Tuesday, March 7, 2017

မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြစရာ အသုံးပြုနိုင်တဲ့ အချက် (၈) ချက်ရှိ



အမေး – ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿ       နာတစ်ခု တက်နေပါတယ်ရှင့်။ ကျမ က အခု အသက်၂၃ နှစ် ရှိပါပြီရှင့်။ ကျမ တို့ မိန်းကလေး သဘာဝ အရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရ မယ် လို့ ကျမ အမျိုးသားက ပြောပါတယ်။ 

ကျမ အဲဒီလို သွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။  ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲ ဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿ        နာလုပ်နေပါတယ်။ အမှန်တစ်ကယ်ကို ကျမသူနဲ့ မရခင် ဘယ် သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ 

သူ့ကို ပြောပြတော့လဲ သူက ကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေ ရသလဲ ဆိုတာကို ကျမ အမျိုးသား ယုံအောင် ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့ အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။  

အဖြေ – “Medico-legal cases ဆေးပညာ နဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျို စစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့ အချက် (၈) ချက်ရှိတယ်။  

1. Breasts of virgin  အပျိုစစ် တစ်ယာက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။ အလုံးတစ်ခု ကို ထက်ခြမ်း ခြမ်းထားလို ရှိတယ်။ နို့သီး ထိပ်ဖျားကလဲ ဖွံ့ထွားမှု မပြည့်စုံသေးဘူး။ နို့ထိပ် အရောင်ရင့် အဝိုင်း အရောင်က အသားဖြူ သူတွေမှာ ပန်းရောင်၊ အသားရောင် သိပ် မဖြူရင် ညိုတိုတို၊ ဒါမှမဟုတ် အသားနက် ရင် မဲနေမယ်။  

2. Labia majora  မ- အင်္ဂါနှုတ်ခမ်းသား အကြီးဟာ ထူမယ်၊ တင်းတင်း ရင်းရင်း ရှိတယ်၊ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိမယ်။ ဘေးအနားသတ်က လုံးဝန်းတယ်။ ဘယ်နဲ့ ညာ နှုတ်ခမ်းသားတွေက (ဗဂျိုင်းနား) အဝ ကို လုံးဝ ဖုံးထားနေမယ်။  

3. Labia minora  မ-အင်္ဂါနှုတ်ခမ်းသား အသေးဟာ သေးငယ်တယ်၊ ပါးလျပြီး ပျော့ပြောင်းမယ်။ ထိကိုင် ရင် အာရုံခံ အသိ သိပ်များတယ်။ အရောင်နုမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးက ဖုံးထားမယ်။ (အရောင် ပိုရင့်သူတွေလဲ ရှိတယ်။ လိုတာထက် ပိုရှည်-ပိုကြီးနေသူတွေလဲ ရှိတယ်။ “Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား” ကို ဖတ်နိုင်ပါတယ်။)  

4. Clitoris  မ-အစိ ဟာ သေးငယ်ပြီး ပန်းရောင် ရှိမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကနေ ဖုံး အုပ်နေမယ်။ (အရောင်က တစ်သမတ်တည်း မဟုတ်ပါ။ အရွယ်အစားကလဲ သိသာသူ ရှိသလို သေးငယ်သူလဲ ရှိတယ်။ တစ်ယောက်တည်းမှာ ဆက်ဆံမှု အကြိမ် များရင် များသလို၊ အသက်ရရင် ရသလို ပိုကြီး လာမယ်။ ဟော်မုန်း ရောဂါ ရှိရင် ကျား အင်္ဂါလို ဖြစ်နေမယ်။)  


5. Vaginal opening  ဗဂျိုင်းနား အပေါက်ဝ အကျယ်ဟာ ၁ဝ နှစ်သမီး အရွယ်မှာ လက်သန်းထိပ် လောက်သာ ဝင်လိုရမယ်။ အရွယ်ရောက် အမျိုးသမီး ဆိုရင် လက် တစ်ချောင်းစာလို့ ပြောနိုင်တယ်။ ရာသီသွေး ဆင်းတဲ့ အလုပ် ကိုသာ တာဝန် ထမ်းရဘူးသေးတယ်။  

