Thursday, April 6, 2017

မြန်မာနှစ်ဆန်း (၁) ရက်နေ့ ခေါင်းဆေး မင်္ဂလာ ဆောင်ရွက်ချင်တဲ့ မိတ်ဆွေများအတွက်



နှစ်ဟောင်းမှာ ရှိတဲ့ မကောင်းတဲ့ အခိုက်အညံ့တွေ ကင်းစင်ကြေပျောက်ပြီးတော့ .... နှစ်သစ်မှာ စိတ်သစ် လူသစ် ၊ အားသစ် အင်သစ် ၊ အကြံသစ် ဥာဏ်သစ်တွေနဲ့ တစ်နှစ်တာလုံး အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့ အန္တရာယ်ကင်းဘေးရှင်းပြီး ကံဇာတာပွင့်လန်းတိုးတက် ၊ စီးပွားတက်ရလေအောင် ၊ အကြံအစည်ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်အောင် ခေါင်းဆေးမင်္ဂလာ ကို ဆောင်ရွက်နိုင်ပါတယ် ....။
.
မြန်မာနှစ်ဆန်း(၁) ရက်နေ့ မဟုတ်သော်လည်း အကြောင်းကြီးငယ် ရှိတိုင်း ခေါင်းဆေးမင်္ဂလာကို ပြုလုပ်ဆောင်ရွက်နိုင်ပါတယ် ... ။
.
ရှေးဆရာ အစဉ်အဆက် အားကိုးအားထားပြု  လက်ဆင့်ကမ်း အသုံးပြုလာခဲ့သော ၊ ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းက စစ်ချီ စစ်ထွက်တဲ့အခါ၊ တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်တဲ့အခါ၊ မင်းလောင်းပေါ်တဲ့ အခါမျိုးတွေမှာ ကံဇာတာအခိုက်အညံ့များပြေပျောက်ရအောင် ပြုလုပ်ဆောင်ရွက်လေ့ရှိသော ၊ အရမ်းသတင်းကြီးသည့် မရမ်းတလင်းတောကြီး၏ အစပ် အဘဆရာကြီးမင်းသိင်္ခ ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် နေ့စဉ်နှင့်အမျှပြုလုပ်ဆောင်ရွက်ပေးခဲ့သော ၊ (၇)  ရက်သားသမီးများ၏ အခက်အခဲ ဒုက္ခပေါင်းများစွာကို ကူညီ ကယ်တင်ဖြေရှင်းပေးနိုင်ခဲ့သော အလွန် အင်မတန် အစွမ်းထက်မြက်သော ယတြာနည်း တစ်ခုဖြစ်ပါတယ်။ (ဇာတာဆေးသည် ဟုလည်း ခေါ်ကြသည်)
.
ကံမကောင်းတဲ့ အခါ ၊ ဘာပဲလုပ်လုပ် အဆင်မပြေတဲ့အခါ ၊ စီးပွားကျနေတဲ့အခါ ၊ အခက်အခဲ အကြပ် အ တည်းများကြုံတွေ့နေရတဲ့အခါ ၊ အကြွေးတင်နေတဲ့ အခါ ၊ ရစရာရှိတဲ့ငွေတွေ မရတဲ့အခါ ၊ ဂြိုဟ်စီးဂြိုဟ်နင်းညံ့တဲ့အခါ ၊ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ ရည်ရွယ်ချက်များပြုလုပ်ဆောင်ရွက်ဖို့ ရှိတဲ့အခါ ၊ စာမေးပွဲ  အင်တာဗျူး ဖြေတဲ့အခါ ၊ 




အရေးကြီးတဲ့ စကားများပြောဖို့ရှိတဲ့အခါ ၊ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ဖို့ရှိတဲ့အခါ ၊ ကျန်းမာရေးညံ့တဲ့အခါ ၊ အနာသိ ဆေးရှိ ဆရာဝန်လည်းရှိ သော်လည်း ရောဂါဝေဒနာတွေ တော်တော်နဲ့ မပျောက်ကင်းတဲ့ အခါ ၊ မကောင်းတဲ့ အတိတ်နိမိတ်တွေ မြင်တွေ့ ကြားသိရတဲ့အခါ ၊ 

မကောင်းတဲ့ အိပ်မက်တွေ မက်တဲ့အခါ ၊ ခရီးထွက်ခါနီး အခါ စသည်ဖြင့် စီးပွားရေး၊ ကျန်းမာရေး ၊ ငွေရေးကြေးရေး ၊ လူမှုရေး ၊ အချစ်ရေးနှလုံးသားရေး ၊ အိမ်မထောင်ရေး အဆင်မပြေတဲ့ အခါမျိုးတွေမှာ ....။
.
မိမိမှာ ရှိနေတဲ့ ၊ ကြုံတွေ့နေရတဲ့ ၊ အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး ကံဇာတာ ပွင့်လန်း တိုးတက်ရလေအောင် ကံပွင့် ကံမြှင့် ခေါင်းဆေး မင်္ဂလာယတြာ အစီအရင်ကို ဆောင်ရွက်နိုင်ပါတယ် ...။








.
.
.
မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ် လိုလားသော
.
မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)
.
၂၀၁၇ ဧပြီလ
.
နွေဦးကာလ၏ ဆွတ်ပျံ့ကြည်နူး လွမ်းမောဖွယ်ကောင်းလှသော ဧပြီလ၏နေ့ရက်များ



ဗေဒင်



No comments:

Post a Comment