Sunday, January 1, 2017

အိမ်ထောင်တစ်ခုဟာ ပိုက်ဆံကြောင့် ပြိုကွဲတော့မှာလား ...... သိနိုင်တဲ့ အချက်(၅)ချက်



ငွေကြေးနဲ့ ပျော်ရွှင်မှု ကို မ၀ယ်နိုင်၊ ငွေကြေးဟာ မီးလို ပါဘဲ … အသုံးချတတ်ရင် အကျိုးရှိပြီး … အသုံး မချတတ် ရင်တော့ မိမိကိုယ်ကို ပြန်ပြီး လောင်တတ်ပါတယ်။ တစ်ချို့က ငွေကြေးနဲ့ လွဲမှားတဲ့ အရာတွေကို ၀ယ်ယူမိတတ်ကြပါတယ်။

 ငွေရှိရင် လုံးဝဥဿုံ      အဆင်ပြေတယ်လို့ ထင်ကြပါတယ်။ တစ်ကယ်တော့ ငွေကြေး နဲ့ စတင် ခဲ့တဲ့ အိမ်ထောင်ရေးတွေ ထဲမှာ ငွေ ကြေးကြောင့် ပျက်စီးခဲ့ရတဲ့ အိမ်ထောင်ဘက်တွေ အများကြီး ရှိပါတယ်။ 

ပိုက်ဆံကြောင့် ပြိုကွဲ ဖို့ ဦးတည်နေတဲ့ အိမ်ထောင်ရေး အခြေအနေ ကို Shwemom ရဲ့ အိမ်ထောင် သည် ပရိသတ်ကြီး အတွက် တင်ဆက်ပေးထားပါတယ်။

(၁) ငွေကိုသာ ဦးစားပေး ရှာမိနေရင်

တစ်ချို့က ငွေကို ဒုတိယ ဘုရားသခင် လို့ ယူဆကာ ကြိုးစား ပမ်းစား ရှာတတ်ကြပါတယ်။ တစ်ကယ်လည်း လောကကြီးမှာ ငွေသာ လက်ထဲမှာရှိရင် အစစ အရာရာ ပြည့်စုံသလောက် နီးပါး ပါဘဲ။ ဒါပေမယ့် ငွေကြေးချမ်းသာသူ အများစုဟာ ရှေးယခင်မှ ယခုအချိန်ထိ ငွေကြေးနဲ့ ပတ်သက်တဲ့ အိမ်ထောင်ရေး ကို တည်ဆောက်လေ့ ရှိပါတယ်။ ဒါပေမယ့် လှပတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ငွေကြေးကို ဦးစားပေးမိနေလို့ပါ။





(၂) ငွေကြေးကြောင့် ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ဘက်

စောစောက ပြောသလို၊ ကိုယ်တိုင်ကဖြစ်စေ … မိမိရဲ့ အိမ်ထောင်ဘက် က ဖြစ်စေ အိမ်ထောင်ဘက် ရွေးချယ်တဲ့ အခါ ငွေရေး ကြေးရေး ခိုင်မာမှု တစ်ခုတည်းကိုပဲ စဉ်းစားတယ် ဆိုရင် ဒါဟာ အနာဂတ် အလား အလာ မကောင်းနိုင်တဲ့ အခြေ အနေဖြစ်ပါတယ်။ အချိန်မရွေး ပြိုကွဲနို်င်တဲ့ သဘောရှိပါတယ်။

(၃) ငွေရေးကြေးရေး ပြိုင်ဆိုင်မှု နဲ့ အိမ်ထောင်ရေး အခြေအနေ

တစ်ခါတစ်လေ မှာတော့ လင်ကော မယားကော စီးပွားရှာ ရာမှာ အလွန်တော်နေတာမျိုးလည်း ရှိတတ်ပါ တယ်။ အစ ကတည်းက ဒီအချက်တွေကို အခြေခံပြီး အိမ်ထောင်ဘက် ဖြစ်ခဲ့ဖို့ များပါတယ်။ ဒါပေမယ့် ငွေကြေးဟာ လောဘ ကို ဘယ် တော့မှ မတင်းတိမ်စေပါဘူး။ 

တစ်ခုခု ရှာရင်း တစ်ခုခု ဆုံးရှုံးနေရတာ ဓမ္မတာပါဘဲ။ ငွေကြေးနောက်ကို ကောက်ကောက်
ပါအောင် လိုက်လေ … လင်နဲ့ မယားကြား တွေ့ထိချိန် နည်းပါးပြီး ဆက်ဆံရေး အေးစက်လေပါဘဲ။

(၄) အချင်းချင်း ငွေးရေးကြေးရေးကို စေးကပ်ခြင်း/မသထာခြင်း


တစ်ခါတစ်ရံကျပြန်တော့ အိမ်ထောင်တစ်ထု ရပ်တည်ဖို့ လင် သို့မဟုတ် မယားရဲ့ လုပ်အားခ တစ်ခုတည်းကိုပဲ အားကိုးနေရတဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ ဒီအခါမှာ ငွေးကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ အပေါ် သဘောထားကွဲလွဲမှုတွေ တစ်နည်း မဟုတ် တစ်နည်း ကြုံလာရဖို့ ရှိပါတယ်။ ဒါကလည်း အိမ်ထောင်ရေး တစ်ခု အတွက် မကောင်းနိုင်ပါဘူး။

(၅) ငွေရေးကြေးရေး အရ စကား ခဏခဏ များရတဲ့အခါ




များသော အားဖြင့် အခြေခံ လုပ်ခလစာ နည်းပါးတဲ့ မိသားစုတွေ၊ ဒီကြားထဲမှာ စားစရိတ် ပိုကြီးစေတဲ့ သားသမီးအခြွေရံ များတဲ့ မိသားစုတွေဟာ ဘယ်တော့မှ ပြေလည်လေ့ မရှိပါဘူး။ ပိုဆိုးတဲ့ အခြေအနေ က တစ်စုံ တစ်ယောက် ရဲ့ လုပ်အားခကို တစ်ရက်တာ အသုံးစရိတ်အဖြစ် အနိုင်နိုင် လည်ပတ်နေရတဲ့ အိမ်ထောင်ရေးဆို တကျက် ကျက် ရန်ဖြစ်ရတတ်ပါတယ်။ ရန်ဖြစ်တိုင်း မကောင်းပါဘူး။ ရန်ဖြစ်တိုင်း ပြန်ချစ်စေတာ မဟုတ်ပါဘူး။


နတ်စည်တော် (Shwemom)

No comments:

Post a Comment