Sunday, March 19, 2017

ဖုန်းတွေနဲ့ ဝေးဝေးနေရတဲ့ ကလေးတွေမှာ ကောင်းကျိုးပိုများ



မျက်မှောက်ခေတ် ကလေးတွေဟာ စမတ်ဖုန်းတွေ၊ နည်းပညာသုံး အီလက်ထရောနစ် screen တွေနဲ့ နေ့ စဉ် ထိတွေ့မှု ပိုမိုများပြားလာပါတယ်။ Screen တွေကို ကြည့်ရှုချိန် များလေလေ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေလေလေပါပဲ။ အထူးသဖြင့် အမြင် အာရုံကို ထိခိုက်စေပါတယ်။ ကလေးတွေကိုသာ ဖုန်းတွေ၊ tablet တွေ၊ တီဗီတွေ နဲ့ ဝေးဝေးထားမယ် ဆိုရင် ကလေးအတွက် အကျိုး ရလဒ်ကောင်းတွေ ရှိလာနိုင်ပါတယ်။

အသက် ၅ နှစ်မှ ၁၅ နှစ် အရွယ် ကလေးအရေ အတွက် သုံးပုံ တစ်ပုံလောက်က screen တွေ ရဲ့ ဆွဲဆောင် မှုကနေ ရုန်းမထွက်နိုင်ကြပါဘူး။ လူကြီးတွေကလည်း ဒါကို ခွင့်ပြုထားကြပါတယ်။ အဲ့ဒီထဲကမှ သုံးပုံနှစ်ပုံလောက်ဟာ အိပ်ချိန် နဲ့ ကျောင်းတက်ချိန်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အထိ ကြုံနေရပါတယ်။ ဒါပေမဲ့ screen တွေနဲ့ ဝေးဝေးနေတဲ့ ကလေးတွေမှာတော့ ဒီလိုအဖြစ်တွေ ကြုံရမှု နည်းပါးပါတယ်။



ဒီအချက်နဲ့ ပတ်သက်ပြီး သုတေသီတွေက အသက် ၁၁ နှစ် နဲ့ ၁၂ နှစ်ကြား မိန်းကလေး၊ ယောက်ျားလေးတွေ ကို screen တွေ နဲ့ မထိတွေ့စေဘဲ တစ်ပတ်ကြာ ကမ့် (camp) သွင်းပြီး လေ့လာခဲ့ကြပါတယ်။ 




ကလေးတွေဟာ ကမ့်ကို ရောက်လာစဉ်က DANVA2 လို့ခေါ်တဲ့ စကားပြောဆိုမှု အလေ့အကျင့် မရှိသူတွေ ဖြစ်ကြကြောင်း စမ်းသပ် သိရှိခဲ့ရပါတယ်။ ကမ့် သွင်းထားစဉ် အတွင်း ကလေးတွေဟာ တောင်တက်ခြင်း၊ ချက်ပြုတ်ခြင်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တုံ့ပြန်ပြောဆိုဆက်ဆံတွေ ပြုလုပ်ခဲ့ရပါတယ်။


ကမ့် ကနေ ပြန်ထွက်တော့ ကလေးတွေ ရဲ့ စကားပြောဆိုမှု ပေါင်းသင်းတတ်မှုတွေ ကို ပြန်လည်စစ်ဆေးရာမှာ DANVA2 ဟာ သုံးပုံ တစ်ပုံလောက် ကျသွားတယ်လို့ သိရပါတယ်။ 

Screen တွေနဲ့ ဝေးဝေးနေတဲ့ ကလေးတွေဟာ အချင်းချင်း ပြောဆို ဆက်ဆံမှု၊ ကူညီ ရိုင်းပင်းမှု ပိုမိုပြုလုပ်လာကြပြီး ပေါင်းသင်း ဆက်ဆံရေး ပိုကောင်းလာတာကို တွေ့ခဲ့ကြောင်း သုတေသန ရလဒ်ကို The Cut  ဆေး ပညာ ဂျာနယ်မှာ ဖော်ခဲ့ပါတယ်။


Source : Stylist
http://www.duwun.com.mm/lifestyle/health/-id6379166.html

No comments:

Post a Comment