6. Vagina   ဗဂျိုင်းနား-လှိုင်ခေါင်းဟာ တင်းကြပ်နေမယ်။ ကျဉ်းတယ်။ မျက်နှာပြင် ကြမ်းတမ်းနေမယ်။ အပေါက်ဝ နဲ့ သားအိမ် အဝကြား အကွာအဝေး က တိုတိုလေးဘဲ ရှိမယ်။ ကြွက်သား နဲ့ အရွတ်တွေနဲ့ တည်ဆောက် ထားတာမို့ ဆန့်နိုင်-ကျုံ့နိုင်၊ ကျဉ်းနိုင်-ကျယ်နိုင်တယ်။ 

ဒါပေမဲ့ ဒီလို တစ်ခါမှ မလုပ်ဘူးသေးဘဲ အရိုင်းသက်သက် ဖြစ်နေမယ်။ သွေးမဆုံးခင် အထိ အရည်ရှိနေလို့ အမြဲတန်းလို စိုစွပ်နေတယ်။ စိုစွပ်မှု များနေချိန်မှာ ထိုးသွင်းမှုကို ပိုပြီး ခံနိုင်ရည် ရှိစေမယ်။)  




7. Hymen အပျိုမှေးဟာ အရေပြား-အနုစား ဖြစ်တယ်။ ဗဂျိုင်းနား အဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူ တယ်။ အလည်နေရာက ပိုပါးတယ်။ ပုံမှန် ဆိုရင် အပေါက် ငယ်ငယ်လေးသာ ရှိမယ်။ အပေါက် ပုံစံက မတူကြ ဘူး။ ဒေါင်လိုက်၊ အဝိုင်း၊ လခြမ်းပုံ၊ အနား မညီမညာ ရှိမယ်။ ဒီပုံစံ အားလုံးက ပုံမှန်ဖြစ်ပါတယ်။  (တစ်ကယ်လို့ ထိခိုက်မှု၊ ထိုးသွင်းမှု၊ ဆက်ဆံမှု တစ်ခုခုရှိရင် စုပ်ပြဲသွားမယ်။ 

စုပ်ပြဲမှု ကလဲ ဒဏ်အပေါ်မှာ မူတည်တယ်။ ဒဏ်ပြင်းတာ၊ ထိုးသွင်းတဲ့ အရာ ကြီးတာ၊ ထိုးသွင်းမှု အရှိန်-အကြိမ်တွေ အပေါ် မူတည် တယ်။ စုတ်ပြဲချိန်မှာ နာမယ်။ ဒဏ်တူတာဖြစ်ပေမဲ့ အနာခံနိုင်စွမ်း မတူကြဘူး။ အတော်များများ အပျိုလေးတွေ ပဌမအကြိမ် ဆက်ဆံရင် မျက်ရည်ကျတဲ့အထိ နာတယ်။ သွေးထွက်မယ်။ 

တစ်ကယ်လို့ သေးတာ၊ နည်းတာနဲ့သာ ကြုံဘူးထားရာ ကနေ ပိုကြီးတာ၊ ပိုများတာနဲ့တွေ့ရင် နဲနဲသာ နာမယ်၊ နဲနဲသာ သွေးထွက်မယ်၊ သွေးမထွက် တာလဲ ဖြစ်နိုင်တယ်။)  

8. Fourchette commissure  မ-အင်္ဂါနှုတ်ခမ်းသား အကြီးနှစ်ခု အောက်ဖက်မှာ ဆုံတဲ့နေရာကို ခေါ်တယ်။ ဒီ အရေပြား-အနုစားလေးက စုပ်ပြဲ မသွားသေးဘဲ မိမွေတိုင်း ရှိနေရတယ်။ (ဒီအချက်က Hymen အပျိုမှေးလို အရေးပါပေမဲ့ လူပြော သိပ်မများဘူး။ မွေးလမ်း ကနေ ကလေး မမွေးဘူး သူတိုင်း တင်းတင်းရင်း ရင်း ရှိနေတယ်။) 

အပျို  စစ်ပါတယ်လို့ သက်သေပြဘို့ရာ “အသုံးပြုနိုင်တယ်” လို့ ပြောတာဟာ ဒါနဲ့ မကိုက်ရင်တော့ မဟုတ်ပါဘူး လို့ ဘယ်သူက အဆုံးအဖြတ်ကို ပေးမှာလဲ။ မြန်မာပြည် တရားခွင်မှာ ဆရာဝန်တွေက (သိရ သလောက်တော့) ထွက်ချက် မပေးရပါ။ ခင်ပွန်းလောင်းက ထည့်စဉ်းစားနိုင်ပေမဲ့ ကံသေကမ္မ ပြောမရလို့ ချွင်းချက် ထားသင့်တယ်။ 

