Friday, July 21, 2017

သွေးကင်ဆာ ရောဂါ


ပဲခူးတိုင်း၊ သာယာဝတီမှ ဦးအောင်သိန်း ဟာ သွေးကင်ဆာရောဂါဖြစ်နေပြီ ဆိုတာကို ဆရာဝန် ဆီကနေကြား ရပြီးကတည်းက မိမိကိုယ်ကို သေလူဖြစ်ပြီဆိုပြီး စိတ်ဓါတ်ကျသွားပါတယ်။ အကြောင်းကတော့ သွေးကင်ဆာပျောက်အောင် ကုသရန် ငွေကြေး အခက်အခဲကြောင့်ပါပဲ။ 

စိတ်ဓါတ်ကျသွားသည့်အတွက် လူကလည်း တစ်နေ့ တစ်ခြား ပိန်ချုံးလာပါတော့တယ်။ မိတ်ဆွေများက စိတ်ဓါတ်မကျဖို့ ၀ိုင်းဝန်းဖြောင်းဖျပေးကြပါတယ်။

တစ်နေ့မှာ မြို့ကိုကြွလာတဲ့ အာဂန္တု ဆရာတော်တစ်ပါးမှိုင်းရင်းဆေးနည်းဖြင့် ကုသဖို့ ဆေးနည်းပေးခဲ့ပါတယ်။ ဦးအောင်သိန်းလည်း ၄င်းဆေးနည်းကို ယုံကြည်စွာ သောက်သုံးခဲ့သည့်အတွက် သွေးကင်ဆာရောဂါဟာ မယုံကြည်နိုင်အောင်ပျောက်ကင်းသွားပါတယ်။ 

တစ်ခုပြီး တစ်ခု ဖြစ်နေတဲ့ ၀မ်းချုပ်၊ ၀မ်းအောင့်၊ လေနာ၊ ၀မ်းဖော စသည့် ရောဂါများလည်း ပျောက်ကင်းသွားပြီး ပြန်လည် ကျန်းမာဝဖြိုးလာပါတော့တယ်။

ဒါ့ကြောင့် ဒီဆေးနည်းကို  အများသိအောင် မျှဝေပေးလို၍ မိတ်ဆွေများကိုလည်း မကြာခဏ ညွန်ကြားပေးနေပါတယ်။ အနာနဲ့ဆေး တည့်သွား၍ ပျောက်ကင်းသွားသော ဝေဒနာရှင် အမြောက်အများ ရှိနေပါပြီ။

- ဆေးနည်း

(၁) နာနတ်သီး အမှည့် ၅ လုံးခန့်ကို အခွံခွါပြီးလျှင် အရည်ကိုညှစ်ယူပါ။

(၂) ၄င်း နာနတ်သီး အရည်ကို သန့်ရှင်းသော အ၀ကျယ် ဖန်ပုလင်းများတွင် ထည့်၍ အဖုံး ဖွင့်ထားကာ (၄) ရက်ခန့် နေလှန်းပါ။ (နေဖြင့် ချက်သည့် ချက်ဆေးသဘောဖြစ်ပါတယ်။)

(၃) ၄င်း နာနတ်ရည်ကို တစ်နေ့ ၃ ကြိမ် လက်ဖက်ရည်ပန်းကန် တစ်လုံးစာခန့်စီ သောက်ပါ။




(၄) ၀မ်းယောင်၊ ၀မ်းနာ၊ ပိုက်ပွ၊ ၀မ်းချုပ်၊ လေအောင့် ရှိသူများ ဆားမီးဖုတ် မန်ကျည်းစေ့ခန့်နှင့် အတူ သောက်ပါ။

(၅) တစ်ပတ်ပြည့်လျှင် တစ်နေ့ကို ၂ ကြိမ်သာ သောက်ပါ။ တစ်လခန့် ဆေးကို ဆက်သောက်ပေးပါက ရောဂါအမြှစ်ပြတ် ပျောက်ကင်းနိုင်ပါသည်။

သတိပြုရန် -

လူနာသည် တိရစ္ဆာန် ၀မ်းတွင်းသားများကိုလည်း ရှောင်ရပါမည်။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည့် မည်သည့် ဥကိုမှ မစားပါနှင့်။

သင့် ပတ်ဝန်းကျင်မှာလည်း ဝေဒနာရှင်များ ရှိလျှင် သူတို့အတွက် ဒီဆေးနည်းလေးကို မျှဝေပေးနိုင်ကြပါ တယ်။ ရောဂါဝေဒနာများပျောက်ကင်း၍ လူ့သက်တမ်းပြည့် နေထိုင်နိုင်ကြပါစေ။




Credit : ကျန်းမာရေးသတင်းများ


BetterBest BestBetter


No comments:

Post a Comment