Sunday, October 2, 2016

ခြေထောက်ရဲ့ အဖြေ (ခြေချောင်းလေးတွေကြည့်ပြီး ကိုယ့်ရဲ့ ပင်ကိုယ် သဘာဝ က ဘယ်လို ရှိနေမလဲ)



ခြေချောင်းလေးတွေကြည့်ပြီး ကိုယ့်ရဲ့ ပင်ကိုယ် သဘာဝ က ဘယ်လို ရှိနေမလဲ။  ကဲခြေထောက်လေးကို သေသေ ချာချာကြည့်ပြီး ဘယ်လို လူမျိုးဖြစ်မလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

အီဂျစ် လူမျိုး




ပုံပါ အတိုင်း လူ တော်တော် များများမှာ တွေ့ရတဲ့ ခြေထောက်ပါ။ ခြေမကြီး က အခြားသော ခြေချောင်းလေးတွေထက် ကြီးနေမယ် ဆိုရင် အီဂျစ် လူမျိုး ခြေထောက်ပါ။

သူကတော့ အရမ်း ကို ကြင်နာတတ်ပြီး ကဗျာဆန်သူ ဖြစ်ပါလိမ့်မယ်။



 ရောမ လူမျိုး



ပုံပါ အတိုင်း ခြေမကြီးက စပြီး ခြေခလယ် အထိ အရွယ်အစားက တူနေမယ် ဆိုရင်တော့ သူကတော့ ရောမ လူမျိုးပါ။ သူကတော့ နည်းနည်း ရှက်တတ်ပါတယ်။

ဒါပေမဲ့ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်အောင် ဇွဲမလျှော့ပဲ၊ ကြိုးစားမယ် ဆိုတဲ့ စိတ်ဓာတ် က သူ့မှာ ရှိပါ တယ်။





ဂရိ လူမျိုး





ပုံပါ အတိုင်း ခြေချောင်းပိုင်ရှင် ကတော့ ဂရိ လူမျိုးပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပါလိမ့် မယ်။ ဘာလုပ်လုပ် ကြိုးစားပြီး လုပ်နိုင်သလို၊ ဥာဏ်လည်းကောင်းသူပါ။ လူအများ ကို သင်ကြားပြသပေးနိုင်သော သူဖြစ်ပါတယ်။


★ ခြေခလယ် က ကောက်နေရင်

ခြေခလယ် က ကောက်နေရင်တော့ သွားချင် လာချင်တယ်။ အမြဲတမ်း ခရီးသွားပြီး နေရာသစ် မှာ အတွေ့ အကြုံသစ်တွေကို ရယူလိုသောသူပါ။ နောက်ပြီး လိမ်ပြောတာလဲ သိပ်တော် တာကြောင့် သတိထားပါ။

★ ခြေသန်း က အရမ်းသေးရင်
သူကတော့ ကလေး ဆန်ပြီး အချိန် ရှိရင် ကစားနေချင်သောသူပါ။


★ ခြေသန်း ကို လိုအပ်သလို ကစားနိုင်သူ ကတော့
ခြေသန်းလေး ကို လှုပ်ကြည့်ပါ။ ကိုယ်ကြိုက်သလို လှုပ်ပြီး အပြင်ဘက် ကို ကားနိုင်သလောက် ကားနိုင်ရင်တော့ သူကတော့ အပြောင်းအလဲတွေကို မကြောက်ပဲ၊ ရဲရဲ ဝံ့ဝံ့ရှေ့လျှောက်ရဲသူ ဖြစ်ပါတယ်။

 


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team)





No comments:

Post a Comment