ဒီလို အဆုံးအဖြတ်မျိုးဟာ မိန်းကလေးတစ်ယောက်ရဲ့ တစ်ကယ့် ကိုယ်ပိုင် ပိုင်ဆိုင်မှု အစစ်ဖြစ်တယ်။ ကံဆိုးသူတွေမှာ ဒီဝိသေသဟာ (မေးတဲ့သူလို) တကယ့်ပြဿ        နာ ဖြစ်စေနိုင်တယ်။ Definitions of virginity loss အပျိုရည် ပျက်ခြင်း အဓိပ္ပါယ် ဖွင့်ဆိုချက်များ “Virginity (ဗာဂျင်နတီ) အပျိုစစ်” ဆိုတာ Sexual intercourse လိင် ဆက်ဆံမှု တစ်ခါမှ မရှိသေးတာကို ခေါ်တယ်။ 

လိင်ဆက်ဆံမှု ဆိုတာ အစဉ်အလာ လက်ခံ ထားတဲ့ အချက် ကတော့ Vaginal penetration with penis (ဗဂျိုင်းနား) ထဲ ကို ကျား-လိင် အဂ်ါ ထိုးသွင်းနည်းနဲ့ ဆက်ဆံတာကို အလိုတူဖြစ်ဖြစ်၊ အလို မတူဖြစ်ဖြစ် အနည်းဆုံး တစ်ကြိမ် ရှိဘူးတာကို ခေါ်တယ်။ 

“Vagina-virginity (ဗဂျိုင်းနား) က (ဗားဂျင်း) ဖြစ်တယ်” လို့ အတိအကျခေါ်တယ်။ မေးဘို့ လိုသေးတာ က ပါးစပ် သုံးနည်း တစ်ခုထဲသာ ရှိဘူးတာလား၊ စအိုနည်း တစ်ခုတည်း ဆိုလဲ ထည့်ရမှာဘဲ။ ယောက်ျား နဲ့ဖြစ်ဖြစ် Lesbians မိန်းကလေးချင်း ဖြစ်ဖြစ် (မာစတာဘေးရှင်း) လုပ်ဘူးတာလား။ 

ဒီ အမျိုး အစားတွေသာ ရှိတာကို “Physiological virginity ဇီဝကမ္မ-အပျိုစစ်” လို့ ခေါ်တယ်။ (မာစတာဘေးရှင်း) မှာလဲ ဗဂျိုင်းနားထဲကို ထိုးသွင်းဘူးတာက ဘာနဲ့လဲ။  ဥပမာ Dildo ခေါ်တဲ့ ကျား-လိင်အင်္ဂါ အတုကို ထည့်သွင်းဘူးတာ၊ ကိုယ်တိုင် လက်နဲ့ သာ (မာစတာဘေးရှင်း) လုပ်တာလား ။ ၂ မျိုးလုံး ကိုလဲ အပျို  ရည် ပျက် စာရင်းထဲ ထည့်သွင်းလေ့ မရှိပါ။ 

အမေရိကား မှာ ၁၉၉ဝ နောက်ပိုင်း “Technically virgin နည်းလမ်းအရ ပြောရရင် အပျိုပါဘဲ” ဆိုတဲ့ ဖွင့်ဆိုချက်က ခေတ်စားလာတယ်။ သမားရိုးကျ လိင်ဆက်ဆံမှုတော့ မပြုဘူး၊ တစ်ခြားနည်းနဲ့သာ သာယာမှု ရှာတာပါလို့ လျှောက်လဲချက်ဖြစ်တယ်။ အဲဒါလောက်သာ လုပ်တာမို့ ကျမလဲ အပျိုစာရင်း ဝင်ပါတယ်လို့ ပြောတာကို Virginity pledges ခေါ်တယ်။ 

(ယေးလ်) တက္ကသိုလ်က ပညာရှင် Peter Bearman နဲ့ Hannah Brueckner တို့က အဲလို အပျို စာရင်း ဝင်ပါတယ်လို့ ပြောထားသူတွေကို နောက် ၅ နှစ်နေတော့ ဆန်းစစ်တဲ့ အခါ (STDs) လိင်က တစ်ဆင့် ကူးစက်ရောဂါ ဖြစ်နှုန်းက အဲလို မပြောသူတွေနဲ့ အတူတူဘဲ ရှိကြတာ တွေ့ရ တယ်။ လိင်ဆက်ဆံမှု မရှိဘဲလဲ အထက်ကရေးခဲ့တဲ့ အချက်တစ်ချို့ ပျက်ယွင်း နေနိုင်တယ်။ 

