Tuesday, May 16, 2017

အိမ် ထဲမှာ.သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ ကို သတိ ထား



ကျနော် ဒီနေ့ ညစာ အပြင်ထွက်စားဖြစ်တယ် ။ ခွဲမှူးနဲ့ အတူပေါ့.....
တစ်နေကုန် ပင်ပန်းတာနဲ့ ဟင်းချက်စရာ အဆင်သင့်မရှိတာရောပေါ့ ။

ထမင်းဆိုင် အထဲရောက်တော့ ဟင်းမှာနေတုန်း ရေစက်မောင်းသံကြားနေရတယ်........
မီး ကလည်း မငြိမ်ဘူး မှိတ်တုတ် မှိတ်တုတ် ကောင်မလေးတယောက်က အိမ်ထဲမှာ မီးပူတိုက်လို့ပေါ့.......
ဒါနဲ့ ဆိုင်ရှင်ကြီးတော်ကြီးကို " ရေစက်မောင်းနေတာလားလို့ " မေးမိတယ်......
ဆိုင်ရှင်က " ဟုတ်တယ် တစ်နေကုန် တစ်ညလုံး မီးပျက်နေလို့ မီးလာတုန်းရေတင်နေရတယ် "တဲ့......

ဒါဆိုရင် မီးပူကိုနောက်မှတိုက်ပါ " တော်ကြာလောင်ကုန်လိမ့်မယ် "လို့ စိတ်ပူပြီးပြောမိတယ်....
ခွဲမှူး က "မီတာလောင်နိုင်တယ်"လို့ဖြည့်ပြောတော့မှ ကောင်မလေးကို မီးပူမတိုက်ခိုင်းတော့ဘူး...

တစ်ကယ်တော့ အိမ်သုံးမီတာ ၁၀/၃၀ အင်ပီယာ တစ်လုံးဟာ ၁၀ အင်ပီယာဘဲ တောက်လျောက် သုံးလို့ရတယ်လို့ပြောရင် နားလည်သူ အတော်နည်းပါတယ်......

ဝပ်၂၀၀၀ လောက်သာ သုံးသင့်တယ်လို့ပြောရင် အများနားလည်မယ်ထင်ပါတယ်......

မီးပူ တစ်လုံး ဝပ် (Watt) ၁၀၀၀
ရေစက်မော်တာ ၂ကောင် တစ်လုံး ဝပ် ၁၄၉၂
မီးဖို ဝပ်၂၀၀၀ ၁၈၀၀
ပေါင်းအိုး ဝပ် ၇၅၀.၁၀၀၀
ရေနွေးအိုး ၁၀၀၀ ၀ပ်
ဒယ်နီ ၇၅၀..၁၂၀၀..၁၈၀၀ ဝပ်
စတာတွေ အကြမ်းဖျင်းသိစေချင်ပါသည်။

တစ်ပြိုင်တည်း သုံးလို့ မနိုင်ရင် တစ်ချိန်ချိန်မှာ မီတာလောင်ပါမယ်....
အခန့်မသင့်ရင်နေအိမ်ပါလောင်ပါမယ်..


မိမိသုံးမယ့် ပစ္စည်းများမှာသေသေချာချာ ဖတ်ကြည့်ပါက ဝပ် (Watt) ဘယ်လောက် ရှိတာသိနိုင်ပါတယ် ။
မီးပြန်ရလို့ တစ်ကယ် အရေးကြီးတာကိုသာ သုံးစွဲခြင်းဖြင့် အန္တရာယ်ကင်းကြပါစေလို့ ။ 
လျှပ်စစ် မီး ပြန် လာ နေ ဘီ။ အိမ် ထဲမှာ.သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ ကို သတိ ထား ပြီးအလေး ထား သုံးစွဲ ကြ ပါ လို့  ။ 

watt (၅၀၀၀) ကျော် လွန် သုံးစွဲ ပါ က အိမ် မီတာ နောက် တစ်လုံး သို့  မဟုတ် ဒိထက် ပို ၍ သုံးစွဲ လို ပါ က အိမ်သုံး စက် မှု မီတာ လျှောကိ ထား သုံးစွဲ ကြ ပါ ခင် ဗျာ ။


#credit တင့် ဇော် #

No comments:

Post a Comment