Wednesday, February 22, 2017

မိဘ



" ပိုက်ဆံ တစ်ခါ ရရင် တစ်ခဏတာ ဖြုန်းလို့ရမယ်"

"ပညာ ရရင် တစ်သက်လုံး သုံးစားလို့ ရတယ်"

"ပညာဟာ အမှား အမှန်ကို ဆုံးဖြတ်ပေးနိင်တယ် အကောင်းအဆိုး ဆိုလဲ သူကခွဲခြားပေးနိင်တယ် ။ ကိုယ့်ဘဝ တွက်ကိုယ် Plan ချထားတဲ့သူတိုင်းဟာ သူ့ရဲ့လမ်းပန်းတိုင်ဆီကိုလျောက်ကျတယ်။ 

ဘဝ ပန်းတိုင်မရှိတဲ့သူက ဟိုမရောက် ဒီမရောက်။ အခက်အခဲ ဆိုတာ လူတိုင်း ရှိပါတယ်။ လောကကြီးကမတရားဘူးလို့ ထိုင်အော်နေလဲ သူက တရားလာမှာမဟုတ်ပါဘူး။ လောကကြီးက တန်းတူ အခွင့်အရေးပေး ခဲ့ဖူးတယ် ကိုယ်မသိလိုက်တာတွေပဲဖြစ်မယ်။ "

"သူများတွေကောင်းစားလို့ ကြည့်ပြီး မနာလို ဝန်တို တတ်တဲ့ သူတွေဟာ ကိုယ့်ကိုယ် ကို ယုံကြည်ချက်မရှိတဲ့သူတွေပါပဲ။"

"လူတိုင်းမှာ တာဝန် ရှိပါတယ်။ ကျွန်တော့် ဘဝမှာ အရေးအကြိးဆုံး တာဝန်က " မိဘ " ကိုကောင်းကောင်းပြုစုနိုင်ဖို့ ပါပဲ ။ ကျေးဇူးဆပ်ဖို့။ 





ကျွန်တော် အသက် ရလာလေလေ "မိဘ" တွေက တစ်ဖြည်းဖြည်း အသက်ကြီးပြီးနှေးလာပါပြီ ။ ကျွန်တော့်တို့သာ နှေးနေရင် ကျေးဇူး မဆပ်ရဘဲ ဆုံးရူံး ရရင် ဘဝမှာ နောင်တ အကြီးကြီးရလိမ့်မယ် "



No comments:

Post a Comment