Saturday, January 14, 2017

ပြုစားခြင်း အတတ် အပါအ၀င် ပထမဆုံး မှော်ပညာ သင်တန်းကျောင်း ရန်ကုန်တွင် ဖွင့်လှစ်



အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နှင့် အရှေ့တိုင်း ရုပ်သွင်း နာမ်ထား ပညာရပ်များကို လူတိုင်း ၏ ကောင်းကျိုး အတွက် အသုံးပြုနိုင်ရန်နှင့် အန္တရာယ် ကာကွယ်နိုင်ရန် အတွက် သင် တန်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း Wizardry School of Myanmar မှော်ကျောင်းတော်  (မြန် မာပြည်) မှ ဆရာလင်းညှို့တာရာ က News Watch သို့ ပြောသည်။

အရုပ် အပ်စိုက်ခြင်း ဗူးဒူး ပညာရပ်သည် အများအားဖြင့် အောက်လမ်း ပညာဟု အယူ စွဲနေခြင်းကြောင့် ဂမ္ဘီရ မှော်ပညာ အမှန်တစ်ကယ် ရှိကြောင်းနှင့် အရုပ် အပ်စိုက်ခြင်းနှင့် ဗူးဒူး ဆိုင်ရာ အခြား ပညာ များသည် ကောင်းသည့် ဘက်တွင် အသုံးပြုနိုင်ကြောင်းနှင့် အဆိုပါ ပညာများကို လက်ဆင့် က မ်း သဘောဖြင့် သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


” လူ အများစုက ဗူးဒူး လို့ခေါ်တဲ့ ပညာရပ်ကိုအောက်လမ်း ပညာ လို့ အယူ စွဲနေတယ်။ ဒါက ပညာ ရပ် တစ်ခုပါ။ ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်နိုင်ပါတယ်။ သင်တန်း မှာတော့ မကောင်းတဲ့နည်းလမ်းကို သင်ပြတယ်။ သူ့ရဲ့ ဆိုးကျိုးတွေပါ ရှင်းပြတယ်။ လက်ရှိမှာ သင်ပေးနေတာ ကတော့ အာဖရိက မျိုးနွယ်စု ရဲ့ ဗူးဒူး ပညာရပ် နဲ့ အခြား ပညာရပ်တွေကို သင်ကြားပေးနေတယ်” ဟု ဆရာလင်းညှို့တာရာ က ပြောသည်။


ဗူးဒူး ပညာရပ် သည် မမြင်ရသည့် ၀ိညာဉ် များဖြင့် စီမံ လုပ်ကိုင် ရခြင်းဖြစ်သောကြောင့် စီမံမှု လုပ်ချိန် တွင် သက် သတ်လွတ်သာ စားသုံးရန် သင့်ပြီး အဆိုပါ ပညာဖြင့် သူတပါး ထိခိုက်နာကျင်မှု ကို နုတ် ယူနိုင်စွမ်း ရှိသော စီရင်ထုံး ပညာရပ် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။


”သင်တန်း ကို မှတ်ပုံတင်တော့ မတင်ရသေးဘူး။ အသေးစားဖြစ်နေလို့။ နောက်ပိုင်းမှာတော့ ဆောင်ရွက် သွားမှာပါ။ လုပ်တာကြာပါပြီ။ လာရောက် ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း နဲ့ အခြားပြဿ       နာတွေ မကြုံတွေ့သေးဘူး။ အုပ်ချုပ်ရေးမှူးး လည်း သိတယ်” ဟု ၎င်း က သင်တန်းဖွင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။






သင်တန်း ကို ဆရာ လင်းညှို့ တာရာနှင့် ဆရာလပြည့်ဝန်း တို့မှ ဦးဆောင် သင်ကြားပြသပေးလျက် ရှိပြီး အရှေ့တိုင်း ရုပ်သွင်း နာမ်ထား သင်တန်းအောက်တွင် .........


(၁) ရုပ်သွင်း နာမ်သွင်း ပညာ၊ 

(၂) မြန်မာ့ ရိုးရာ ဓာတ် တိုက်နှင့် နတ် ပညာအချို့ 
(၃) မြန်မာ့ အရုပ်ပညာ 
(၄) အရုပ် အပ်စိုက်ပညာ 
(၅) နာမ်သွင်းဆေး အတတ်ပညာ  
(၆) နာနာရုပ် အတတ်ပညာ 
(၇) သပြေချိုး အပင်ခုတ် ပညာ 
(၈) အကာအကွယ် ပညာ 
(၉) ပြုစားခြင်း အတတ်ပညာရပ် များ သင်ကြားပေးသွားမည်ဖြစ်သည်။

ဗူးဒူး ပညာရပ်အောက်တွင် ................

(၁) ရိုးရာ အာဖရိက ဗူးဒူး သမိုင်း၊ 
(၂) ဗူးဒူး ဆိုင်ရာ စိတ် ပညာ၊ 
(၃) ဗူးဒူး ဆိုင်ရာ ဖယောင်းတိုင် မှော်ပညာ၊ 
(၄) ဗူးဒူး ဆိုင်ရာ မန္တန် အတတ်ပညာ၊ 
(၅) ဗူးဒူး ဆိုင်ရာ အင်း  စမ အတတ်ပညာ၊ 
(၆) ဗူးဒူး ဆိုင်ရာ အတိုက် အခိုက် အနက်ရောင် မှော်ပညာ၊ 
(၇) ဗူးဒူး ရုက္ခအပင် မှော်ပညာ၊ 
(၈) ၀ိညာဉ် လောက နမ်ပညာ၊ 
(၉) အနာဂတ်ဟော ပညာနှင့် အဆောင်ပြုလုပ်ခြင်း ပညာများ ကို သင်ကြား ပေးမည်ဖြစ်ကြောင်း သိရ သည်။ 

သင်တန်း အပတ်စဉ် (၁) ပြီးမြောက်ခဲ့ပြီး သင်တန်းအပတ်စဉ် (၂) စတင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ အပတ်စဉ် (၁)တွင် သင်တန်းသား ၂၀ ကျော်ဖြင့် သင်တန်း ဆင်းခဲ့ကြောင်းနှင့် အသက် အရွယ် အပိုင်းခြား အရ အသက် ၂၀ ကျော် အရွယ်များ လာရောက် သင်ကြားမှုများကြောင်း သိရသည်။


သင်တန်း ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပေါက်တောဝ အနီး ဖန်ချက် စက်ရုံလမ်း (၁၅/က)၊ မုဒိတာ အိမ်ရာ (၂) အမှတ် ၂ဗ-၁၇၂ တွင် ဖွင့်လှစ်ထားပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ရက် သတ္တ လေးပတ်ကြာ သင်ကြား သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကြေး အဖြစ် သုံးသောင်း ကျပ် သာ ကောက် ခံသွား မည်ဖြစ်ကြောင်း သိရသည်။


Source
ကျော်ကျော်

No comments:

Post a Comment