Monday, February 6, 2017

အွန်လိုင်းကနေ သင်ခန်းစာများ သင်ယူနိုင်တဲ့ WEBSITE (37) ခု




အွန်လိုင်း မှ တစ်ဆင့် သင်ခန်းစာများ သင်ယူနိုင်တဲ့ Website (37) ခု အကြောင်း ကို Link များနှင့် တစ်ကွ ရေးသားဖော်ပြပေးထားပါတယ်.။

သင် skill အသစ် တစ်ခုခု သင်ယူချင်နေပါသလား .. ? အပြင်မှာ ငွေကုန်ကြေးကျများတဲ့ သင်တန်းတွေ၊ ကျောင်းတွေ မှာ သွားတက်စရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တစ်ကူ သင်ယူလို့ရနေပါပြီ.။

အောက်မှာဖော်ပြပေးထားတဲ့ website (37) ခုမှာ သင်ယူချင်တာအားလုံး သင်ယူလို့ရပါတယ်.။ အားလုံး ဆိုတဲ့နေရာမှာ ကိတ်မုန့်ဘယ်လို ဖုတ်ရမလဲ ကနေ စပြီး Data Analytics အထိ အားလုံးပါဝင်ပါတယ်.။

Course အများစုဟာ Free ဖြစ်ပါတယ်.။ သင့်မှာ Visa, Mastercard အစရှိတဲ့ Online Payment တွေ ရှိတယ် ဆိုရင် Paid Course တွေကိုလဲ ဝယ်ယူသင်ကြားနိုင်ပါတယ်.။ အသုံးလိုတဲ့ အခါ ပြန်ရှာနိုင်ဖို့ Bookmark (သို့) Save လုပ်ထားဖို့ အကြံပေးပါရစေ.။ ကဲ ဘာတွေပါလဲ ကြည့်လိုက်ရအောင်..

အွန်လိုင်းကနေ သင်ယူဖို့..
*****************************
edX – ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များမှ ပို့ချပေးနေသောသင်တန်းများ
Coursera – ကမ္ဘာ့အဆင့် သင်တန်းများကို Free သင်ယူနိုင်သည့် website
Coursmos – Micro-course လို့ခေါ်တဲ့ သင်တန်းငယ်လေးများကို Device မျိုးစုံမှ သင်ယူနိုင်သည့် website
Highbrow – သင့် Email ထဲသို့ သင်တန်းငယ်လေးများ နေ့စဉ် ပို့ပေးသော website
Skillshare – သင့်ရဲ့ Creativity ကို အဆင့်မြှင့်တင်ပေးမယ့် သင်တန်းများ
Curious – အွန်လိုင်းမှ တစ်ဆင့် Video Lesson များ ကြည့်ရှု သင်ကြားနိုင်မည့် website
Lynda.com – နည်းပညာ၊ တီထွင် ဖန်တီးမှု နှင့် စီးပွားရေး ဆိုင်ရာများ သင်ကြားနိုင် မည့် website
CreativeLive – ကမ္ဘာ့အကောင်းဆုံး Expert များထံမှ သင်ယူနိုင်မည့် website
Udemy – လက်တွေ့ကျတဲ့ သင်ခန်းစာများ သင်ယူနိုင်မည့် website Code ရေးခြင်းဆိုင်ရာ သင်တန်းများပို့ချပေးသည့် Website များ
Codecademy – Code ရေးနည်းတွေကို Interactive သင်ခန်းစာတွေနဲ့ Free သင်ယူနိုင်မယ့် website
Stuk.io – Code ရေးသားခြင်းသင်ခန်းစာတွေကို အခြေခံမှ စပြီး သင်ယူနိုင်မယ့် website
Udacity – နိုင်ငံတစ်ကာမှ လက်ခံကြတဲ့ NanoDegree များ ရယူနိုင်မယ့် website
Platzi – Design, Marketing နဲ့ Code သင်ခန်းစာများကို Live Streaming ဖြင့် သင်ယူနိုင်မယ့် website
Learnable – Web Development နဲ့ ပတ်သက်တဲ့ သင်တန်းများ သင်ယူနိုင်မယ့် website
Code School – Coding နဲ့ပတ်သက်တဲ့ လက်တွေ့သင်ခန်းစာများ သင်ယူနိုင်မယ့် website
Thinkful – တစ်ယောက်ချင်းစီ Mentor လုပ်ပေးတဲ့စနစ်ကို အသုံးပြုပြီး သင့်ရဲ့ Career တိုးတက်အောင် လုပ်ဆောင်ပေးမယ့် website
Code.org – လွယ်ကူတဲ့ Tutorials များနဲ့ Coding ရေးသားနည်းများကို အလွယ်တကူသင်ယူနိုင်မယ့် website



