Saturday, February 11, 2017

ဝိပဿ နာ ရှုတဲ့အခါမှာ ပညတ်နဲ့ ပရမတ် မကွဲသူတွေ အတွက်



ဝိပဿ       နာ ရှုတဲ့ အခါမှာ ပညတ် နဲ့ ပရမတ် မကွဲသူတွေ အတွက် ဆရာတော်ဘုရားကြီး က ထိထိရောက်ရောက် ရှင်းပြထားလို့ တရား အားထုတ်နေသူတွေ အတွက်ရော လေ့လာနေသူ အတွက်ပါ တစ်ကယ် အကျိုးမျာြး့ပီး ဗဟုသုတရတဲ့ ပို့စ်ဖြစ်တယ်။ 

ပရမတ် ကို မြင်မှ အနတ္တလက္ခဏာ ပေါ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ပရမတ် ကို ဘယ်လိုမြင်လို့ အနတ္တ လက္ခဏာ ဘယ်လိုပေါ်လာတယ်ဆိုတာ အခု ဒီအမေးအဖြေမှာ ဆရာတော်ဘုရားကြီးက မျက်စိထဲမှာ ရှင်းရှင်းလင်းလင်း မြင်ယောင်မိအောင် ရှင်းပြထားပါတယ်။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း နားယဉ်နေပြီးသား ဖြစ်ပေမဲ့ အခု ဒီမေးခွန်းကို ဖြေဆိုရာမှာ ဆရာတော် ဘုရား ရှင်းသလို အချက်အလက် မှန်ကန်ပြီး ကျမ်း အကိုးအကား တိတိကျကျ ရှင်းပြတာ  ကြားနာရခဲပါတယ်။ ဆရာတော်ဘုရားကြီရဲ့ ပညတ် နဲ့ ပရမတ် မရောအောင် ပရမတ် ရုပ်၊ ဈာန် နာမ်တရား၊ ၀ိပဿ         နာ၊ ခဏိက သမာဓိ ဆိုတာ ကို နားလည်အောင် ရှင်းရှင်း လင်းလင်း ပြောပြထားလို့ ပီတိသောမနဿ အပြည့် နဲ့ လေ့လာမှတ်သားနိုင်ပါတယ်။
ခဏိက သမာဓိ ဆိုတာကို ဆရာတော်ဘုရား ရှင်းပြထားတာ အသံ သိပ်မရှင်းတော့ ကျွန်မ ထပ်ခါ ထပ်ခါ ပြန် ရစ်ပြန်နားထောင်ယူရလို့ ဒီပို့စ် ဟာ အချိန် အများဆုံး ပေးရတဲ့ ပို့စ်ဖြစ်ပေမဲ့လည်း အချိန်ကုန်ရကျိုး နပ်ပါတယ်။
ဆရာတော်ဘုရားကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ နဲ့ သက်တော်ရာကျော်တိုင်အောင် သာသနာပြုနိုင်ပါစေ။ Nge Naing)
အမေး အဖြေ
ယောဂီရဟန်း တစ်ဦးအမေး။ ။ လျှောက်ပါရစေဘုရား၊ တပည့်တော်တို့ မုံရွာ တရားစခန်း သွားစဉ် အခါ တုန်း က ဒကာ တစ်ယောက်နဲ့ တစ်ခြား ဒကာတစ်ယာက် စကားပြောနေတာကို တပည့်တော်တို့ တရား နာနေရာ ကနေ ကြားရပါတယ်ဘုရား။ အဲဒါက ဘာလဲဆိုရင် ၀ိပဿ       နာခေတ်ကြီးထဲ ရောက်နေပြီ ဘုန်းကြီးတွေက ဘာဖြစ်လို့ သမထတွေ လျှောက်လျှောက်ဟောနေတာလဲ မသိဘူးလို့ ပြောဆိုနေကြတယ်။ 

