Monday, April 17, 2017

မိတ်ဆွေများ အားလုံးအတွက် (၁) နှစ်စာ ဟောစာတမ်းကြီး



ပုပ္ပါးစောရဟန်းမင်း ကို အကြောင်းပြုပြီး ရေးထိုးသော မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်တွင် …..
 
ခရီးသွားလုပ်ငန်း ၊ဟော်တယ်လုပ်ငန်း ၊ရေကြောင်းခရီးနှင့် ပတ်သက်သော လုပ်ငန်း ၊ရေထွက်ကုန်လုပ်ငန်း ၊ သင်္ဘောသားနှင့် ပတ်သက်သော လုပ်ငန်း ၊ သတ္တုတူးဖော်ရေး လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ကုန်သည်ကြီး အလုပ် ၊ပွဲစားအလုပ်၊ အသံကို အသုံးချရသောအလုပ်၊ စကားပြောရသောအလုပ်၊ လှုပ်ရှားရသောအလုပ်၊ သစ်၊သံ၊သွပ်၊သစ်သီး၊သီးနှံ လုပ်ငန်းများ …။ 

ပညာကို အသုံးချရသောအလုပ်၊ ပညာရေးအလုပ်၊ ဆရာအလုပ် ၊မြေ၊ ဖုန်း၊ မုန့် ၊ပဲ ၊ပြောင်း၊ ဖယောင်း၊ ပန်းချီ၊ ပန်းပု၊ ပန်းထိမ် လုပ်ငန်းများ ….။ 

အလှအပ၊ အနုပညာ၊ လက်မှုပညာ ၊ရွှေ၊ ရတနာ ၊ရေနံ ၊ရေလုပ်ငန်း ၊ရေသန့်၊ လက်ဖက်ရည်၊ အအေး၊ အဖျော်ယမကာ၊ ဘီယာ၊ ယုံစုံ လုပ်ငန်းများ …. အထူး အကျိုးပေးအောင်မြင်လတ္တံ့။ 

မိမိတို့ ရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်လတ္တံ့။ လွတ်လပ်ပေါ့ပါးစွာ ဆောင်ရွက်သင့်အံ့။
.
ဆန်၊ စပါး၊ ဆီ ၊ဆေး၊ ဆား၊ စိန်၊ စက်မှုလက်မှု၊ စားသောက်ကုန်၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ စက်ချုပ်၊ စိုက်ပျိုးရေး၊ စာပေ ၊စာရေးကိရိယာ၊ စပ်တူရှယ်ယာ လုပ်ငန်းများ …။

 ငွေ ၊ခြံ၊ ကား ၊ကျောက်မျက် ၊ကုန်သည်လေး၊ ကွန်ပြူတာ၊ ကွမ်းသီးကွမ်းယာပစ္စည်း၊ ကုန်ခြောက် ၊ကုန်စုံ   ၊ကြက်ဥ ၊ကြက်သား ၊ကြက်မွေးမြူရေး၊ ငါးပိ၊ ငါးခြာက်၊ ငါးမွေးမြူရေး လုပ်ငန်းများ …. အလယ် အလတ် ပုံ မှန်တန်းတွင်သာ ရှိနေလတ္တံ့။ 

မိမိ ရည်မှန်းထား သလောက်သာအောင်မြင်အံ့။ လူအား စိုက်ထုတ်ပြီး များများကြိုးစား အားထုတ်သင့်အံ့။
.
အိုးအိမ်၊ အဆောက်အဦး ၊ဆောက်လုပ်ရေး၊ အုတ်၊ သဲ ၊ကျောက်၊ အိမ်ဆောက်ပစ္စည်း၊ အိမ်ထောင် ပရိဘောဂ ၊အုပ်ချုပ်ရေး၊ ဥပဒေ ၊အိမ်ခြံ ၊မြေအကျိုးဆောင် လုပ်ငန်းများ ….။ 

