Saturday, October 22, 2016

Hysteria { ပြင်းထန်တဲ့ စိတ်ပညာ ပိုင်းဆိုင်ရာ အခြေ အနေပြောင်း လဲမှု တစ်ခု }




Hysteria (ဒါမှ မဟုတ်) Hysteria Neurosis ဆိုတာ ပြင်းထန်တဲ့ စိတ်ပညာ ပိုင်းဆိုင်ရာ အခြေ အနေပြောင်း လဲမှု တစ်ခု ဖြစ်ပြီး အဲဒီ အခြေအနေဖြစ်တဲ့ သူဟာ ပုံမှန် မဟုတ်တဲ့ တက်ကြွမှုတွေ ရှိလာတတ်တာမျိုးဖြစ် ပါတယ်.။ 

အဓိက ရောဂါ လက္ခဏာတွေ ကတော့ ပြင်းပြင်း ထန်ထန်ဒေါသ ထွက်လာခြင်း၊ အလွန် မုန်းတီးမှု များ ဖြစ်ပေါ်လာခြင်း၊ အလွန် အမင်းကြောက်ရွံ့မှုများဖြစ်ပေါ်လာခြင်း၊ စိတ်ဓာတ် ပျက်ပြားခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်းနှင့် အလားတူ ခံစားချက်များ ဖြစ်ပေါ်လာခြင်းတို့ပဲ ဖြစ်ပါတယ်.။ 

Hysteria မှာ ပုံစံကွဲတွေ အများကြီးရှိသလို၊ အဆင့်တွေလည်း အများကြီးရှိပါတယ်.။
ရောဂါ လက္ခဏာတွေ ကတော့ -
(၁) အသက်ရှု မမှန်ပါဘူး၊

(၂) ခန္ဒာကိုယ် ကို တည်ငြိမ်အောင် လုပ်ဖို့ ခက်ခဲပါတယ်.။ (ရုန်းကန်နေတတ်ပါတယ်)

(၃) ကြမ်းကြုတ် ရိုင်းစိုင်းတဲ့ အမူအယာတွေဖြစ်လာတတ်ပါတယ်၊ စူးစူး ဝါးဝါးအော်တတ်တယ်.။ ဂယောင် ဂတမ်း နဲ့ ကြုံးဝါးမှုတွေ လုပ်တတ်ပါတယ်၊
.
(၄) စကားသံ မပီမသဖြစ်လာတတ်ပါတယ်..။

(၅) ခန္ဒာကိုယ် မှာ အကြော ဆွဲတတ်ပါတယ်.။

(၆) မျက်လုံးတွေ နီရဲနေတတ်ပါတယ်။

(၇) သွားရည် တစ်မြားမြားနဲ့ အလွန်အကျွံ ကျနေတတ်ပါတယ်။

(၈) လည်ပင်း ကြွက်သားတွေ ယောင်ယမ်းနေတတ်ပါတယ်။


(၉) အံကြိတ်/ သွားကြိတ်တတ်ပါတယ်.။


အချို့ပြင်းထန်တဲ့ အခြေအနေများ မှာတော့ Hysteria ဖြစ်နေတဲ့သူဟာ ကျန်လူများကိုပါ တိုက်ခိုက်တတ်ပြီး သာမာန် အချိန်မှာ မလုပ်နိုင်တဲ့ လှုပ်ရှားမှုတွေကိုပါ လုပ်နိုင်ကြပါတယ်.။ 

ဘာကြောင့် ဒီလို ဖြစ်ရသလဲ........

စိတ်ပိုင်း ဆိုင်ရာ အရ ထိခိုက်မှု ရှိလာတဲ့ အခါမှာ ဖြစ်တတ်ပါတယ်.။ တစ်စုံတစ်ခု အပေါ်မှာ အလွန်အကြူးးယုံကြည်မိတဲ့ အခါ၊ အလွန်အကြူး ခံစားမိတဲ့အခါ ဖြစ်ပေါ်လာတတ်တာမျိုးပါ.။ 

များသော အားဖြင့် စိတ်ထားနူးညံ့ သလို အယုံလွယ် တဲ့အမျိုးသမီးများ မှာ အဖြစ်များပါတယ်။
လက်ရှိ မှာ သရဲပူးတယ် ဆိုတဲ့ မြောင်းမြက စာသင်ကျောင်းလေးက ဗွီဒီယို ဖိုင်တွေကို မြင်ရလို့ ရေးတာဖြစ်ပါတယ်.။ 

လူကြီးတွေကပါ လိုက်ယုံကြည့် အဲဒီလို အခြေအနေမျိုးမှာ ဆက်နေထိုင်နေရင် ကလေးတွေ ဒီ့ထက် ပိုဖြစ်လာမယ်လို့ မြင်မိပါတယ်။။


Credit to.. Htin Lin Htun


No comments:

Post a Comment