Saturday, April 29, 2017

ရေသူမ ဟု ယူဆရသော အလောင်းတစ်လောင်းကို အင်္ဂလန်နိုင်ငံ ကမ်းခြေ တစ်ခုတွင်တွေ့ရှိခဲ့



ရေသူမများ အကြောင်းကို ၀ထ္တုများစွာ၊ ရုပ်ရှင် များစွာနဲ့ ပုံပြင် များစွာမှာ ခေတ် အဆက်ဆက် ဖော်ကျုးခဲ့ကြပါတယ်။ ဘယ်သူမှ ဒဏ္ဍာရီလာ ရေသူမတွေဟာ တစ်ကယ် ရှိနေရဲ့လား ဆိုတာကို သက်သေ မပြနိုင်ကြပေမဲ့ လူအချို့ ကတော့ ရေသူမ ဆိုတာရှိကြောင်း ယုံကြည်ကြပါတယ်။

ဒါပေမဲ့ ရေသူမ ရှိနေကြောင်းကို အထောက်အထား တစ်ရပ်အဖြစ် အင်္ဂလန်နိုင်ငံ နော့ဖော့ပြည်နယ် ဂရိတ်ရေးမောက်မြို့တွင် ရေသူမ လို့ ယုံကြည်ရပြီး ဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ရှိခဲ့ရပါတယ်။


လူနဲ့တူတဲ့ ဒီအလောင်းမှာ ငါးအမြီး ပါဝင်နေပြီး အမြီး နဲ့ ခေါင်းကတော့ အရာ သိပ်မယွင်းသေးပေမဲ့ ခန္ဓာကိုယ် အလယ်ပိုင်း ကတော့ ပုပ်သိုးနေပြီဖြစ်ပါတယ်။


” ယနေ့ ဂရိတ်ရေးမောက် ကမ်းခြေမှာ ကျွန်တော်တို့ ရေသူမ နဲ့တူတဲ့ အလောင်း တစ်ခုကိုတွေ့ရှိခဲ့ပါ တယ် ” လို့ တွေ့ရှိခဲ့သူ ဂျုံး က ရေးသားခဲ့ပါတယ်။
ဒီ ဓာတ်ပုံပေါ်မှာ အငြင်းပွားသူများ အမြားအပြား ရှိနေပြီး မြင်တွေ့ခဲ့သူများ ကတော့ ဒီအလောင်းဟာ ရေသူမ ရဲ့ အလောင်းဖြစ်တယ် လို့ဆိုခဲ့ကြပေမဲ့ တစ်ခြားသော သူများကတော့ သေဆုံးနေတဲ့ အညိုရောင်ဖျံတစ်ကောင် ရဲ့ အလောင်းသာ ဖြစ်တယ် လို့ဆိုခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ အမျိုးသား သမုဒ္ဒရာနှင့် လေထု ဆိုင်ရာကြီးကြပ်ရေး အဖွဲ့(National Oceanic and Atmospheric Administration (NOAA) ကတော့ ရေထဲမှာ  လူဆန်ဆန် သတ္တဝါများ ရှိနေတယ် ဆိုတဲ့ အထောက်အထား မရှိသေးဘူးလို့ဆိုပါတယ်။


” ရေသူမ နဲ့ရေသူထီးများ ရှိနေတယ် ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။ ဒါပေမဲ့ ဘာကြောင့် လူပြော များနေရလဲ ဆိုတာကတော့ ပင်လယ်ပျော် လူတွေရဲ့ မသိစိတ်ထဲက ရေသူမများ ရှိတယ် လို့ စိတ်စွဲနေတာကြောင့် ဖြစ်ပါတယ်။ ” လို့ NOAA က သူတို့ရဲ့ Website မှာဖော်ပြခဲ့ပါတယ်။


Arkar Hein ( Shwemom)
Ref : Rach Feed

No comments:

Post a Comment