Tuesday, March 7, 2017

လူမမြင်ရပေမဲ့ အတွင်းသားက အသား အရေ ဖြူဝင်းနေစေဖို့


လူမြင်နေရတဲ့နေရာက အသား အရေ ဖြူဝင်းနေရုံသာမက လူမမြင်ရတဲ့ ချိုင်းကြား ပေါင်ကြား နားက အသား အရေတွေလည်း ဖြူဝင်းနေစေဖို့ လိုပါတယ်။

 နွေရာသီလည်းရောက်လာပြီ ခရီးသွားရာသီလည်း ရောက်လာပြီဆိုတော့ (မြန်မာပြည်မှာ ၀တ်တာ ရှားပေမဲ့) ဘစ်ကနီ ၀တ်ပြီး ကမ်းခြေမှာ အပန်းဖြေချင်သူတွေ အတွက် အသားအရေ ညီညာချောမွတ် နေစေဖို့ ဒီနည်း လမ်းလေးကို တင်ပြပေးလိုက်ပါတယ်။
ပါဝင် ပစ္စည်းတွေကတော့....



သံပုယိုသီး (သို့) သံပုရာသီး ၁ လုံး
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နှင်းဆီကို ရေနွေးနဲ့ပြုတ်ပြီး အအေးခံကာ ရလာတဲ့ရေ (သို့) ရိုးရိုးရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘယ်လိုသုံးမလဲ.........





သံလွင်ဆီ ကို ပေါင်ကြား (သို့) ချိုင်းကြား နဲ့ တစ်ခြားညိုမဲနေတဲ့ နေရာတွေမှာ လိမ်းပေးပါ။
နာရီဝက် ၁ နာရီလောက်ထားပါ။





ပြီးရင် သံပုယိုသီးကို နှစ်ခြမ်း ခြမ်းပြီး တစ်ခြမ်း ဆားဖြူးလိုက်ပါ။ ပြီးရင် ညိုမဲ နေတဲ့နေရာတွေမှာ ပွတ် တိုက်ပေးပါ။ 

ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပြီးရင် မိနစ် ၃၀ လောက် ထပ်ထားပါ။ ကျန်တဲ့ တစ်ခြမ်ကို လည်း အလားတူလုပ်ပေးပါ။






စောစောက ပြုလုပ်ထားတဲ့ နှင်းဆီရေ (သို့) ရိုးရိုးရေ ကို ၀ါဂွမ်းစ ဆွတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။

တစ်ပတ်ကို ၃ ကြိမ်လောက် လုပ်ပေးပါ။ တစ်လ ဆိုရင် သိသိ သာသာ ရလဒ်ကောင်းတွေ ရရှိ လာမှာဖြစ်ပါတယ်။

Source


No comments:

Post a Comment