Wednesday, October 12, 2016

ဦးနှောက် ကို သော့ခတ် မထားပါနဲ့






နှလုံးသား က တောင်းဆိုတယ်။
ဦးနှောက် က ပယ်ချတယ်။

ဦးနှောက် က တောင်းဆိုတယ်။
နှလုံးသား က ပယ်ချတယ်။

တစ်ဇွတ်ထိုး စိက် က လုပ်ချင်တယ်။
အသိဉာဏ် က တားထားတယ်။

အသိဉာဏ် က လုပ်ချင်တယ်။
ပျင်းတဲ့ စိတ် က တားထားတယ်။

မိမိ က ကြိုးစားချင်တယ်။
မိတ်ဆွေတွေ က ပိတ်ပင်တယ်။

မိတ်ဆွေတွေ က ကြိုးစားစေချင်တယ်။
မိမိကိုယ်တိုင် က ပိတ်ပင်တယ်။

ကိုယ့်ကို ချစ်တဲ့ သူ က လမ်းမှန်ကို ပြတယ်။
ကိုယ့်ကိုယ် မချစ်တဲ့ သူ က လမ်းမှားကိုပြတယ်။

ရွေးချယ်မှု မှန်ကန်ရင် မိမိပဲ စိတ်ချမ်းသာစွာနဲ့ ဘဝ ကို ရပ်တည်နိုင်မယ်။

ရွေးချယ်မှု မှားယွင်းမယ် ဆိုရင် မိမိပဲ စိတ်ဆင်းရဲစွာနဲ့ ဘဝ ကို လျှောက်လှမ်း ရလိမ့်မယ်။



ရွေးချယ်မှု ရဲ့ (အဆိုး ) ရလဒ် ကို နှလုံးသား၊ တစ်ဇွတ်ထိုး စိက် ၊ ပျင်းတဲ့ စိတ် ၊ မိတ်ဆွေ၊ ကိုယ့်ကိုယ် မချစ် တဲ့ သူ တွေက ဘာမှ မကူညီနိုင်ပါ။

ရွေးချယ်မှု ရဲ့ (အဆိုး ) ရလဒ် ကို အသိဉာဏ် နဲ့ ဦးနှောက် ကပဲ ကူညီ လမ်းပြ ပြီး အဆိုး ထဲက အကောင်းကို ရှာဖွေ ပေးမှာဖြစ်တယ်။

ဒါကြောင့် ရွေးချယ်မှုတွေ မှန်ကန်စေဖို့

ဦးနှောက်ကို သော့ခတ် မထားပါနဲ့ လို့------------။



Credit to Soe Linn

No comments:

Post a Comment