Thursday, November 3, 2016

လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ် ဆိုရင်




နံပါတ် (၂)

ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာ လ နဲ့ တူလို့ပါ.. လ ကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..

ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တတ်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ် ကို ယုံကြည်မှု အလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီး သုံးသပ် သင့်စရာတွေချည်းပဲ...

မင်းဟာ ခန့်မှန်းရခက်တဲ့ သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့ အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲ     တမ်းပြောင်းလဲနေတယ်..တစ်ကိုယ်ကောင်းဆန်ပြီး .. အနုပညာဘက်မှာ အားအတော် သန်တဲ့သူဖြစ် တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်.

မင်းရဲ့ အပြုအမှုတွေဟာ လ လို့ပဲ.. နေ အလင်းရောင် ပျောက်မှ လ ထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့ အချိန်ဆိုရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီ ဆိုရင် မင်းဟာ သူတို့ ဘ၀ထဲ  က ပျောက်ကွယ် သွားတတ်တယ်..

မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ် ။

(ကျနော် ဆိုလိုတာက မင်းရဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ) .

တစ်ကယ်လို့များ..ဘုရားတရား ကို နက်နက်ရှိုင်းရှိုင်း လုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူ တစ်ဦးပါ... အများစုသော မင်းရဲ့ စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တစ်ခါ တစ်ရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတတ်သူ တစ်ဦးပါ.

မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာ နယ်ပယ်မှာ ကျင်လည်မယ့်သူ တစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီး မယုံကြည်တတ်သူ တစ်ဦးပါ.. မင်းလက်ထပ်ပြီးတဲ့ အထိတောင် အဲဒီအတိုင်းပဲ ။

မင်းဟာ အချစ်အပေါ် သာမန်ပဲ ခံစားနေတတ်သူ တစ်ဦးပါ..
မင်းဟာ မိန်းကလေး ဆိုရင်တော့..မိသားစုမှာ တာဝန်သိ အမျိုးသမီးတစ်ဦးဖြစ်နေပါလိမ့်မယ်..


မင်းဟာ ယောကျာ်းလေးသာ ဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတတ်ပါတယ်..ဆိုလိုတာက.

မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူ တစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကြယ်တယ်..သူတစ်ပါးရဲ့ စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့ 2, 5, 9



No comments:

Post a Comment