Monday, January 9, 2017

လူသိနည်းတဲ့ ဆန် ရဲ့ လျှို့ဝှက်ချက်များ




ဆန် ဆိုတာ စာရေးသူတို့ အာရှတိုက်သားတွေ အတွက်တော့ အဓိက အစားအစာ တစ်ခုပါ။ နေ့စဉ် မပါ မဖြစ် စားကြသလို အဆာပြေ မုန့်ပဲသရေစာတွေမှာလဲ ဆန် ပါဝင်တာကိုကြည့်ရင် သိနိုင်ပါတယ်။

 ရွေးချယ်စရာ အစားအသောက် များတဲ့ ဒီနေ့ခေတ်ကြီးမှာတော့ ထမင်းအပြင် တစ်ခြား ရွေးချယ်စရာတွေ ရှိတယ် ဆိုပေမယ့် ထမင်း ကတော့ တွဲဖက် အနေနဲ့ စားနေကြဆဲပါ။ တစ်ချို့ဆို တစ်ခြား အစား အသောက်တွေ ဘယ်လောက်ပဲ စားထားပါစေ ထမင်း စားလိုက်ရမှ ကျေနပ်တဲ့ သူတွေရှိပါတယ်။

ဆန်ပေါ်ပေါက်လောက်တဲ့ သမိုင်းကြောင်းဟာ နှစ်ပေါင်းထောင်ကျော် သက်တမ်း ရှိပြီလို့ မှတ်သား ရပါ တယ်။ လေ့လာချက်တွေ အရတော့ တရုတ်ပြည်မှာ ဆန်ကို ပထမဆုံး စိုက်ပျိုးခဲ့တာ နှစ်ပေါင်း ၆ ထောင်ကျော် သက်တမ်း ရှိနေပါပြီ။ 

မကြာသေးမီက လေ့လာချက် မှာတော့ ဆန်မျိုးစေ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ ထောင်ကျော် ကတည်းက တွေ့  ရှိခဲ့ကြတာပါတဲ့။ အာရှနိုင်ငံတွေ ကနေ တစ်ဆင့် နောက်ပိုင်းမှာ ဥရောပ၊ အီဂျစ်၊ အိန္ဒိယ၊ အမေရိက နဲ့ သြစတြေးလျနိုင်ငံတွေ အထိ ကမ္ဘာ တစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။
  

ဆန်မှာလည်း အမျိုးအစား အများကြီးရှိပါတယ်။ ဆန်လုံးရှည် က ပေါ့ပေါ့ပါးပါး နဲ့ အဆီ နည်းပါတယ်။ လူ သိ များတဲ့ စံပယ်အနံ့ ထိုင်းဆန် နဲ့ အိန္ဒိယ၊ ပါကစ္စတန်တို့မှာ စားတဲ့ ဘာ့စ်မာတီ ဆန်တွေက ဆန်လုံးရှည် မျိုးဝင်တွေပါ။ 

အနေတော် ဆန်စေ့ အမျိုးအစား ကတော့ ချက်လိုက်တဲ့ အခါ တစ်ခြားဆန်တွေထက် အမြှုပ် ပိုထွက်ပြီး ဆူရှီ တို့လို ဂျပန် အစားအစာ လုပ်တဲ့နေရာမှာ အသုံးများပါတယ်။ ဆန်လုံးသေး အမျိုးအစား ကတော့ တခြား ဆန်တွေထက် ပိုစေးပြီး အီတလီ နဲ့ စပိန်ချက်ပြုတ်နည်းတွေမှာ ထည့်သုံးကြပါတယ်။



ဆန် ကို မြင်နေကျ အဖြူရောင် မဟုတ်ပဲ နောက်ထပ် အမျိုးအစားခွဲတွေလည်း ရှိပါသေးတယ်။ တရုတ်ပြည်မှာ ခရမ်းရောင် ဆန်လို့ လူသိများတဲ့ ငချိပ်ဆန်၊ နောက်ထပ် ဘာ့စ်မာတီ ဆန် နီညို ရောင်နဲ့ မြောက်အမေရိကား နဲ့ တရုတ်ပြည်မှာ စိုက်ပျိုးလေ့ရှိတဲ့ wild rice တွေပါ။ 

အဖြူရောင်ဆန် နဲ့ ဆန်လုံးညိုတွေဟာ အရောင်ပဲ ကွဲပြားတာ မဟုတ်ပါဘူး။ အာဟာရ တန်ဖိုးချင်းလည်း မတူပါဘူး။ ဆန်လုံးညို အမျိုးအစားတွေက ကျန်းမာရေးအတွက် ပိုကောင်းပြီး အာဟာရလည်း ပိုဖြစ်သလို အမျှင်ဓာတ်လည်း ပိုများပါတယ်။