အထည်အလိပ် ၊ထီး၊ ဖိနပ် ၊နာရီ ၊ဦးထုပ်၊ လူမျိုးခြား ၊နိုင်ငံခြား၊ မီး၊ လျှပ်စစ်၊ အပူ၊ ဓါတ်ငွေ့၊ ဒီဇယ် ၊နွားနို့၊ ဒိန်ချဉ် ၊နို့ဆီ ၊ဓါတ်ပုံ၊ ထီလုပ်ငန်း၊ ထုံးလုပ်ငန်း စသည့်လုပ်ငန်းများ … ထစ်ငေါ့၊လွဲချော်ခြင်း၊ ထိခိုက်ဆုံးရှုံးခြင်း၊ စိတ်ပူပန်ရခြင်းများဖြစ်တတ်သည့် အတွက် အစစအရာရာ သတိထားပြီး လုပ်ဆောင်သင့်အံ့။


တနင်္ဂနွေသားသမီးများ
.
လူရော စိတ်ပါ တည်ငြိမ်စွာဖြင့် လုပ်ငန်းဆောင်တာ ရည်ရွယ်ချက်များကို ကြိုးစားဆောင်ရွက်လျှင် အောင်မြင် လတ္တံ့။ အလုပ်နေရာ၊အိမ်နေရာ၊ အတွေးအခေါ်အယူအဆ၊ ဘ၀ခံယူချက်များ အပြောင်းအလဲဖြစ်အံ့။ ဆန့်ကျင်ဘက် လိင်များထံမှ အကူအညီကောင်းများရလတ္တံ့။ အဖက်ဖက်တွင် အလွန်အမင်းလည်းကောင်းနိုင် သလို၊ အလွန်အမင်းလည်း ညံ့သွားလတ္တံ့။
.
အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများကြုံရတွေတတ်။ မိမိချစ်သူ ၊ မိမိ အိမ်ထောင်ဖက် ၏ အထင်မြင်လွဲမှားခြင်းကို ခံရတတ်ခြင်း။ အပျို၊ လူပျိုများ မလွပ်လပ်သူများနှင့်ငြိစွန်း လွယ် တတ် သည့်အတွက် သတိပြုအံ့။
.
အထူးလိုက်နာရန်။ ။ဘာသာရေးများများ ပိုလုပ်ပါ ။မေတ္တာများများ ပို့ပါ။ သည်းခံစိတ်မွေးပါ။ စိတ်လိုက်မာန်ပါ တစ်ဇွတ်ထိုး ပြောဆို လုပ်ကိုင် ဆုံးဖြတ်တာတွေကိုရှောင်ကျဉ်ပါ။
.
အထူးယတြာ။ ။ တနင်္ဂနွေနေ့ ည၀တ်အိပ်ထားသော အ၀တ်ဟောင်း တစ်စုံကို နောက်နေ့ မနက်စော လမ်းတွင် သွားစွန့်ပါ။ (ငါ့မှာ ရှိနေတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေ အားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂) လ တစ်ခါ လုပ်ပါ။ အကြောင်းကိစ္စပေါ်လျှင် ထပ်လုပ်ပါ။
.
ယတြာ။ ။ မည်သည့်နေ့တွင်မဆို မနက် (၆)နာရီ (၅၀) မိနစ် တိတိတွင် သပြေ (၆)ညွန့် ၊ပေါင်မုန့် (၅)ချပ် ၊ကော်ဖီ(၂) ခွက် ကို မိမိနေအိမ် ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ (အကြောင်း ရှိတိုင်း မကြာခဏပြု လုပ်နိုင်သည် ။)


တနင်္လာ သားသမီးများ

အတိတ်ကံကို အကြောင်းပြုပြီး ငွေ အစုလိုက် အပုံလိုက် ရခြင်း၊ ထီဆုကြီးပေါက်ခြင်း ၊ခြံ၊ ကား ၊ကျောက် ကောင်းသောဝင်ခြင်းတွင် ရှိလတ္တံ့။ အချစ်ရေးမေတ္တာရေး ကံကောင်းခြင်း ၊မျက်နှာပွင့် စန်းပွင့်ခြင်း ၊ငွေကြေး ဥစ္စာ ပစ္စည်းများ စုဆောင်း တိုးပွားခြင်းတို့ကြုံရလတ္တံ့။ မိမိ မသိခဲ့သော အတိတ်ကံ အကောင်းအဆိုး နှစ်မျိုးစလုံး၏ အကျိုးကို တွေ့ကြုံ ခံစားရလတ္တံ့။