ဥပမာ စက်ဘီးစီးတာ၊ မြင်းစီးတာ၊ အားကစား ပြင်းပြင်းထန်ထန် လုပ်တာ၊ ဂျွမ်းဘား ကစားတာတွေ ပါ တယ်။  ဒီလိုကြောင့် အပျိုမှေး ပေါက်ပြဲမယ် ဆိုရင် မိန်းကလေး ကိုယ်တိုင်တောင်မှ စုပ်ပြဲသွားခဲ့တာကို သိ ချင်မှသိမယ်။ 

ဒီမိန်းကလေးမျိုးဟာ တစ်ကယ်တန်း ယောက်ျားနဲ့ ဆက်ဆံတဲ့ ပဌမဆုံး အကြိမ်မှာ သွေးထွက်ချင်မှ ထွက် မယ်။ ဒါမျိုးကို အပျိုရည် ပျက်ယွင်းတယ်လို့ သတ်မှတ်တာ တရားပါသလား။ ထင်မြင်ချက် တစ်ခုက မိန်းကလေး မွေးကတည်းက အပျိုမှေး ပါမလာကော မဖြစ်နိုင်ဘူးလား။ 

ဒီထောက်ပြချက်ဟာ မမှန်ပါ၊ မိန်းကလေးတိုင်းမှာ မွေးကတည်းက အပျိုမှေးဟာ လုံလောက်အောင် ရှိနေနိုင် တဲ့ အကျန် အကြွင်းတစ်ခု ဖြစ်ပါတယ်။ Imperforate hymen အပျိုမှေး ပေါက်မနေတာသာ ဖြစ်နိုင် တယ်။ ဒီလိုဖြစ်နေသူတိုင်း ကိုတော့ Hymenotomy လုပ်ပေးရမယ်။ 

တစ်ချို့ အမျိုးသမီးတွေက ဘယ်နည်း နဲ့ ပေါက် သွားသွား Hymenorrhaphy or Hymenoplasty ခွဲစိတ် နည်း နဲ့ ပြုပြင်ကြပြီး သကာလ “Born again virginity ပြန်လည် ရှင်လာသော အပျိုဖြစ်ခြင်း” လို့ ခေါ်ကြ တယ်။  မိန်းကလေး တစ်ယောက်မှာ ယောက်ျား နဲ့ ပထမဆုံး လိင်ဆက်ဆံမှု ရှိသွားပြီ ဆိုတဲ့ အချက် ကို ယဉ်ကျေးမှု အများစုမှာ “ပုဂ္ဂိုလ်ရေး သမိုင်းမှတ်တိုင် တစ်ရပ်” လို့ အလေးအနက် သဘောထားကြတယ်။ 
ဘာအဓိပ္ပါယ် ဆောင်ပါ သလဲ။ 

Saving oneself ကိုယ့် အပျိုရည်ကို ထိန်းထားနိုင်စွမ်းရှိသူ။ 
Losing one’s virginity ကိုယ့် အပျိုဘဝ ကို ပေးအပ်လိုက်သူ။ 
Taking someone’s virginity အပျိုရည်ဘဝ တစ်ခုကို ရယူလိုက်သူ။ 
Deflowering ပန်းကောင်း အညွန့်ချိုးခြင်း စသဖြင့် သုံးစွဲကြတယ်။ 

ဒီလိုဖြစ်သွားသူ တစ်ယောက်ဟာ “ဖြူစင်မှု၊ တည်ကြည်မှု၊ သန့်စဉ်မှု ကုန်ဆုံးသွားပြီ” လို့ တစ်ချို့က ဆိုကြတယ်။ ဘာသာရေး တစ်ချို့ကလဲ အဲဒီလိုယူတာဘဲ။  တစ်ချို့ အသိုင်းအဝိုင်းတွေမှာ အပျို စစ်ဖြစ်ခြင်း ကို  “ဂုဏ် တစ်ရပ်၊ ဖြစ်နိုင်ရင် အသက်နဲ့ လဲပြီး ထိန်းသိမ်း ကာကွယ်ရမဲ့ ကိုယ်ပိုင် တန်ဘိုးတစ်ရပ်” လို့ ယူ ဆကြ တယ်။ 