စာရေးသူတို့ နေ့စဉ် စားသုံးနေတဲ့ ထမင်းရဲ့ အဓိက အာဟာရ တန်ဖိုးတွေ ကတော့ ကိုယ်လက် လှုပ်ရှားဖို့ အားဖြစ်စေတဲ့ ကာဗွန်ဟိုက်ဒရိတ်၊ ကြွက်သား သန်မာပြီး ကြီးထွား ဖွံ့ဖြိုးဖို့ အမိုင်နိုအက်စစ်၊ ကိုယ်ခံ အားကောင်းစေတဲ့ မဂ္ဂနိစ် တို့ ပါဝင်ပါတယ်။ 

တစ်ခြား အကျိုးကျေးဇူးတွေ ကတော့ အစာခြေ စနစ်ကောင်းစေပြီး၊ ယောင်ရမ်း တာတွေကို လျော့ကျစေ ပါတယ်။ သက်သက်လွတ် သမားတွေ အတွက် သင့်တော်သလို အရောင်၊ အနံ့၊ အရသာတွေ ထပ်ဖြည့် မထားလို့ ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။

ဆန်လုံးညိုတွေမှာ စောစောကပြောခဲ့ သလိုပဲ အမျှင်ဓာတ် ပါဝင်မှုများ သလို ဗီတာမင် နဲ့ ပရိုတင်းဓာတ်တွေ အပြည့်အ၀ ပါဝင်ပါတယ်။ လေ့လာချက်တွေ အရတော့ ဆန်လုံးညိုတွေက ကင်ဆာ ဆဲလ်ဖြစ်နိုင်မှုကို ကာ ကွယ်ပေးသလို ကိုလက်စထရော ကိုလည်း လျော့ချပေးပါတယ်။

 နောက်ထပ်တွေ့ရှိချက်တွေ အရ အဲလ်ဇိုင်းမား ဖြစ်နိုင်ချေကို လျော့ကျစေတဲ့ အပြင် အက်စမာ နဲ့ ဓာတ် မတည့် ယားယံတာတွေကို သက်သာစေပါတယ်။ အာရုံကြောစနစ် ကိုလည်း ပိုကောင်းအောင် မြှင့်တင်ပေးနိုင် ပါတယ်။

ငချိပ်ဆန် မှာ အစေးနဲ့ မစေးတာ ဆိုပြီး ၂ မျိုး ရှိပါတယ်။ တခြားဆန်တွေ ထက် antioxidant အမြင့် ဆုံးဖြစ်လို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေး သန့်စင်စေပါတယ်။ 

 နောက် ဆုံး တစ်မျိုးဖြစ်တဲ့ wild rice ကတော့ စပါးနှံ မျိုးနွယ်ဝင် မဟုတ်ပဲ မြက်မျိုးနွယ်ပါ။ ပုံမှန် ဆန်ထက် အချိန်ကြာကြာ ပိုချက်ရပြီး အရသာလည်း ပိုဆိမ့်ပါတယ်။ ဆန်လုံးညို ထက် အဆ ၂၀ အမျှင်ဓာတ် ပိုများပြီး ပုံမှန်ဆန် အဖြူထက် အဆ ၃၀ antioxidant ပိုများတယ်လို့ သိရပါတယ်။ 

wild rice တွေဟာ ဈေးကွက် ထဲမှာ မြင်တွေ့ရခဲပြီး စိုက်ပျိုးမှု မရှိသလောက် ရှားတာမို့ ဈေးလည်းမြင့် ပါတယ်။ အလှအပ အတွက် ဆန်ဆေးရည်ကို တိုနာ အဖြစ် သုံးကြသလို ဆံပင် သန်စွမ်းပြီး ဆံသား မည်း နက်အောင်လည်း အသုံးများတယ်လို့ မှတ်သားရပါတယ်။ 

 နောက်ပိုင်း facial mask အဖြစ်ရော၊ တခြား skin care products တွေမှာပါ သုံးစွဲ လာတာတွေ့ရပါတယ်။ အာဟာရလည်းဖြစ်၊ အသားအရေ အတွက်လည်းကောင်းမွန်စေတဲ့ ဆန် ရဲ့အကျိုးကျေးဇူးတွေကို  လေ့လာ စရာ အဖြစ် စုစည်းဖော်ပြပေးလိုက်ပါတယ်။


Ref: Asian Beauty Secrets
Source 

No comments:

Post a Comment