Monday, December 5, 2016

အမျိုးသမီးအင်္ဂါ မပါဘဲ မွေးဖွားလာပေမဲ့ သာယာတဲ့ အိမ်ထောင်ရေးကို ရရှိနေသူ




ဒေဗန်မာ့ခ် ဟာ သူမ မှာ အမျိုးသမီး အင်္ဂါလမ်းကြောင်းမပါတာကို အသက် ၁၂ နှစ် အရွယ်ကျမှ သိခဲ့ရသူပါ။ ဒါ့အပြင် သူမ ရဲ့သားအိမ် ကလည်း ပုံမှန် မဟုတ်သလို သားအိမ်ခေါင်းလည်း ပါမလာခဲ့ပါဘူး။ 

Mayer-Rokitansky-Küster-Hauser syndrome လို့ခေါ်တဲ့ ယင်းရှားပါးရောဂါလက္ခဏာစုကြောင့် သူမမှာ ကျောင်းမှာ လှောင်ပြောင်သရော်ခံရပြီး ရည်းစားတွေ ရှောင်ဖယ်သွားတာကိုလည်းခံခဲ့ရပါတယ်။ 

သူမ အသက် ၁၃ နှစ် အရွယ်မှာ ပုံသဏ္ဌာန် မမှန်တဲ့ သားအိမ် ကို ဖယ်ထုတ် ခဲ့ပြီး သုံးနှစ် အကြာမှာတော့ အမျိုးသမီးအင်္ဂါ ဖောက်လုပ်ခဲ့ပါတယ်။ ယင်းအတွက် လိုအပ်တဲ့ အသားကို သူမရဲ့တင်ပါး က ရယူပြုပြင်ခဲ့တာ ဖြစ်ပါတယ်။

ခွဲစိတ်ပြုပြင်ပြီးမကြာခင်မှာ သူမ ရဲ့ချစ်သူနဲ့ အတူနေခဲ့ပေမဲ့ သူမရဲ့ အမျိုးသမီးအင်္ဂါ အတုဟာ တစ်ခြားအမျိုးသမီးတွေ နဲ့ မတူဘူးလို့ ထိုလူက ပြောခဲ့တဲ့ အတွက် သူမ မှာ အရှက်ရခဲ့ပြန်ပါတယ်။
သူများနဲ့ မတူဘူးဆိုတဲ့ ခံစားချက်နဲ့ အထီးကျန်နေခဲ့တဲ့ ဒီဗန် ဟာ အမေရိကန် စစ်တပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ထရန့်နဲ့ တွေ့မှသာ ပျော်ရွှင်မှုကို ခံစားခဲ့ရတာဖြစ်ပါတယ်။




အသက် ၂၃ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ဒေဗန် ဟာ လွန်ခဲ့တဲ့ ၅ နှစ် က ထရန့် နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခု သူမ ဟာ မမျိုးဥပေါက်ဖွားနိုင်တာကို သိရှိလိုက်ရတဲ့ အတွက် သူတို့နှစ်ယောက်ရဲ့ ရင်သွေးကို ရရှိနိုင်တဲ့ မျှော်လင့်ချက်လည်း ရှိနေပါပြီ။
"ကျွန်တော် ဒီဗန် အတွက် အရမ်း ဂုဏ်ယူတယ်။ ဒီအခြေအနေမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ ဆိုတာ အတော်ခက်ခဲပါတယ်။ သူ့ကို အားပေးဖို့ အတွက် သူ့ဘေးမှာ ကျွန်တော် ရှိနေရတာကို ဝမ်းသာမိတယ်" လို့ အသက် ၂၈ နှစ် အရွယ် ထရန့်က ပြောပါတယ်။
သူတို့နှစ်ဦးဟာ အငှား ကိုယ်ဝန်ဆောင်နဲ့ ကလေး ယူဖို့ စီစဉ်နေကြပါပြီ။

Source & Photos : Metro
http://www.duwun.com.mm/lifestyle/-id5849198.html


No comments:

Post a Comment