အပျိုလူပျို များ အတိတ်ဘ၀က ဆုတောင်း ရှိခဲ့ဖူးသော အချစ်ဟောင်း အဆက်ဟောင်းများနှင့် ပြန်လည် ဆုံတွေ့ရလတ္တံ့။ မိမိကို စိတ်ဝင်စား ချစ်ကြိုက်နေသူများ အများအပြားပေါ်လာလတ္တံ့။ မိမိချစ်သူ ၊ မိမိ အိမ်ထောင်ဖက် ၏ သ၀န်တိုခြင်း ကို ခံရအံ့။ အိမ်ထောင်ဖက်ကို အကြောင်းပြု၍ ငွေကြေး စီးပွားဥစ္စာများ တိုးပွားလတ္တံ့။

ယတြာ။ ။ မည်သည့်နေ့တွင် မဆို မနက် (၇) နာရီ (၆) မိနစ် တိတိတွင် နှင်းဆီ (၇) ပွင့်၊သပြေ (၆) ညွန့်၊ဆီအစိမ်း ဆမ်းထားသော ဆွမ်းပူပူ (၃) ပန်းကန် ကို မိမိနေအိမ် ဘုရားတွင် မကြာခဏ လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည် ။)


အင်္ဂါ သားသမီးများ

ကျန်းမာရေး ချူခြာခြင်း ၊ဆေးရုံဆေးခန်းများနှင့် ပတ်သက် ရခြင်း၊ ဘာမှန်းမသိ ရောဂါ ရှာမရပဲ တစ်ရှောင်ရှောင်ဖြစ်ခြင်း ၊အစားမှား ဆေးမှားဖြစ်ခြင်း၊ စကားပြောငြင်းခုန်ရခြင်း၊ ခိုက်ရန်ဖြစ်ပွားတတ်ခြင်း၊ စကားပြောကျွံခြင်း လွန်ခြင်း ၊ စက်ပစ္စည်း ၊ စာရွက်စာတမ်း ၊ စပ်တူရှယ်ယာ ကိစ္စများနှင့် ပတ်သက်ပြီး စိတ်ညစ်ရ တတ်ခြင်း တို့ကြုံရအံ့။ စိတ်ကူး အကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့် စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အိပ်ယာပြောင်းအိပ်ခြင်း၊ ခရီးထွက်ခြင်း စသည့် လှုပ်လှုပ် ရှားရှားနေထိုင်ဆောင်ရွက်ပါက ကံကောင်းလတ္တံ့။

အချစ်ရေး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်းသွားတတ်ခြင်း တို့ကြုံရလတ္တံ့။ အိမ်ထောင်ရေး မကြာခဏ ဆိုသလို ခွဲခွာနေလျှင် အညံ့ များပြေပျောက်ပြီး အိမ်ထောင်ရေး သုခများ ခံစားရလတ္တံ့။

အခက်အခဲကြီးကြီးမားမား ရှိလျှင် အထူးပြုလုပ်သင့်သော ယတြာ … အင်္ဂါနေ့ ည၀တ် အိပ်ထားသော အ၀တ်ဟောင်း တစ်စုံကို နောက်နေ့ မနက်စောစော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာ ရှိနေတဲ့ မကောင်းတဲ့ အ ခိုက် အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂) လ တစ်ခါလုပ်ပါ။ အရေးအကြောင်း ကိစ္စပေါ်လျှင် ထပ်လုပ်ပါ။

ယတြာ။ ။ မည့်သည့်နေ့တွင် မဆို မနက် (၇) နာရီ (၁၀) မိနစ်တိတိတွင် အုန်း(၆)ညွန့် ၊နှင်းဆီ (၇)ပွင့် ၊လက်ဖက်ရည် (၄) ခွက်ကို နေအိမ် ဘုရားတွင် လှူဒါန်း ဆုတောင်းခြင်းဖြင့်တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်။)


ဗုဒ္ဒဟူး သားသမီးများ

ဘ၀ တစ်ဆစ်ချိုး ပြောင်းလဲမြင့်တက်သွားအံ့။ စီးပွားတက်အံ့။ ကြီးပွား တိုးတက်အောင်မြင် ချမ်းသာမည့် အခွင့် အလမ်းကောင်း ၊ အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်း ၊ အကြံကောင်း ဥာဏ်ကောင်း ၊ မိတ်ကောင်းဆွေကောင်းများ ရလတ္တံ့ ။ကောင်းသော အကြံအစည် ရည်ရွယ်ချက်များအောင်မြင်လတ္တံ့။ နာ မည် ဂုဏ်သတင်းကျောဇောထင်ရှားအံ့။ အကောင်းပြော ချီးမွမ်းခံရလတ္တံ့။ တရားထူး အသိထူးရအံ့။ ရာထူး တိုး လစာတိုးခြင်း ၊အလုပ်နေရာကောင်းရရှိခြင်းများကြုံလတ္တံ့။