မိန်းမ အင်္ဂါထဲကို Tampon, Menstrual cup လို ရာသီ လာတဲ့ အခါ သုံးတဲ့ ပစ္စည်း ထည့်သွင်းတာ အပြင် Medical examinations မျိုးပွါး လမ်းကြောင်းထဲ လက်-ကရိယာ ထည့်ပြီး ဆေးစစ်တာကိုပါ တစ်ချို့က လက်သင့် မခံချင်ကြဘူး။ ဒီအချက်ကိုတော့ သဘောမတူပါ။ 

၂ နှစ်အတွင်း မွေးကာစ မိန်းကလေး ၂ ယောက်ထက် မနည်း မွေးကတည်းက (ဗဂျိုင်းနား) ပိတ်နေတာကို မိဘတွေက သိလို့ လာပြတယ်။ ထုံဆေးလေးနဲ့ အပေါက်ငယ်လေး လုပ်ပေးလိုက်တယ်။ ဒီမိန်းကလေးတွေကို ဘယ်သူ ဘယ်ဝါ ဖြစ်တယ်လို့ ဆရာဝန်က သူများကို မပြောပါ။  မိဘတွေကလဲ သူတို့ သမီးလေးတွေ ဒီလို လုပ်ထားတယ်လို့ ပြောမယ် မထင်ပါ။ 

ဒီတော့ မိန်းကလေးတွေ ကိုယ်တိုင်လဲ သိနိုင်ကြမယ် မဟုတ်ပါ။ တစ်ခြားမှာလဲ ဒီလို လုပ်ထားသူတွေ ရှိပါ မယ်။ ဖေါက်ပေးလိုက်တာက လိုတာထက် ကျယ်သွားရင် ဒီ မိန်းကလေးမျိုး မင်္ဂလာဦး မှာ နာတာ၊ သွေး ထွက် တာ မဖြစ်နိုင်ပါ။ အချိန်တန်ပေမဲ့ ရာသီ မလာနိုင်လို့ အပျိုမှေး အပေါက် ပိတ်တာကို ခွဲစိတ်ပေးရင်လဲ ဒီလိုဘဲရှိမယ်။ 

အပျိုဖြစ်ခြင်းရဲ့ တန်ဘိုးကို ငွေကြေးနဲ့ဖြတ်တာဟာ ကိုယ်ခန္ဓာကို ရင်းပြီး စီးပွါးရှာတဲ့နေရာမှာ သိသာတယ်။ အပျို မဟုတ်သူ တစ်ယောက်ရဲ့ တစ်ညတာ သတ်မှတ်ချက်ထက် အပျို တစ်ယောက်ကို အနည်းဆုံး (၁ဝ) ဆ ထားလေ့ရှိတယ်။ တစ်ကယ်တော့ တစ်ညဟာ တစ်ဘဝတာ ပြီးဆုံးခြင်းသာ ဖြစ်ပါတယ်။  

ဂျပန်မှာ (ဂေးရှား) မယ်လေးတွေရဲ့ အပျိုဘဝ ကို Mizuage ခေါ်တဲ့ ပွဲလမ်း သဘင်မှာ (လော့ဒ်) တွေက ရယူ ခွင့်ရှိတယ်။ ပိုက်ဆံပေးရင်တော့ ချမ်းသာခွင့် ပေးတာလဲ ရှိသတဲ့။ ပုဂံခေတ်ဦး အရည်းကြီးတွေလဲ ဒီသဘော လုပ်ခဲ့ကြ တယ်။ စေတနာ နဲ့ ပညာပေးတာလို့ ဆိုပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ နဲ့ ဘုရင်အနော်ရထာ ကျေးဇူး နဲ့ ပန်းဦးလွှတ်တဲ့ အကျင့်ပျောက်ကွယ်စေခဲ့တယ်။ 

Proof of virginity အပျိုစစ် သက်သေခံချက် တစ်ချို့ အသိုင်းအဝိုင်းတွေမှာ သတို့သမီးဘက်က အပျိုစစ်ပါတယ်ဆိုတာ သက်သေပြနိုင်ဘို့ လိုတယ်။  Intact hymen အပျိုမှေး ရှိနေတယ် ဆိုတဲ့ Certificate of virginity ဆရာဝန် ထောက်ခံချက် လိုတယ်။ ဒါမှမဟုတ် အပျိုမှေးပေါက်သွားလို့ ထွက်တဲ့သွေး Nuptial blood-spotted bed sheet အိပ်ယာခင်းမှာ သွေးစွန်းတာ ပြရတယ်။ Virginity test ဆိုတာလဲ ရှိပါတယ်။ အပျိုမှေးကို စစ်ဆေးတာပါဘဲ။ မတိကျဘူးလို့ အငြင်းပွါးကြပါတယ်။ 

