Wednesday, February 1, 2017

ကျောက်မတည်လိုလျင် ပြုလုပ်သင့်သည့်အချက်များ



၁။ ရေကိုကြိုချက်ပြီးမှသောက်ပါ ။ (ထုံးဓါတ် ပါဝင်မှု့များသောဒေသ တွင် ရေ ကိုကြိုသောက်ကြပြီး၊ကြို သည့်အိုး အောက်ခြေတွင်ပင် ထုံး ၏ချိုး အဖြူရောင်များ ကပ်ကျန်နေပါသည်။)

၂။ မကျိုချက်နိုင်ပါက ကျောက်ချဉ် ထည့်ထားပါ။ အနည်များကျပြီး ရေအားသန့်စင် စေပါသည်။

၃။ နံနက် အိပ်ယာမှ နိုးသည်နှင့် ရေသောက်သည့် အကျင့် ပြုလုပ်ပါ။

၎။သာမန် လှုပ်ရှားသွားလာနေသူသည် တစ်နေ့လျင် ရေ (၄ ) လီတာ ခန့်သောက်သုံးရန်လိုအပ်ပါသည်။

၅။ ကာယပင်ပန်းစွာလှုပ်ရှားနေရသူများမှာ တစ်နေ့လျင် ရေ (၆ ) လီတာ အ ထက်သောက်သုံးရန်လိုအပ်ပါသည်။

၆။ ဆီး ထသွားရန် မနှောင့်နှေးပါနှင့် ။အောင့် မထားဘဲ ဆီးသွားခြင်း ကိုသာ ဦးစားပေးပါ။

၇။ ဆေးလိပ် မသောက်ပါနှင့် ။သောက်တတ်ပြီးဖြစ်ပါကလျှော့သောက်ပါ။


၈။ အရက် သောက်သုံးမှု့ကို သတ်မှတ် အတိုင်းအတာ (၂ပက်) ထက် ပိုသောက်ခြင်းရှောင်ကြဉ်ပါ။

၉။ ကိုယ်လက် လှုပ်ရှား မှု့ နည်းသူများ၊လှုပ်ရှားသွားလာမှု့လုပ်ပေးပါ။

၁၀။ ကိုယ် အလေးချိန် မတက်အောင် အမြဲ ဂရုပြု ပါ။

၁၁။ ဆား ကို ဟင်းချက်ရာတွင် နည်းနိုင်သမျှနည်းအောင်သတိထားထည့်ပါ။

၁၂။ အကိုက်အခဲ ပျောက်ဆေး အလွန် အကျွံ သုံးစွဲ ခြင်းကို ရှောင်ကြဉ် ပါ။

၁၃။ အရည် ရွှမ်းသော သစ်သီးဝနှံ များ ကို များများ စားသုံး ပေးပါ။

၁၄။ အချိုမှုန့်သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။


လ ၇ိပ် ချို

No comments:

Post a Comment