BaseRails – Ruby on Rails နှင့် အခြား web technology များကို သင်ယူနိုင်မယ့် website
Treehouse – HTML, CSS, iPhone Apps ရေးသားနည်း အစရှိတဲ့ သင်ခန်းစာများ သင်ယူနိုင်မယ့် website
One Month – Coding နှင့် web applications သင်ခန်းစာများကို တစ်လအတွင်း သင်ယူနိုင်မယ့် website
Dash – Website အလန်းများ တည်ဆောက်ခြင်းများကို သင်ယူနိုင်မယ့် website
Data နှင့်ပတ်သက်သော သင်ခန်းစာများ သင်ယူနိုင်မည့် website များ
DataCamp – Data Science နှင့်ပတ်သက်သော tutorials များဖြင့် သင်ယူနိုင်မယ့် website
DataQuest – Data သင်ခန်းစာများ သင်ယူနိုင်မယ့် နောက်ထပ် website တစ်ခု
DataMonkey – Data သင်ခန်းစာများကို ပျင်းရိငြီးငွေ့ခြင်းမရှိဘဲ သင်ယူနိုင်သော website
ဘာသာစကားအသစ်များ သင်ယူနိုင်မယ့် Website များ
Duolingo – ဘာသာစကားအသစ်များကို Free သင်ယူနိုင်မယ့် website
Lingvist – ဘာသာစကားအသစ်တစ်ခုကို နာရီ ၂၀၀ အတွင်း သင်ယူနိုင်မယ့် website
Busuu – ဘာသာစကားအသစ်များ Free သင်ပေးသည့် Community Website
Memrise – စာလုံးပေါင်းသတ်ပုံများ သင်ယူနိုင်မယ့် website
Knowledge နှင့်ပတ်သက်သော သင်ခန်းစာများ သင်ယူနိုင်မယ့် Website များ
TED-Ed – ပညာရပ်ဆိုင်ရာ video များစွာကို စုစည်းပေးထားသော website
Khan Academy – ကိုယ်တိုင် လိုက်ပါ လုပ်ဆောင်နိုင်မယ့် သင်ခန်းစာများ စု စည်းပေးထားသော website
Guides.co – အွန်လိုင်းမှာရှိတဲ့ Guides တွေကို စုစည်းပေးထားတဲ့ website
SquareKnot – Step by Stey Guide များကို လှပစွာစုစည်းပေးထားတဲ့ website
Learnist – Web, Print နှင့် Vedio ဖိုင်များကို စနစ်တကျ စုစည်းပေးထားတဲ့ website
Prismatic – Social Media ပေါ်မှ Recommendations များကို အသုံးပြုပြီး သင်ခန်းစာများ စုစည်းထားတဲ့ website
Chesscademy – Chess ကစားနည်းများကို သင်ယူနိုင်မယ့် website
Pianu – စန္ဒယားတီးနည်းများ သင်ယူနိုင်မယ့် website
Yousician – အွန်လိုင်းမှ ဂစ်တာတီးနည်း သင်ပေးတဲ့ website


Written by: အောင်မွန်ချမ်း
Ref: The 37 best websites for learning a new skill
Credit: myanmarleaders.com


No comments:

Post a Comment