၂၃-၁၁-၂ဝ၁၁ နေ့က AI လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက လူ့အခွင့်အရေး ချိုးဖေါက်တာလို့ ထောက်ပြဘူးတယ်။ ၂ဝ၁၁ အီဂျစ် တော်လှန်ရေးကာလမှာ စစ်တပ် ကနေ အဓမ္မပြုကျင့်ခံရတယ်လို့ ဆိုသူ အမျိုး သမီးတွေ ကို ထိန်းသိမ်း ထားတုံးမှာ Virginity test လုပ်ခဲ့တာကို ဝန်ခံပြီး ၂၇-၁၂၂ဝ၁၁ မှာ ဒီလို လုပ်တာကို အစိုးရက တားမြစ်လိုက်ပါတယ်။ ဗြိတိန်မှာလဲ လုပ်ဘူးသေးတယ်။ 

Fiancee visa သတို့သမီးလောင်း (ဗီဇာ) လို့ ခေါ်တယ်။ ၁၉၇၉ ဇန္နဝါရီလ ထဲမှာ မင်္ဂလာဆောင်ဘို့ ဝင်လာသူ အမျိုးသမီး တစ်ယောက်ကို Virginity test လုပ်စေခဲ့တယ်။ နောက်တော့ ပြင်လိုက်ပါတယ်။ အိန္ဒိယမှာလဲ အဓမ္မ ကျင့်ခံရပါတယ်လို့ ပြောသူတိုင်းကို ဒီလိုဆေးစစ်တာမျိုး ၂၉-၁-၂ဝ၁၂ နေ့အထိ လုပ်ခဲ့တယ်။  အပျိုမှေးစစ်တာ အပြင် Laxity of vaginal muscles ဗဂျိုင်းနား ကြွက်သားတွေ တင်းမာမှု အခြေအနေကို လက် ၂ ချောင်း စမ်းသပ်နည်းနဲ့ လုပ်တယ်။ ရုပ်ရှင်ကားမှာ ပါတယ်။ 

ဒီနည်းက တိကျမှု မရှိတာ ကိုလဲ ငြင်းကြပါတယ်။ အာဖရိက နိုင်ငံတစ်ချို့မှာ ငယ်ငယ်ကလေး ကတည်းက မ-အင်္ဂါ နှုတ်ခမ်းသား အကြီးနှစ်ခုကို ဆွဲချုပ်ပေးတာကို Infibulation ခေါ်တယ်။ မင်္ဂလာ မဆောင်ခင် ချုပ် ကြိုး အစစ်ခံကြရတယ်။ ဒီ အလေ့အကျင့်မျိုးတွေကို ခေတ်မီသူတွေက ရှုတ်ချကြတယ်။ 

ဒါပေမဲ့ ၂ဝဝ၄ မှာ (ဇင်ဘာဘွေ) ခေါင်းဆောင်တဦးက ဒီလို လုပ်တာကြောင့် HIV ကူးစက်တာကို သက်သာစေတယ်လို့ ပြောတော့ မငြင်းနိုင်ကြဘူး။  အမျိုးသမီး အများစုဟာ ယောက်ျား နဲ့ ပထမဆုံး လိင် ဆက်ဆံရင် – အပျိုမှေးပေါက်သွားလို့ သွေးထွက်မယ်၊ ၁-၃ ရက် အထိ နည်းနည်း ထွက်မယ်။ – မ-အင်္ဂါ ဖူးရောင်နေမယ်၊ ၁-၃ ရက်ကြာ နာနေမယ်။ – ၃ ရက်ထက် ပိုကြာနေရင်၊ သွေးဆင်းတာလဲ များမယ် ဆိုရင် ဆရာဝန်ပြပါ။ 

“Romantic love စိတ်လှုပ်ရှားမှုက ရတဲ့ အချစ် နဲ့ Sexual jealousy လိင်ပိုင်းဆိုင်ရာ သဝန်တိုမှု ဟာ Universal features of human relationships နေရာတစ်ကာမှာ မှန်ကန်တဲ့ လူမှု ဆက်ဆံရေး ဖြစ် တယ်” လို့ ဆိုရှယ်-စိတ္တဗေဒ ပညာရှင်တွေက ဆိုကြပါတယ်။


Source


No comments:

Post a Comment