အပျို၊ လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကို တန်ဖိုးထားသူများနှင့် ချစ်သူဖြစ်ရတတ်။ မိမိထက် အဆင့် အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့။ အိမ်ထောင်ရေး အိမ်ထောင်ဖက် ၏ ဂရု စိုက်ခြင်း၊ အလိုလိုက်ခြင်း ၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့။

ယတြာ။ ။ မည့်သည့်နေ့တွင် မဆို မနက် (၅) နာရီ (၁၀) မိနစ် တိတိတွင် အုန်း (၆) ညွန့်၊ ပန်းအ၀ါ (၅) ပွင့် ၊ ကော်ဖီ(၂)ခွက် ၊ ကိတ်မုန့်(၂) ချပ်ကို မိမိနေအိမ် ဘုရားတွင် လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ (အကြောင်း ရှိတိုင်း မကြာ ခဏပြုလုပ်နိုင်သည် ။)


ကြာသပတေး သားသမီးများ

ကံကောင်းအံ့။ ဘုန်းတန်ခိုးကြီးခြင်း ၊သြဇာအာဏာ ထက်မြက်ခြင်း၊ အကြံအစည် ရည်ရွယ်ချက် များအောင်မြင်ခြင်း ၊ မင်းစိုးရာဇာ ကူညီမစခြင်း၊ ပတ်သက်ရခြင်း ၊ အလုပ်တိုင်းနေရာတိုင်းမှာ ရန်အတိုက်အခံ အပြိုင်အဆိုင်များပေါများပြီး ၄င်းတို့ အပေါ် ကံ အသာစီး အနိုင်ရရှိခြင်း၊ အခြွေအရံပေါများခြင်း ၊ မိမိ ကိုကြည်ညိုလေးစား ချစ်ခင်သူများပေါများခြင်း၊ အပျို၊ လူပျိုများ လူလိမ် ခံရတတ်ခြင်း ၊ အဖိုးတန် ပစ္စည်းများ လက်ဆောင်ရခြင်း တို့ ကြုံရလတ္တံ့။

အချစ်ရေး ကံကောင်းနေသော်လည်း မိန်းမလည် ယောင်္ကျားရှုပ်များနှင့်တွေ့ရတတ်ခြင်း ကို သတိပြုအံ့။ အိမ်ထောင်ရေး ပွင့်လင်းမြင်သာမှု အားနည်းပြီး ဖုံးကွယ် ဟန်ဆောင်မှုတွေ များနေအံ့။

ယတြာ။ ။ မည့်သည့်နေ့တွင်မဆို မနက် (၆) နာရီ (၂၀) မိနစ် တိတိတွင် ဇော်စိမ်း (၃) ညွန့်၊ ကံကော် (၂) ညွန့် သစ်သီး (၆) လုံးကို မိမိနေအိမ် ဘုရားတွင် လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင် သည် ။)




သောကြာ သားသမီးများ

ကံဇာတာ ပွင့်လန်း တိုးတက်အံ့။ လုပ်သမျှ ကြံသမျှ အောင်မြင် ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ် ချက် များကို မြန်ြမန် ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်သင့်အံ့။ စီးပွားလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့သင့်အံ့။ စုတ်ရော လာဘ်ရော ပွင့်နေအံ့။ ပြည်တွင်းပြည်ပ ခရီးကိစ္စများအောင်မြင်ခြင်း ၊ နာ မည် ဂုဏ်သတင်း ထင်ပေါ်ကျောဇောခြင်း ၊ အကောင်းပြောချီးမွမ်းခံရခြင်း ၊ သက်ရှိသက်မဲ့ အားလုံး နှင့် ကံတရား ၏ မျက်နှာသာပေးခြင်းကို ခံရခြင်း ၊ ဆွေမျိုးသားချင်းတို့၏ ကူညီ မစခြင်းခံရခြင်း ၊ လူအများ ပရိတ်သတ်နှင့် လုပ်ဆောင်ရသော အလုပ်များတွင် ကြီးကြီး ကျယ်ကျယ်အောင်မြင်ခြင်း တို့ မုချကြုံတွေ့ရလတ္တံ့။

