Monday, February 6, 2017

ပတ္တမြား နဲ့ နီလာ တိမ်တိုက်များ ဖွဲ့သီ ၀န်းရံနေသော ဂြိုဟ် တစ်လုံးကိုတွေ့ရှိခဲ့ဟု သတင်းထွက်ပေါ်



နက္ခတ်ဗေဒ ပညာရှင် တစ်စုဟာ သာမန်ဂြိုဟ် နဲ့ မတူတဲ့ ဂြိုဟ်တစ်လုံးကိုတွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။ အဆိုပါဂြိုဟ်ကို HAT-P-7b လို့ အမည်ပေးထားပြီး ၎င်းဂြိုဟ်ပေါ်မျာ ဖွဲ့သီနေတဲ့ တိမ်တိုက်တွေဟာ ပတ္တမြားတွေ၊ နီလာတွေ နဲ့ အတိပြီး တယ်လို့ ဆိုပါတယ်။

HAT-P-7b ဂြိုဟ်ကို Kepler telescope နဲ့ သိပ္ပံ ပညာရှင်တွေက စောင့်ကြည့်နေပြီး ပြီးခဲ့တဲ့ လေးနှစ်လောက်ကတည်းက တစ်လက်လက် တောက်ပနေတာကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဒီတွေ့ရှိမှုကို University of Warwick က တွေ့ရှိခဲ့တာလို့ သိရပြီး နက္ခတ်ဗေဒပညာရှင် David Armstrong က အတည်ပြုခဲ့ပါတယ်။ ၎င်းက ” ကျွန်တော်တို့က အဲဒီဂြိုဟ်ပေါ်မှာ ၀ဲပျံနေတဲ့ အရာကို တိမ်လို့ ပြောခဲ့ကြတယ် တစ်ကယ်တော့ ကမ္ဘာမှာ ရှိတဲ့ တိမ်တွေ နဲ့ မတူပါဘူး … “လို့ သိပ္ပံပညာဂျာနယ် တစ်ခုဖြစ်တဲ့ Nature နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

HAT-P-7b ဂြိုဟ် ပတ်လည်မှာ ၀န်းရံနေတဲ့ တိမ်တွေထဲမှာ Corundum ကို တွေ့ရပြီး ၎င်းဟာ နီလာ နဲ့ ပတ္တမြားတွေ အတွက် အဓိက အရေးပါတဲ့ ရင်းမြစ်တစ်ခုဖြစ်ကြောင်းလည်း David က ရှင်းပြခဲ့ပါတယ်။ အဆိုပါ ဂြိုဟ် ဟာ ကမ္ဘာကြီး နဲ့ အလင်းနှစ် 1000 ခန့် (5.879e+15ခန့်) ဝေးကွာတယ်လို့ သိရပါတယ်။






လက်ရှိ အချိန်မှာတော့ အဲဒီ သတင်းဟာ အင်တာနက် အသုံးပြုသူတွေကြားမှာ ရယ်ပွဲ ဖွဲ့စရာ ဖြစ်ခဲ့ပါတယ်။ မှတ်ချက်ရေးသူ တစ်ယောက်က ” အတည်ပေါက် ကြီး နောက်နေတာလား”လို့ ပြောခဲ့သလို၊ အခြား တစ်ယောက်ကလည်း “မိုးရွာရင်ပြဿ          နာပဲ “လို့ ဆိုခဲ့ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာတော့ အကြီးဆုံး နီလာရဲ့ တန်ကြေးဟာ ဒေါ်လာ သန်း 300 ဖြစ်ပါတယ်။


ညီလင်းထက် (Shwemom)
လ ၇ိပ် ချို 

No comments:

Post a Comment