Wednesday, October 26, 2016

စကားပြောရာတွင်






စကားပြောတတ်တာက တစ်ပါးသူကို နွေးထွေးမှုဖြစ်စေတယ်၊ အားဖြစ်စေတယ်၊ ယုံကြည်မှုရှိစေတယ်၊ အဆင်ပြေစေတယ်၊ နေသာထိုင်သာရှိစေတယ်၊ မျှော်လင့်ချက်ဖြစ်စေတယ်၊ အသိဉာဏ်ဖြစ်စေပါတယ်။

(၁) တစ်ဘက်လူရဲ့ဒေါသမီးကို ထိန်းချုပ်ပေးနိုင်တဲ့ စကားလုံး ----- ဆောရီးပါနော်

(၂) ကိုယ့် ပင်ကိုအရည်အသွေးကို နှိမ့်ချတဲ့ စကားလုံး ------ ကျေးဇူးတင်ပါတယ်

(၃) တစ်ဘက်လူကို ရင်ကော့ အားဖြစ်စေတဲ့ စကားလုံး ----- မင်းလုပ်တာ ကောင်းတယ်

(၄) ကျေအေး ငြိမ်းချမ်းမှုကို ဆင့်ခေါ်နိုင်တဲ့ စကားလုံး ------ ငါ မှားသွားတယ်

(၅) ဒီလောကမှာ ရှင်သန် တည်ရှိနေတယ်  (လူရာ ဝင်နေသေးတယ်)  ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ စကားလုံး ----- မင်း အကောင်းဆုံးပဲကွာ

(၆) စိတ် ခံစားချက်ကို မြှင့်တင်ပေးနိုင်တဲ့ စကားလုံး ----- ဒီနေ့ မင်းဝတ်ထားတာ မိုက်တယ်ကွာ၊ ဒီနေ့မင်းသိပ်မိုက်တယ်ကွာ

(၇) အကောင်းဆုံး အဆုံးသတ်ကို ဖြစ်စေနိုင်မယ့် စကားလုံး ------ နင်ရဲ့ အတွေး စိတ်ကူးကရော ဘယ်လိုလဲ

(၈) နွေးထွေးနှစ်သိမ့်မှုကိုဖြစ်စေတဲ့ စကားလုံး ------ ငါကူညီဖို့ လိုအပ်သလား

(၉) တစ်ဘက်သားရဲ့မိမိကိုယ်ကိုယ် ယုံကြည်စိတ်ကို မြှင့်တင်ပေးနိုင်တဲ့ စကားလုံး ------- ဟာ... ဒီစိတ်ကူး မိုက်တယ်ကွာ မင်း ဘယ်လိုတွေးလိုက်တာလဲ



(၁ဝ) စိတ်အား ထက်သန်မှုကို တစ်သွင်သွင် စီးဆင်းစေနိုင်တဲ့ စကားလုံး   ------   အသက် ဆိုတာ ကိန်း ဂဏာန်းလေးပါကွာ

(၁၁) ခွန်အားတွေကို ပြည့်ဖြိုးစေနိုင်တဲ့ စကားလုံး ------- နင့်ကို ငါယုံကြည်တယ်

(၁၂) ရဲစွမ်းသတ္တိတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စကားလုံး ------ မင်း လုပ်နိုင်တယ်ဆိုတာ ငါယုံတယ်

(၁၃) လက်ဖွဲ့ အဆောင်ထက် ပိုအသုံးဝင်နိုင်တဲ့ စကားလုံး ------ မင်းအတွက် ငါဆုတောင်းပေးနေတယ်

(၁၄) သတိပေး၊ အကြံပေးစကားထက် ပိုအကျိုးရှိနိုင်တဲ့ စကားလုံး ------- အမြဲတမ်း အဆင်ပြေမနေတတ်ဘူးနော်

(၁၅) ငွေကြေးပေးဝယ်စရာမလိုဘဲ ကောင်းတဲ့ ခံစားချက်ကိုဖြစ်ပေါ်စေနိုင်တဲ့ စကားလုံး ------- မင်းနဲ့ အတူ ရှိနေရတဲ့ ခံစားချက်က သိပ်ကောင်းတယ်ကွာ (မင်းနဲ့အတူ ရှိနေရတာ စိတ်ထဲမှာအေးချမ်းတယ်ကွာ)

(၁၆) သားသမီးတွေရဲ့ ရှေ့ဆက်လျှောက်မယ့်လမ်းကို အားပေးနိုင်တဲ့ စကား ------- သား အတွက် ဖေဖေဂုဏ်ယူတယ်ကွာ

(၁၇) သတ္တိ ကို အသစ် တစ်ဖန်ပြန်မွေးဖွားစေနိုင်တဲ့ စကားလုံး  -------    ကိစ္စ မရှိပါဘူး...  အရာအားလုံး ပြန်ကောင်းလာနိုင်ပါတယ်

(၁၈) တစ်ဘက်သားကို တစ်ခြားလူထက် တစ်မူ ထူးတဲ့ ခံစားချက်ကိုဖြစ်ပေါ်စေနိုင်တဲ့ စကားလုံး  -----  တစ်ကယ်ပဲ မင်းကတော့ စံပဲကွာ

(၁၉) ချစ်ခင်သူတွေကို ဂရုစိုက်မှုတွေပေးနိုင်တဲ့ စကားလုံး ------- ငါ့ဘဝမှာ မင်းရှိနေတာ တန်တယ်ကွာ

(၂ဝ) တစ်ဘက်သားရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို နှစ်သိမ့်ပေးနိုင်တဲ့ စကားလုံး ----- ဒီနေ့ရက်တွေ မှာ မင်းတော်တော် ပင်ပန်းပြီကွာ

စကား ကို လူတိုင်းပြောတတ်တယ်.. ဒါပေမယ့် စကား အကောင်းကို လူတိုင်း မပြောတတ်ကြဘူး...
စကား အပြောကောင်းတိုင်းလည်း စကားအကောင်း မပြောတတ်ကြပါဘူး...

Credit : Myawady News

No comments:

Post a Comment