတ်ဆို ဆောက် တည်ကြသည်..ထို သရဏဂုံ အဆုံးမှာပင် လွန်ခဲ့သော ၉၁ ကမ္ဘာ က တစ်ဘဝတာ သရဏဂုံ တည် ခဲ့သော ကလေးသည် ရဟန္တာဖြစ်သွားခဲ့သည်.. သူ၏ ဘွဲ့အမည်မှာ "တိသရဏဂမနိယမထေရ်" ဟုခေါ်သည်.. ဤကောင်းကျိုးများသည် မိမိထံမှာ ရှိနေသော ပေါက်ဆိန်နှင့် တူသည်..

ဘိုးတော် မယ်တော် ၃၇ မင်း ရိုးရာ နတ်များကို ကနားပေးပြီး ကိုးကွယ်လိုက် လျှင် သရဏဂုံ မပျက်တောင် သရဏဂုံ ညှိုးနွမ်းသွားပါတယ်.. ထိုသို့ နတ်များ ကိုးကွယ်သည့် အတွက် စီးပွားတက်ခြင်း ရာထူးတက်ခြင်းသည် အပ်တစ်ချောင်း ဝင်လာနဲ့တူပါတယ်..

အကြောင်းမှာ စီးပွားတက်ခြင်း ရာထူး တက်ခြင်းကြောင့် ရရှိလာတဲ့ စီးပွားဥစ္စာဟာ တစ်ဘဝ တစ်နပ်စာသာ ရှိသောကြောင့်ပဲဖြစ်ပါတယ်.. သရဏဂုံ ညှိုးနွမ်းသွားရင် ၉၁ ကမ္ဘာ အပါယ်တံခါး ပိတ်ရခြင်း စသောကောင်းကျိုး များကို မရတော့ပါဘူး.. ဒါဟာ မိမိ ထံမှ ပေါက်ဆိန် တစ်ချောင်း ပြန်ထွက်တာနဲ့ တူပါတယ်..

နတ် ကိုးကွယ်မှုနဲ့ စပ်လို့ အစဉ်အလာ အရ နတ်ကို ပူဇော်ချင်တယ်ဆိုရင် ပူဇော်လို့ရတယ်.. ပသလို့ရ တယ်.. အမျှပေးလို့ရတယ်.. ဒါပေမယ့် မကိုးကွယ်ကောင်းပါဘူး.. ပူဇော်တာ နဲ့ ကိုးကွယ်တာဟာ မတူပါဘူး..

အချို့ အိမ်တွေမှာ ကိုးကွယ် ပူဇော်မှုတွေေ ရာရောနှောနှောဖြစ်နေတာ တွေ့ရပါတယ်.. ဘုရားကျောင်းဆောင် မှာ နတ်ရုပ် ဘိုးတော် မယ်တော် ရုပ်တွေ မထားကောင်းပါဘူး..

ဘုရား နဲ့ တစ်တန်းတည်း ဘာကိုမှ မထားရပါဘူး.. တစ်ခြားဟာတွေ ပူဇော်ချင်ရင် တစ်နေရာရာမှာ သီးသန့်ပူဇော်ပါ.. ဒါပေမယ့် ကိုးတော့ မကိုးကွယ် လိုက်ပါနဲ့.. ဥစ္စာစည်းစိမ် ဆင်းရဲတာက တစ်ဘဝသာ ဒုက္ခရောက်မှာပါ..

အသိဉာဏ် ပညာ ဆင်းရဲ ခဲ့ရင်တော့ သံသရာ အဆက်ဆက် ဒုက္ခရောက်သွားပါလိမ့်မယ်..



စေတနာ မေတ္တာအရင်းခံဖြင့်-
ohmarshin
ကိုးကား-အရှင်ဇဝန
အရှင်သံဝရာလင်္ကာရ


အားကိုး မလွဲစေနဲ့
-----------------
လောကမှာ အမြင့်မြတ်ဆုံး ဘုရား နဲ့ တွေ့လျက် သားနဲ့ ဘုရားကို အားမကိုးပဲ နတ်တွေ ဘိုးတော် မယ်တော် စတာတွေကို အထင်ကြီး အားကိုးနေတာဟာ လူကြားလို့ မကောင်းပါဘူး။

ဒါဟာ ကိုယ့်ဦးနှောက် ကို ကိုယ် အလွဲသုံးစား လုပ်တာပဲ။ လောက မှာ ဘုရားကို အားကိုးတာ ဘုရား စကား နားထောင်တာလောက် ကောင်းတာ ဘာမှမရှိဘူး။

သိပ္ပံခေတ် လူသား လုပ်နေကြပြီး အတွေးချော် မနေကြနဲ့။


အရှင်ဝိစိတ္တသာရ (လေးအိမ်စု)
ဓမ္မရေချမ်းစင်

No comments:

Post a Comment