သို့သော် တပည့်တော်တို့ဆီက စကားဝိုင်းလည်း မဟုတ်တဲ့ အတွက် တပည့်တော်တို့ အနေနဲ့ ဘာမှ ပြန်ပြီးရှင်းပြခွင့် မရခဲ့ပါဘူး။ အဲဒီတော့ သမထ ကမ္မဋ္ဌာန်းက မြတ်စွာဘုရား ဟောခဲ့တဲ့ ကမ္မဋ္ဌာန်းလို့ နားလည်ပေမဲ့ အားလုံးရဲ့ သန္တာန်မှာ သမထ ကမ္မဋ္ဌာန်း အားထုတ်ရင် သာသနာပဲ ပျက်တော့ မလိုလို သာသနာပြင်ပရောက် မှာ လိုလို ဒီလို ပြောနေကြပါတယ်။ အဲဒီဟာ အတွက် ဆရာတော် ဘုရားမှ အဖြေပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။
ဖားအောက် ဆရာတော် ဘုရားအဖြေ။
သစ္စာလေးပါး ကို ဟုတ်တိုင်း မှန်စွာ သိရှိရေး အတွက် သမထ ကို ပွားများရခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ပွားများရသလဲ လို့ ဆိုရင်တော့ မဂ္ဂင် ရှစ်ပါး စုံညီပါမှ နိဗ္ဗာန်ရမယ် ဆိုတာကို သဘောပေါက် လက်ခံနိုင်ခဲ့ မယ် ဆိုရင် မဂ္ဂင်ရှစ်ပါး ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ သမ္မာသမာဓိ ကို နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခုအဖြစ် လက်ခံဖို့ လိုအပ်ပါတယ်။ 

ဘာဟာ သမ္မာဓိ ခေါ်ဆိုထိုက်သလဲ ဆိုတာ နဲ့ ပတ်သက်လို့ နာမည်ကျော်ဖြစ်တဲ့ ဒီ မဟာနိဒါန သုတ္တန်မှာပဲ ဘုရားရှင် ကိုယ်တော်တိုင်က ပထမဈာန် ကနေ စတုတ္ထဈာန် အထိ သမာဓိ တစ်ခုစီကို သမ္မာသမာဓိ လို့ ခေါ် ဆိုကြောင်း အတိအကျ ရှင်းလင်းတင်ပြပြီး ဟောကြားတော်မူခဲ့ပါတယ်။
(သမာဓိမှာ) အဆင့်အတန်း နိမ့်တဲ့ ကာမာဝစရ သမာဓိ (သို့) ဥပဇာရသမာဓိက တစ်မျိုး၊ 
ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ခေါ်ဆိုရတဲ့ ရူပါဝစရသမာဓိက တစ်မျိုး၊ 
အာကာသာနဉ္စာယတန ဈာန်၊ ၀ိညာဏဉ္စယတန ဈာန်၊ အာကိစဉ္စာယတန ဈာန်၊ နေ၀သညာနာသညာယတန ဈာန်လို့ ခေါ်ဆိုရတဲ့ အရုပ ဈာန် သမာဓိက တစ်မျိုး သမာဓိ (၃) မျိုးရှိပါတယ်။ 

ထို သမာဓိ သုံးမျိုးထဲကနေပြီးတော့ ဘုရားရှင်က အလယ်ခေါင်မှာ တည်ရှိနေတဲ့ ရူပါဝစရ ဈာန်သမာဓိ ကို ကိုင်ပြီးတော့ မြှောက်ပြလိုက်လျှင် အစဖြစ်တဲ့ ဥပစာရ သမာဓိခေါ်တဲ့ ကာမါဝစရ သမာဓိ၊ အဆုံးဖြစ်တဲ့ အရူပါဝစရသမာဓိတွေကိုလည်း သိမ်းကျုံးပြီး ယူငင်ရတဲ့ နည်းစနစ်အားဖြင့် ဘုရားရှင်က ဟောကြားသွားတာကို တွေ့ရှိရပါတယ်။



အဲဒီတော့ ထို ပုဂ္ဂိုလ်တွေကို မဂ္ဂင်ရှစ်ပါး ကို နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ် အဖြစ် လက်ခံပါ သလားလို့ မေး ကြည့် ပါ။ မေးကြည့်လို့ မဂ္ဂင်ရှစ်ပါး ကို နိဗ္ဗာန်ရောက်ကြောင်း တရားအဖြစ် လက်ခံနိုင်တယ်ဆိုရင် မဂ္ဂင်ရှစ်ပါးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ သမ္မာသမာဓိ ကိုလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်အဖြစ် လက်ခံနိုင်ပါသလားလို့ ထပ်ပြီးမေးသင့်ပါတယ်။ မေးလိုက်တဲ့ အချိန်မခါမှာ သူတို့က လက်ခံနိုင်ခဲ့တယ် ဆိုရင်တော့ ဒါအဖြေက ပေါ်နေပြီးသား ဖြစ်သွားလိမ့်မယ်။
သူတို့ဆီက အများစုက အကြောင်းပြတာက ၀ိပဿ      နာ  ဆိုတာ ခဏိကသမာဓိ နဲ့ သွားရပါတယ် ဆိုပြီး ဒီလိုအကြောင်းပြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တပည့်တော် နည်းနည်း အတိုကောက် ပြောရမယ်ဆိုရင် (ပါဠိရွတ်) စတဲ့ ထိုထို သုတ္တန်တွေမှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ အတိုင်း .....

ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာခေါ်တဲ့ သစ္စာလေးရပ် တရားမြတ်ကို သမ္မာဓိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးဖေါက်ပြီး ဟုတ်တိုင်းမှန်စွာ မသိခဲ့ဘူးဆိုရင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်အောင် ပြုလုပ်ကြခြင်းငှာ ဘယ်လိုမှမစွမ်းဆောင်နိုင်ပါဘူးလို့ ဒီလိုဘုရားရှင် ဟောထားတော်မူတဲ့အတွက် သစ္စာလေးပါးကို နိဗ္ဗာန်ရောက်ကြောင်းတရားအဖြစ် လက်ခံနိုင်ခဲ့မယ်ဆိုရင်တော့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိမြင်လိုတဲ့ ပုဂ္ဂိုလ်က နိဗ္ဗာန် ကို အလိုရှိတဲ့ (သို့မဟုတ်) အရဟတ္တမဂ် အရဟတ္တဖိုလ် ကို အလိုရှိရင် သစ္စာလေးပါး ကို ဟုတ်တိုင်းမှန်စွာ သိမြင်အောင် ကြိုးစား အားထုတ်ရမှာ ဖြစ်တယ်။ ဒီသစ္စာလေးပါးကို လက်မခံနိုင်ဘူး ဆိုသူတွေကိုတော့ ရှေ့ဆက်ပြီး စကားပြောဖို့ တော်တော်လေး ခက်ခဲပါတယ်။
ဒီတော့ ဒီ သစ္စာလေးပါးထဲမှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ က ၀ဋ သစ္စာ ၊ နိရောဓသစ္စာ နဲ့ မဂ္ဂသစ္စာက ၀ိဝဋ သစ္စာ ဆိုပြီးနှစ်မျိုး ရှိတဲ့အနက်က ၀ဋ သစ္စာသာလျှင် ၀ိပဿ       နာ ဘ၀နာ  စည်းဖြန်းခြင်း ပြုလုပ်ရမယ်တဲ့။

 နိရောဓ သစ္စာနှင့် မဂ္ဂသစ္စာ ဆိုအပ်တဲ့ ၀ိဝဋသစ္စာ မှာ ၀ိပဿ       နာ ဘ၀နာကမ္မဋ္ဌာန်း စီးဖြန်းခြင်း မပြုလုပ်ရဘူးလို့ ဒီလိုဆုံးဖြတ်ထားပါတယ်။ 

() အဋ္ဌကထာ မှာ ဆုံးဖြတ်ထားတဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။ အဲဒီတော့ ၀ိပဿ       နာ ဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပာယ် ကို ဒုက္ခသစ္စာ သမုဒယသစ္စာ ခေါ်ဆိုအပ်သော အသင်္ခါရ ဓမ္မတွေ ကို အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တ ပဲလို့ အမျိုးမျိုးသော အခြင်းအရာ အားဖြင့် ရှုပွား သုံးသပ်တတ်တဲ့ ဉာဏ် ကိုသာလျှင် ၀ိပဿ      နာလို့ ခေါ်ဆိုပါ တယ်။ ဒီတော့ ၀ိပဿ      နာ   ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုမှ နားမလည်တဲ့ ပုဂ္ဂိုလ်တွေကို ရှင်းလင်း တင်ပြနေရတာ အတော်လေး ခက်ခဲပါတယ်။
ဒုက္ခသစ္စာ က ဘာလဲ၊ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာ ဒုက္ခာ ဆိုတဲ့ အတိုင်း ဥပဒါန ခန္ဓာ ငါးပါး ဟာ ဒုက္ခသစ္စာဖြစ်တယ်။ ဒီ ဥပါဒါန ခန္ဓာငါးပါးကို အကျဉ်းချူပ် လိုက်တော့ ရုပ်တရား၊ နာမ်တရားဖြစ်တယ်။ 

