Saturday, April 15, 2017

ရှားစောင်းလက်ပတ် အသုံးဝင်ပုံ



၁။ ရှားစောင်းလက်ပတ် ကို ၂ လက်မ အရွယ်ဖြတ်ပြီး မီးကင်တယ် ဆိုရုံလေး ကင်ပါ ၊ ၅ ပြားလောက် စားပါ ၊သွေးဝမ်းသွားခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ် တစ်ပတ်လောက် ဆက်စားပါ ။

၂။ မီးကင်ထားသော ရှားစောင်းလက်ပတ်ကို နေ့စဉ် ၅ ပြားလောက်စားပေးခြင်း အားဖြင့်လည်း အတွင်း လိပ်ခေါင်း ရောဂါ ကို ပျောက်ကင်း စေနိုင်ပါတယ်၊ ရှားစောင်းလက်ပတ် အနှစ်ကို စအို ထဲထည့် ပေးနိုင်လျှင်
ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သား နံရံ မှ အပူများကို စုတ်ယူနိုင်စွမ်းရှိသောကြောင့် အတွင်း လိပ်ခေါင်းရောဂါ ပျောက်ကင်းနိုင်ပါတယ် ၊ရောဂါ ပြင်းနေရင်တော့ အချိန်ယူ သုံးစွဲ ရမှာပဲ ဖြစ်ပါတယ် ။
၃။ မီးယပ် သွေးဆုံးကိုင်နေသူများ အတွက် ရှားစောင်းလက်ပတ် အနှစ် ကို ထန်းလျှက်ဖြင့် နေ့စဉ် စားပေးပါက သွေးဆုံး ကိုင်ချိန် တွင် ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်။


၎။ နှလုံးရောဂါ ရှိသူများ ရုတ်တစ်ရက် အမောဖောက်လာပါက ရှားစောင်းလက်ပတ် အနှစ် ကို သကြားဖြင့် ဖျော် သောက်ပါက အမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။
၅။ ရှားစောင်းလက်ပတ် အနှစ်ကို အပူလောင်ခြင်း အမျိုးမျိုး အတွက်လည်းအသုံးပြုနိုင်ပါတယ်၊ ဆီပူ ၊မီးပူ ၊အိတ်ဇောအပူ လောင်ခြင်းများ အတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ် အနှစ်ကို ပတ်တီးဖြင့် စည်းထားပေး ပါ ။

အရည်ကြည်အဖု လုံးဝ ဖြစ်ခြင်း မရှိပဲ မူလ အတိုင်း ပျောက်ကင်းနိုင်ပါတယ်၊ အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကို စုပ်ယူနိုင်သောကြောင့် အနာ မဖြစ်တော့ပါ ။
၆။ ဘောက်ပျောက် ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင် အကွက်လိုက် ကျွတ် သောသူများ အတွက် ရှားစောင်းလက်ပတ် အနှစ်ကို ဦးရေပြားပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ဆံပင် ပြန်ပေါက်ပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ် ပေးပါတယ် ။
၇။ ရှားစောင်းလက်ပတ် အနှစ်ကို နံနက် ည မျက်နှာ သစ်ပြီးတိုင်း လူးပေးရင်တော့ တင်းတိတ် ပျောက်ပြီး   မျက်နှာ ပေါင်းတင်စရာ မလိုပဲ အရေးအကြောင်း မရှိ မျက်နှာလေး တင်းနေပါလိမ့်မယ် ၊လှချင်ရင် တစ်သက်လုံး လိမ်းပေတော့ ။












Soe Myat ရှား​ဇောင်းလက်​ပတ်​နဲ့သကြား​ဖျော်​​သောက်​ရင်​​ ဆီး​ကြောင်းမှာ တည်​​နေတဲ့​ကျောက်​ကျတတ်​တယ် ။ ​ကျွန်​​တော်​ကိုယ်​​တွေ့မို့​ကျောက်​တည်​တတ်​သူများ သိရန်​အတွက်​ တင်​ပြလိုက်​တယ် ​အားလုံးကျန်းမာချမ်းသာကျပါ​စေ ။

စွမ်း စွမ်း ရှား​ဇောင်းလက်​ပတ်​ ကို ဒိုဘာလာ သကြားဖြင့်​ အိပ်​ယာထချိန်​များ၌​သောက်​သုံး​ပေးခြင်းဖြင့်​ B ပိုး Cပိုးရှိသူများ ​သေချာ​ပေါက်​​ရောဂါ​ပျောက်​ကင်းပါသည်​ ။

Hsu Hsu မျက်နှာလိမ်းပေးရင် အသားမပတ်တော့ပဲ မျက်နှာ နူးညံသွားတယ် ။

Than Khaing ​ဘေး​စောင်းဆူး​လေး​တွေ အရင်​လှီးပြီး အ​ပေါ်​အောက် ​အခွံအဘတ်​​တွေကို ဓားပါး​လေးနဲ့ အထက်​​အောက် ​တစ်​လှည့်​ဆီ လှီးချပါအနှစ်​အဖြူ​လေး​တွေကို အတုံး​လေး​တွေတုံး ။

Thet Khaing Myo ရှား​စောင်းလက်​ပတ်​ ၅လက်​ ကို အဲ့လို လုပ်​ပြီး သကြားနဲ့ စားရင်​ အစာ​ကြေလွယ်​တာ​တော့ လက်​​တွေ့ပဲ။


ကာ ဖူးပွင့် ​ခြေဆွယ်​ငုတ်​လဲ​ကောင်းတယ်​ ​နောက်​မဖြစ်​​တောဘူး လက်​​တွေ့ပါ ။






ရတနာငယ်(မြန်မာစာ) လွိုင်ကော်
( ၇ )ရက်သားသမီးအားလုံး
ကျန်းမာ သုခ ပြည့်စုံနိုင်ကြပါစေ။

No comments:

Post a Comment