Wednesday, February 8, 2017

မက်ဇူကာဘတ် အလုပ်ပြုတ်ဖို့ ခြေတစ်လှမ်းအလို



ကမ္ဘာကျော် Apple ကုမ္ပဏီ တည်ထောင်သူ စတိဗ်ဂျော့ဘ် ဟာ သူတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ နှင်ထုတ် ခံရပြီးနောက် နှစ် ၃၀ အကြာမှာ ဒီကနေ့ လူမှုကွန်ယက် လောက မှာ နာမည် အကြီးဆုံး နဲ့ သုံးစွဲသူ အများဆုံး ဖြစ်တဲ့ ဖေ့စ်ဘုတ် ကုမ္ပဏီ ရဲ့ တည်ထောင်သူ ၊ ပိုင်ရှင် ဖြစ်တဲ့ မက်ဇူကာဘတ် ဟာလည်း သူ ရဲ့ အမှုဆောင် အရာရှိချုပ် အလုပ်ကနေ အလုပ်ပြုတ်ဖို့ ခြေတစ်လှမ်း မျှသာ လိုတော့ တဲ့ အခြေအနေ ကို ရောက်ရှိလာခဲ့ရပြီ ဖြစ်တယ် လို့ Reddit က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ဖေ့စ်ဘုတ် ရဲ့ အမှုဆောင် အရာရှိချုပ် မက်ဇူကာဘတ် ကို အလုပ် ထုတ်ပြီး သူ့နေ ရာမှာ Sum Of Us အဖွဲ့အစည်း ရဲ့ လွတ်လပ်တဲ့ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ တွေ နဲ့ အစားထိုးပြီး ကုမ္ပဏီကို ထိန်းကြောင်း သွားပြီး ရှယ်ယာ အဖွဲ့ဝင်တွေ က ပရိုပိုဆယ် တစ်စောင် ကို ဒါရိုက်တာ အဖွဲ့ဝင်တိုင်း ကို တင်ပြခဲ့တယ် လို့ သိရပါ တယ်။

Sum of Us ဆိုတာ ဟာ အွန်လိုင်း အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ရာသီဥတု အပြောင်း အလဲ၊ လူမှု အခွင့်အရေး ၊ အလုပ်သမား အခွင့်အရေး ၊ လူ့ အခွင့်အရေး စတဲ့ အခြေအနေတွေ အတွက် တိုက်ပွဲဝင်ပေးနေတဲ့ လွတ်လပ်တဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ အဲဒီ ပရိုပိုဆယ် နဲ့ ပတ်သက်ပြီး တစ်စုံ တရာ မှတ်ချက်ပေး ဖို့ ဖေ့စ်ဘုတ် ပြောရေးဆိုခွင့်ရှိသူ က ငြင်းဆန်ထားပါတယ်။ ဇူကာဘတ် နုတ် ထွက်ဖို့ လူပေါင်း ၃ သိန်းကျော် လက်မှတ်ရေးထိုးထားတဲ့ ထောက်ခံချက်တွေကို Sum Of Us က ရရှိထားပြီး SumOfUs ရဲ့ အကြံပေး အရာရှိဖြစ်တဲ့ Lisa Lindsley ကတော့ ” ဒီ ပရိုပိုဆယ် ဟာ မက်ဇူကာဘတ် ကို တိုက်ခိုက်တာ မဟုတ်ဘဲ ကုမ္ပဏီကို ရေရှည် ရပ်တည်သွားနိုင်ဖို့ ဆောင်ရွက်တာသာ ဖြစ်တဲ့အတွက် အားလုံးက နားလည် ယုံကြည်ပေးဖို့လိုတယ် ” လို့ ခိုင်ခိုင် မာမာ ပြောကြား ခဲ့ပါတယ်။