ရုပ်တရား တို့ မည်သည်မှာ ရုပ်ကလပ် အမှုန်လေးတွေ အဖြစ် ရှိတယ်၊ ဒီ ရုပ်ကလပ်တို့သည် အသေးဆုံး အဆင့် ရုပ်တရား မဟုတ်သေးဘူး။ ဒီ ရုပ်ကလပ်တွေကို ဓာတ်ခွဲကြည့်လိုက်တဲ့အခါမှာ ရုပ်ကလပ်တစ်ခုစီမှာ ပါရှိတဲ့ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ အဆင်း၊ အနံ့၊ ရသ၊ သြဇာ စသည့် သဘောတရားလေးတွေကသာ ရုပ်ပရမတ်တရား ဖြစ်တယ်။ 

ဒီ ရုပ်ကလပ်လေးတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘောကို အနိစ္စ၊ ဖြစ်ခြင်း ပျက်ခြင်း ရဲ့ အနှိပ်စက် ခံနေရတာကို ဒုက္ခ၊ မပျက်စီးဘဲ အစိုင်အခဲ အခိုင်အမာ ဖြစ်တဲ့ အတ္တမရှိတဲ့သဘောကိုမြင်ရတဲ့ အတွက် အနတ္တ ဒီလိုရှုပွားသုံးသပ်တတ်တဲ့ ဥာဏ်ကိုသာလျှင် ၀ိပဿ        နာလို့ ခေါ်ပါတယ်။ 

အဲဒီ ၀ိပဿ       နာ  ကို သူတို့က ခဏိက သမာဓိ နဲ့ သွားလို့ရတယ် ဈာန် သမာဓိတွေ ထူထောင်ဖို့ မလိုဘူးလို့ သူတို့ပြောတယ်။ အဲဒီ ပြောတဲ့ ပုဂ္ဂိုလ်က ဘုရားဟောတဲ့ ဒီရုပ်၊ ဘုရားဟောတဲ့ ဒီနာမ်၊ ဘုရားဟောတဲ့ ဒီ အကြောင်းအကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သမုဒယ သစ္စာတရားကို သေချာသိပြီးတော့ ၀ိပဿ       နာ ရှုနေပါသလားလို့ မေးကြည့်မယ် ဆိုရင်တော့ မသိဘဲနဲ့ သူက ရှုနေပါတယ်။ ဒီလို မသိဘဲနဲ့ ရှုနေတဲ့ဝိပဿ      နာ  ဆိုတာ ဘုရားရှင်ပြောတဲ့ ၀ိပဿ         မဟုတ်ဘူး လို့ ပြောလို့ရနိုင်ပါတယ်။
သို့သော် ဒီ ခဏိကသမာဓိ နဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ အာနာပါနသတိ ဘာဝနာ ခန်းမှာ    စတုက္ကာ လေးပါး ကို အခြေခံပြီးတော့ အဋ္ဌကထာ က ရှင်းလင်းတင်ပြထားတာ ရှိပါတယ်။ (ပါဠိ) စသည်ဖြင့် ဘုရားရှင်က ဒီလိုဟောကြားတော်မူတဲ့ အာနာပါန စတုက္ကာတစ်ခု ရှိပါတယ်။ 

