Saturday, February 25, 2017

နောက်ကျော နာတာကို ပေါ့ပေါ့ဆဆ မနေပါနဲ့



အသက်ကြီးသူတွေမှာ ကျောရိုး နာကျင်မှုနဲ့ ဆက်နွှယ်နေသူတွေဟာ လူ့ သက်တမ်းလျော့ကျသွားနိုင်ခြေရှိတဲ့အပေါ် လေ့လာမှု အနောက်ကျောနဲ့ ခါး နာနေတာကို လစ်လျူရှုထားခြင်းဟာ အန္တရာယ် များပြားတယ်လို့ ကျွမ်းကျင်သူတွေ က သတိပေးလိုက်ပါတယ်။ နောက်ကျောနာခြင်းကို ခံစားနေရသူဟာ စောလျှင်စွာသေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း ပိုများကြောင်း သုတေသန တစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ 

နည်းငယ်ပြုလုပ်ခဲ့ကြဖူးပါတယ်။ သြစတြေးလျနိုင်ငံ ဆစ်ဒနေ တက္ကသိုလ် က သုတေ သီတွေကတော့ သေဆုံးနိုင်ခြေမြင့်တက်မှုနဲ့ ကျောရိုး နာကျင်မှုတို့ ဆက်နွှယ်မှုအပေါ် လေ့လာခဲ့ကြတာပါ။ ဒီလေ့လာမှုမှာ အသက် ၇၀ ကျော် လူ ၄၃၉၀ ဦး ပါဝင်ခဲ့ပါတယ်။






" ဒါက သိသာ ထင်ရှားတဲ့တွေ့ရှိမှုတစ်ခုပါပဲ။ လူ အတော် အများများဟာ နောက်ကျောနာခြင်းဟာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တယ်လို့ မထင်ကြဘူးလေ" လို့ လေ့လာမှုမှာ ပါဝင်တဲ့ ဒေါက်တာ ပေါ်လို ဖရာရီရာ က ဆိုပါတယ်။

 ကျောရိုးနာကျင်ခြင်းဟာ ကျန်းမာရေးချူချူခြင်းရဲ့ ပုံစံ တစ်မျိုးဖြစ်ပြီး ပုံမှန်အတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းနည်းပါးတာကြောင့် အသက်ကြီးလာတဲ့ အခါ စောစီးစွာသေဆုံးနိုင်ခြေ ပိုတိုး လာစေတယ်လို့ သုတေသန ရလဒ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Mail Online




No comments:

Post a Comment