Friday, March 31, 2017

ကမာကောင် ဘာကြောင့် စားသင့်




ပင်လယ်စာ ထဲမှာ လူကြိုက်များ တဲ့ ကမာကောင် (Oyster) တွေ မှာ ကျန်းမာရေး ကောင်းကျိုးတွေ အများ   ကြီး ရှိတာမို့ ကမာကောင် ကြိုက်သူတွေရော၊ ခုမှ စားမယ့် သူတွေရော သိထားဖို့ ဖော်ပြလိုက် ပါတယ်။
– ကမာကောင်မှာ ပါတဲ့ ဇင့်ဓာတ် က ကိုယ်ခံ စွမ်းအားကိုကောင်းစေ သလို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု အတွက် ထောက်ကူပါတယ်။
– အိုမီဂါ-၃ ဖက်တီး အက်စစ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ကြွယ်ဝ တဲ့ အတွက် ရုတ်တရက် နှလုံး တိုက် ခိုက် ခံရမှု၊ လေဖြတ်မှု၊ သွေးပေါင်ကျမှုတွေကို လျော့ပါး စေပါတယ်။
– ကယ်လိုရီနဲ့ အဆီတွေကိုလျှော့ ချပေးတဲ့ အပြင် အာဟာရဓာတ် ပြည့်ဝစေပါတယ်။
– ဗီတာမင်အေ၊ အီး၊ စီ၊ ဘီ ၁၂ နဲ့ ဇင့်၊ သံဓာတ်၊ ထုံးဓာတ် စတဲ့ အာ ဟာရ ဓာတ်တွေ ကြွယ်ဝပါတယ်။


– ကိုယ်တွင်း ဆဲလ်တွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရောက်ရှိစေတဲ့ အတွက် စွမ်းအား ပြည့်ဝနေစေ ပါတယ်။

– မကောင်းတဲ့ကိုလက်စထရော ပမာဏကို လျှော့ချပြီး ကောင်း မွန်တဲ့ ကိုလက်စထရောပမာဏ ကို မြှင့်တင်ပေးပါတယ်။


Credit : 7day daily
www.7day.com


No comments:

Post a Comment