အပျို လူပျို များ မျက်နှာပွင့်လန်းပြီး စိတ်ဝင်စားသူများ ၀ိုင်းဝိုင်းလည်နေအံ့။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး ကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက် ထိမ်းသိမ်းသင့်။

ယတြာ။ ။ မည့်သည့်နေ့တွင် မဆို မနက် (၇) နာရီ တိတိတွင် ရွက်လှ (၄)ညွန့်၊ ဇော်စိမ်း (၃)ညွန့် နွားနို့ (၁) ခွက်ကို မိမိနေအိမ် ဘုရားတွင် လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ် တာလုံး အခိုက်အညံ့ များ ကင်း စင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည် ။)


စနေ သားသမီးများ

ဘ၀ တစ်ခုလုံးအတွက် ကြီးမားသော အပြောင်းအလဲများကြုံတွေ့ရလတ္တံ့။ အလုပ်နေရာ၊ အိမ်နေရာ အပြောင်း အလဲများကြုံရလတ္တံ့။ မိမိ၏ ဘ၀ ခံယူချက်များ ၊ အတွေးအခေါ် အယူအဆများ ၊ ကိုယ်ကျင့် တရားများ ၊ လုပ်နည်း လုပ်ဟန်များလည်း ပြောင်းလဲအံ့။ အမှန်ဘက် ကနေ စကားပြောငြင်းခုန်ရခြင်း ၊ ဆေးရုံဆေးခန်း၊ အမှုအချုပ် ၊ထောင် ဂတ်များနှင့် ပတ်သက်ရခြင်း၊ အနားဝန်းကျင်တွင် မီးလန့်ရှော့ဖြစ်ကြုံရတတ်ခြင်း ၊ သူများပြဿနာကြားဝင် ခေါင်းခံဖြေရှင်းပေးရခြင်းတို့ ကြုံရလတ္တံ့။

အပျို လူပျိုများ အချစ်ရေးတွင် မကြာခဏ ဆိုသလို စကားပြောငြင်းခုန်ဖြေရှင်းရခြင်း ၊ ပူပန်သောကရောက်ရခြင်း တို့ကြုံရအံ့။ အိမ်ထောင်ရှိသူများ မကြာခဏ ဆိုသလို အသေးအဖွဲ ကိစ္စလေးမှ အစ ကတောက် ကဆဖြစ်ရခြင်း တို့ ကြုံတွေ့ရလတ္တံ့။

အထူး လိုက်နာရန် … ကောင်းသော အပြောင်းအလဲများဖြစ်ရန် ဘာသာရေး ပိုလုပ်သင့် ၊မေတ္တာ စိတ်မွေးသင့် ၊မကြာခဏ အိပ်ယာပြောင်းအိပ်သင့်။ ခရီး ခဏခဏ ထွက်သင့်။

အခက်အခဲ ကြီးကြီး မားမား များ ကြုံတွေ့ရပါလျှင် …. စနေနေ့ ည၀တ် အိပ်ထားသော အ၀တ်ဟောင်း တစ် စုံကို နောက်နေ့ မနက်စော လမ်းတွင် သွားစွန့်ပါ။ (ငါ့မှာ ရှိနေတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေ အားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ယတြာ။ ။ မည့်သည့်နေ့တွင် မဆို မနက် (၅) နာရီ (၄၀) မိနစ် တိတိတွင် ရွက်လှ (၄) ညွန့်၊ အုန်း (၆) ညွန့် ပေါင်မုန့် (၅) ချပ်ကို မိမိနေအိမ် ဘုရားတွင် လှူဒါန်း ဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်။)

အကျွန်ုပ် ၏ ဣဌ သဘောဆောင်သည့် ကောင်းသောဟောချက်များ သွေးထွက်အောင် မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။



မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)

နှစ်ဟောင်း ကုန်၍ နှစ်သစ်ကိုကြိုလင့်သော နှစ်သစ်ကူး အခါသမယ ၏ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ကောင်းလှသော ဧပြီလ ၏ နေ့ရက်များ....



No comments:

Post a Comment