ပရိုပိုဆယ် မှာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ Facebook က လုပ်ဆောင်ခဲ့တဲ့ အမှား အယွင်းတွေ ပါရှိခဲ့ပြီး VR ထုတ်ကုန်ပိုင်း မှာ ငွေကြေး နဲ့ သိက္ခာပိုင်း နစ်နာမှုတွေ ရှိခဲ့တာကို အကျယ်တစ်ဝင့်ဖော်ပြခဲ့ပါတယ်။ ရိုက်တာ သတင်းဌာန ရဲ့ ဖော်ပြချက် အရ တော့ ဒီ ပရိုပိုဆယ် ဟာ မက်ဇူကာဘတ် ရဲ့ ဗျူးဟာ တစ်မျိုး ဖြစ်ပြီး သူရဲ့ ရှယ်ယာ ၉၉ ရာခိုင်နှုန်းကို လှူဒါန်းခဲ့ပြီးနောက် ရေးဆွဲ ခဲ့တဲ့ စီမံကိန်းတစ်ခု သာ ဖြစ်တယ် လို့ ဆိုပါတယ်။


အခု အချိန်မှာတော့ Sum Of Us က တင်ပြတဲ့ ပရိုပိုဆယ် ဟာ ဆိုင်းငံ့ အခြေအနေတစ်ခု ဖြစ်သွားခဲ့ပြီး လာမည့် ဧပြီလ အကုန်မှာမှ ဘုတ်အဖွဲ့ဝင် အထူး အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်သွားမှာဖြစ်လို့ မက်ဇူကာဘတ် လည်း အလုပ်ပြုတ် ဖို့ ခြေတစ်လှမ်းသာ လိုတော့တဲ့ အခြေအနေဖြစ်တယ် လို့ သိရပါတယ်။

အများပိုင် ကုမ္ပဏီ ကို ပြောင်းလဲခဲ့ပြီးနောက်ပိုင်းမှာ ငွေကြေး ထည့်ဝင်ခဲ့တဲ့ ရှယ်ယာ အဖွဲ့ဝင်တွေ၊ ဘုတ် အဖွဲ့ဝင် ဒါရိုက်တာတွေ နဲ့ တည်ထောင်သူတွေ ဟာ သဘောထား အမြင်ချင်း မတူညီတဲ့ ဖြစ်စဉ် ဟာ နည်းပညာလောက နဲ့ ထင်ရှားတဲ့ ကုမ္ပဏီတွေမှာ အများအပြား ဖြစ်ပေါ်ခဲ့ပြီး Tesla, Bank of America, the Walt Disney Company, IBM, Amazon, Netflix စတဲ့ ကုမ္ပဏီတွေ ဟာ အခုလို ပြသာနာမျိုးတွေ ကြုံတွေ့ခဲ့ရတယ် လို့ ဆိုပါတယ်။

ကိုယ် ကိုယ်တိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီတွေ ထဲမှာ အမှား အယွင်းတွေ လုပ်ကိုင် မိတာတွေရော ၊ နောက်ကျောကို ဓါး နဲ့ ထိုးခံရတာတွေအပြင် ဆုံးဖြတ်ချက် အမှားတွေကြောင့် အလုပ်က ထွက်ခဲ့ရသူတွေ ထဲမှာ ထင်ရှားကျော်ကြားခဲ့သူတွေအနေနဲ့ Groupon ကို တည်ထောင်ခဲတဲ့ Andrw Groupon, Blackberry ကို တည်ထောင်ခဲ့တဲ့ Mike Black Berry, Esty ကို တည်ထောင်ခဲ့တဲ့ Rob Esty , Tesla ကို တည်ထောင်ခဲ့တဲ့ Martin , Twitter ကို တည်ထောင်ခဲ့တဲ့ Jack Dorsey နဲ့ Yahoo ကို တည်ထောင်ခဲ့တဲ့ Jerry Yang တို့က အထင်အရှား ရှိနေပါတယ်။


Ref : Reddit , Venturebeat , Reuters
Credit: Digital Times
http://goldenfuture999.blogspot.my/

No comments:

Post a Comment