Monday, March 13, 2017

စိတ်ဓာတ် နဲ့ အတွေး ဘယ်ဟာအရေးကြီးလဲ




ဒီရက်ပိုင်းမှာ မီတာခ နဲ့ပတ်သက်ပြီး ဆွေးနွေးထားတာများတွေ့မိတယ်။ နောက်ဆုံး ဘယ်လိုဖြေရှင်းတာ မသိပေမယ့် ဒီလို ပွင့်ပွင့်လင်းလင်းဆွေးနွေုးုနိင်တာ ဝမ်းမြောက်မိပါတယ်။

ဆွေးနွေးထားတဲ့ အထဲမှာ စိတ်ဝင်စားစရာ တစ်ခုတွေ့မိတယ်။ တစ်ကယ်လို့ မဖြစ်မနေ ဓာတ်အားခ တိုးကောက်မယ် ဆိုရင် အောက်ခြေ လူတန်းစား ရဲ့အကျိုးစီးပွား အတွက် လုပ်ငန်းသုံး လျှပ်စစ် ကို ဈေးတင်တာနဲ့ အိမ်သုံး လျှပ်စစ်ကိုဈေးတင်တာ ဘယ်ဟာပိုပြီး ဆိုးကျိုးရှိသလဲ။ အပေါ်ယံကြည့်ရင် အိမ်သုံး မီးကိုဈေးတင်တာ ပိုထိတယ်လို့မြင်ကြတယ်။ 

ဦးသိန်းစိန် အစိုးရ စတက်တက်ချင်းမှာလဲ လူထု မကျေမနပ်ဖြစ်မှာစိုးလို့ ရပ်ကွက်တွေကို ဦးစားပေးမီးပေးခဲ့တယ်။ စက်မှုဇုံ ကို ၂ လ လုံးလုံး မီးဖျက်ခဲ့တယ်။ အခု ဝန်ကြီး ရှင်းပြတဲ့ အထဲမှာလည်း စက်မှုသုံး ဘက်ကိုပဲ လှည့်မယ်လို့ထင်တယ် ။ တစ်ကယ်တမ်းမှာလည်း လူနေအိမ်ဘက်က လျှပ်စစ်မီး ပုံမှန် ရနေတယ် ၊ စက်မှုဇုံ ကျတော့ နေ့တိုင်း နီးပါး ပျက်လိုက် လာလိုက်ဖြစ်နေတယ်။

တစ်ကယ်အောက်ခြေ လူတန်းစား ဆိုရင် မီးလင်း တာနဲ့ တီဗီ ကြည့်ဖို့က ကျပ် တစ်သောင်းအောက်မှာပဲ ၊ (မီးသွေး နဲ့ ထမင်းချက်ရင်ပေါ့) ၊ ၂ ဆမြှင့်လိုက်တာတောင် တစ်သောင်းအောက်ပဲ ပိုကုန်မယ် ။ 

စက်မှု မီတာခကို သွားမြှင့်လိုက်တော့ လုပ်ငန်းရှင်နဲ့ ကုန်သည်ပေါင်းပြီး ကုန်ဈေးနှုန်းက တက်မှာပဲ ၊ တစ်သောင်းမက ပိုကုန်မှာသေချာတယ်။ (ကုန်ဈေးနှုန်းတက်တဲ့ပြဿ       နာတစ်ခုတည်း မကပဲပြည်သူအားလုံးတိုင်းပြည်တစ်ခုလုံး နဲ့ ဆိုင်တဲ့ အခြားပြဿ       နာလည်း ဒီလိုရွေးချယ်တဲ့ အမှားကြောင့် အများ ကြီးဖြစ်ပေါ်လာနိုင်တယ် ) ။ 



အဲ့ဒါကြောင့် နိုင်ငံရေးသမားများ ဘာဖြစ်လို့ရွေးချယ်လိုက်တာနဲ့ ဒီလိုအပေါ်ယံ တိုက်ရိုက်တွေ့မြင်တဲ့အရာကို ဦးစားပေးတာလဲ ။ အချို့ကပြောတယ် မဲလိုချင်တဲ့ နိုင်ငံရေးသမား နဲ့ တစ်ကယ့်တိုင်းပြည်တိုးတက်ပြီး လူထုကောင်းကျိုးရှိစေချင်တဲ့ နိုင်ငံရေးခေါင်းဆောင်ရဲ့ကွာဟချက်ပေါ့။ 

ဒါက တစ်ကဏ္ဍ ၊ အရေးကြီးဆုံး လူသိအနည်းဆုံး အကြောင်းအရင်းက ပြည်သူ ရဲ့ ပညာအရည် အချင်းပဲ ။ အပေါ်ယံပဲကြည်ပြီး လေးလေးနက်နက် မစဉ်းစား နိုင်တဲ့ အတွေးအခေါ်ကြောင့် နိုင်ငံရေးသမားက အသုံးချသွားတာပေါ့။

ဒီလို ကိစ္စမျိုးမှာ အရေးမကြီးဘူးလို့ပြောလို့ မရပါဘူး ။ စိတ်ဓာတ်နဲ့တော့ မဆိုင်ပါဘူး ။ အတွေးအခေါ်နဲ့ အဓိက ဆိုင်တယ် ။

နည်းစနစ်ကျကျအတွေးအခေါ်

No comments:

Post a Comment