စိတ်ကို ကောင်းကောင်းထားပြီးတော့ အသက်ရှူ  ဖို့ ဘုရားရှင်က ဟောပါတယ်။ စိတ်ကို ဘယ်လို ကောင်းကောင်း ထားပြီး အသက်ရှူရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာ က ရှင်းထားပါတယ်။ အာနာပါန ကို (ပ-စ) ဈာန်သမာဓိတွေ ဆိုက်တဲ့ အထိ ရောက်အောင် ရှုပွား သုံးသပ်နိုင်တဲ့ ပုဂ္ဂိုလ် က ထို ဈာန်သမာဓိ ရဲ့ အရှုခံအာရုံ အဖြစ် ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂ နမိတ်ကဲ့သို့သော နမိတ် အာရုံပေါ်မှာ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်အောင်ထားပြီးတော့ (ပ၊ ဒု၊ တ၊ စ) ဈာန် တစ်ခုခုဝင်စားပြီး အသက် ရှူနေတယ်။ ထို ပုဂ္ဂိုလ်သည် သမထ ပိုင်းမှာ ဘာဝနာစိတ် ကို အရှုခံ အာရုံပေါ်မှာ ကောင်းစွာထားပြီးတော့ အသက်ရှူနေသည် မည်တယ်လို့ ဒီလိုရှင်းထားပါတယ်။
သို့သော် ၀ိပဿ        နာပိုင်း ရောက်လာတဲ့ အချိန်မှာကျတော့ ပထမဈာန် မှ ထပြီးတော့ ဒီ ဈာန်နာမ် တရားတွေ ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ ယာဉ်သုံးပါး တင်ပြီး ရှုတယ်။ ဒု-စ ဈာန်တွေကိုလည်း ၀င်စားပြီးတော့ ဈာန် မှ ထတိုင်း ထတိုင်း ဒီ ဈာန်နာမ် တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာယာဉ် သုံးပါး တင်ပြီးရှုတယ်။ 

အဲဒီလို ရှုပွား သုံးသပ်တဲ့အခါမှာ ၀ိပဿ      နာပိုင်း၌ ဘာဝနာစိတ်ကို အရှုခံ အာရုံအပေါ်၌ ကောင်းစွာ ထားပြီးတော့ အသက်ရှူနေသည် မည်ပါတယ် လို့ ရှင်းလင်းပြီး အဲဒီမှာ ထူးထူးခြားခြားလေး တစ်ခု ထပ်ဖွင့်တာကတော့ ခဏိက စိတ္တေကဂ္ဂတာ ဆိုတဲ့ အကြောင်းဖြစ်တယ်။ အဲဒီမှာ ခဏိက စိတ္တေကဂ္ဂတာ နဲ့ ပတ်သက်ပြီး အဋ္ဌကထာ က ဘယ်လို ဖွင့်ထားတာလဲ မေးတော့ မဟာ() ဆရာတော် ကလည်း ထပ်ပြီးရှင်းထားပါ တယ်။
ဒီတော့ ဒီအဋ္ဌကထာ ဋိကာနှစ်ခုရဲ့ ရှင်းလင်းချက်နဲ့ ပတ်သက်ပြီးတော့ ခြုံငုံပြီး ပြောမယ်ဆိုရင်တော့ ဒီဈာန်နာမ် တရားတွေကို အနိစ္စ လို့ ရှုတယ်၊ အဲဒီလို ရှုပွား သုံးသပ်လိုက်တဲ့ အခါမှာ ဈာန်ကို ၀င်စားပြီး ဈာန်က ထပြီး မှ ဒီ ဈာန်နာမ် တရားတွေကို ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စ ရှုလိုက်လို့  ရှုချက်က အားကောင်းလာပြီဆိုလို့ ရှိရင် အနိစ္စအဆင့်မှာ ဘာဝနာ စိတ်က လှုပ်လို့ မရအောင် ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားတတ်ပါတယ်။

အလားတူပဲ ဒီ ဈာန်နာမ် တရားတွေကို ဈာန်ဝင်စားပြီး ဈာန်မှ ထတဲ့အခါ ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်နေတဲ့ သဘောတရားတွေကို ဉာဏ်နဲ့ ယှဉ်ပြီးတော့ ဒုက္ခ လို့ ရှုတယ်။ ဒီလို ရှုနိုင်တဲ့ အပိုင်းမှာလည်း ဒုက္ခအချင်းအရာ အာရုံနဲ့ ဒီ ဈာန်နာမ် တရားတို့ရဲ့ ဒုက္ခ အချင်းအရာ အာရုံက ဘာဝနာ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတတ်ပါတယ်။ လှုပ်ရှားလို့မရဘူး။ 

အနိစ္စဘာဝေန ဆိုပြီးတော့ ၀ိသုဒ္ဓိမဂ် မှာ အဋ္ဌကထာ ဆရာတော် ကတော့ ကွပ်ထားပါတယ်။ အလားတူပဲ ဒီဈာန်ဝင် စားပြီး ဈာန်မှ ထတိုင်း ထတိုင်း သင်္ခါရ တရားတွေကို ဒီ ဈာန်နာမ် တရားတွေမှာ ရှိတဲ့သင်္ခါရ တရားတွေကို ဉာဏ်နဲ့ ပိုင်းခြား ကြည့်ပြီးတဲ့အခါမှာ ဒီသင်္ခါရ တရားတွေထဲမှာ မပျက်စီးဘဲ အကြိတ်အခဲ အခိုင်အမာ ဖြစ်နေတဲ့ အတ္တမရှိတာကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ နှလုံးသွင်းပြီး ရှုပွားသုံးသပ်တယ်။ 

