Sunday, April 9, 2017

စိုးရိမ်ခြင်း ကင်းအောင် ဘယ်လိုလုပ်မလဲ



“ဒေါသ”ကို ပယ်သတ် လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
“ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။”

စိုးရိမ်တယ် ဆိုတာ အမျက် ဒေါသ ရှိနေလို့ပါ။ အချို့လူတွေ ကတော့ ဒေါသ ဆိုတာ မျက်နှာတွေ ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့သိထားကြပါတယ်။


တစ်ကယ်တော့ “စိုးရိမ်ကြောက်လန့်”တာဟာလည်း ဒေါသကြောင့်ဖြစ်တာပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။

 ဒေါသရှိနေလို့ပေါက်ကွဲတယ်။
ဒေါသရှိနေလို့ ကြောက်တယ်။ စိုးရိမ်တယ်။


 ဒေါသမရှိရင် ပေါက်လည်း မပေါက်ကွဲတော့ဘူး။
ကြောက်လည်း မကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။

ဒေါသ အားကြီးတဲ့ သူတွေကျတော့ ကြောက်စိတ်တွေ ၊ စိုးရိမ်စိတ်တွေ ပိုများတယ်။
ဒေါသ နည်းအောင်ကျင့်နေတဲ့ သူတွေ ကျတော့ ကြောက်စိတ်တွေ စိုးရိမ် စိတ်တွေ နည်းလာတယ်။
ဒေါသ ကို အမြစ်ပြတ် ပယ်သတ်ပြီးတဲ့ သကဒါဂါမ် ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တွေ မှာတော့ ကြောက်စိတ် တို့ စိုးရိမ်စိတ် တို့ လုံးဝ မရှိတော့ပါဘူး။

“ကိုယ်နဲ့ နှုတ်”မှာ ဖြစ်ပေါ်နေတဲ့ ဒေါသတွေ ပြေပျောက်ဖို့ အတွက် “သီလ”စောင့်ထိန်းရပါမယ်။
“စိတ်”ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါသ ကို ဖြေဖျောက်ဖို့အတွက် “သမထ”လုပ်ငန်းလို့ခေါ်တဲ့ ၊
စိတ် ကို တည်ငြိမ်အောင် လုပ်ခြင်း၊ မေတ္တာပွားများခြင်း တို့ကို ပြုလုပ်ရပါမယ်။



ဘ၀ အဆက်ဆက် က ကိန်းအောင်းနေတဲ့ ဒေါသ ကို ပညာ လို့ခေါ်တဲ့ “ ၀ိပဿနာ ”ကို များများ အား  ထုတ် ရပါမယ်။ 

ထိုကဲ့သို့ “သီလ၊ သမာဓိ၊ ပညာ” တိုးတက်အောင် လုပ်ခြင်းဖြင့် ဒေါသ စိတ်တွေ ပါးသထက် ပါးပြီး စိုးရိမ် စိတ်တွေ လည်းလျော့ပါး သွားပါလိမ့်မယ်

ဒေါသကို အမြစ်ပြတ် ပယ်သတ်နိုင်ရင်တော့ စိုးရိမ် စိတ်တွေ လုံးဝ ကင်းရှင်းပြီး အဆုံး စွန်သော 
“အေးချမ်းမှု ချမ်းသာ” ကို ခံစား သိရှိရပါလိမ့်မယ်။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ


Thanks;
#DhammaDãnaSource
#Dhammaပီတိ

No comments:

Post a Comment