အဲဒီလို ရှုပွား သုံးသပ်တဲ့အခါမှာလည်း ထိုယောဂ၀ါစရ ပုဂ္ဂိုလ်ရဲ့ ဘာဝနာစိတ်က သင်္ခါရ တရားတွေရဲ့ အနတ္တ အချင်းအရာအပေါ်မှာ ငြိမ်ဝပ်စွာ တည်ပြီးတော့ လှုပ်ရှားလို့ မရနိုင်တဲ့ သမာဓိတစ်မျိုး ဖြစ်ပေါ်လာတယ်။ အဲဒီလို ဖြစ်ပေါ်တဲ့ သမာဓိမျိုးကို ခဏိက စိတ္တေကဂ္ဂတာ သမာဓိ လို့ ခေါ်ဆိုကြောင်း ရှင်းထားပါတယ်။ ဒါက ၀ိပဿ        နာမှာ လာရှိတဲ့ ခဏိက သမာဓိ သည် ဘယ်လောက် မြင့်တယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါ တယ်။
ဈာန် ဆိုတာ ဘာလဲ၊ မသိဘူး၊ ရူးတတ်တယ် လို့ ပြောနေတယ်နော့် ပါးစပ် က၊ ရုပ် ဆိုတာ ၊ ဈာန်နာမ်တရား ဆိုတာ ဘာလဲ၊ မသိဘူး။ ရုပ် ဆိုတာ ဘာလဲ၊ မသိဘူး။ နာမ် ဆိုတာ ဘာလဲ၊ မသိဘူး။ ဟို ပေါ်ရာကို လျှောက် ရှုချင်သလို လျှောက်ရှုနေတယ်၊ ဒါကိုတော့ ၀ိပဿ      နာ လို့ မခေါ်ပါဘူး။

 ပေါ်ရာကို ကိုယ် ရှုချင်သလို ပညတ်၊ ပရမတ် ဆိုတာ နားမလည်ဘဲနဲ့ ပေါ်ရာကိုလျှောက်ရှုနေတာကို ၀ိပဿ နာ လို့ခေါ်နေတဲ့ ပုဂ္ဂိုလ်တွေက ဒီလို ဈာန် သမာဓိ ရဲ့ စွမ်းအင်ကို နားလည်မှု မရှိဘဲနှင့် တစ်နည်း အားဖြင့် ခဏိက သမာဓိ ဆိုတာ ဘယ်လို သမာဓိမျိုး ဖြစ်တယ် ဆိုတာလောက်တောင် စာပေ ကျမ်းဂန်နဲ့ အညီ တိတိ ကျကျ မသိတဲ့ ပုဂ္ဂိုလ်တွေက ဝေဖန်နေတဲ့ စကားသာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် နားမလည်တဲ့ ပုဂ္ဂိုလ်တွေ ပြောတဲ့ စကားကို မသိတဲ့ သူတွေက ယုံသလို မိမိ တို့လည်း အဲဒီလို နားမလည်တဲ့ ပုဂ္ဂိုလ်စာရင်း မသိတဲ့ ပုဂ္ဂိုလ်စာရင်းက လွတ်ကင်းအောင် ကြိုးစား အားထုတ်ကြပါလို့ တိုက် တွန်းပါတယ်နော့်။



Bibliography:
https://www.youtube.com/watch?v=KNmF0GYQ_CY (18:08-30:24 ) မိနှစ်မှာ ကြည့်ပါ။
ပုံကို ဆ၇ာတော် ဘုရားကြီး ၂၀၁၄ ခုနှစ် ဧပြီလ က မန္တလေးမှာ ဖြေခဲ့တဲ့ အမေး အဖြေ ကဏ္ဍ Youtube က ကူးယူထားပါတယ်။ ဒါပေမဲ့ အခု ပို့စ်ရဲ့ အမေး အဖြေက ၂၀၁၀ က အမေးအဖြေ ဖြစ်တယ်။

No comments:

Post a Comment