Friday, August 11, 2017
ရွှေတောင်ပံ ချွေရန်ခက်သည်
ရွှေတောင်ပံ ချွေရန်ခက်သည်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
 တပ်မတော်(လေ)...ဂုဏ်ပြုဆောင်းပါး
အပိုင်း(၁)
ရေးသားသူ..........Star Shinester
တပ်မတော်လေ မွေးဖွားခဲ့သည်မှာနှစ်ပေါင်း ၆၉နှစ်ပြည့်မြောက်ခဲ့ပြီ ။ ဗမာ့လေတပ်မတော်(Burmese air force) အဖြစ် အင်္ဂလိပ် လက်အောက် ၁၉၄၇ခုနှစ် ဇန်န၀ါရီ ၁၆ ရက်နေ့မှ စတင်ကာ Airspeed Oxford  လေယာဉ် အစီး.၄၀၊ Havilland Tiger Moth လေယာဉ် ၁၆စီး၊ Auster လေယာဉ်လေးစီး၊ Supermarine Spitifire လေယာဉ်  ၃ စီးကို ဗြိတိသျှတို့ ထံမှ လွှဲပြောင်းရယူ ဖွဲ့စည်းခဲ့သော တပ်မတော်လေ ဟာ ၁၉၄၇ ခုနှစ် မှာ ဗမာ့ လေတပ်မတော် ဥပဒေကိုပြဌာန်းပြီး စတင် အသက်ဝင်ခဲ့တယ် ။
ရွှေတောင်ပံတပ် လေသူရဲတွေကို ကြည့်အုန်းမလား..
၁၉၄၀ ခုနှစ် အပျော်တန်း လေယာဉ်မောင်းကလပ်ကို တိုက်ဂါးမော့ လေယာဉ်တွေနဲ့ စတင်ဖွဲံစည်းစဉ် က တည်းက အိန္ဒိယတို့ နယူးဇီလန်တို့ကို သွားပြီး ပညာသင်ခဲ့သူတွေ ။
ဂျပန်အ၀င် အင်္ဂလိပ်တွေ အိန္ဒိယကို ဆုတ်ခွာတော့လဲ ဗမာ့ အပျော်တန်း လေတပ်က လေသူရဲတွေ လိုက် ပါ သွားပြီး အင်္ဂလန် ၊ဟော်လန်၊ ဂျာမန် လေကြောင်း တိုက်ပွဲကြီးတွေမှာ မဟာမိတ်တွေ ဘက်က ကူ တိုက်ပေးခဲ့ကြတဲ့ ဒေါင်ဒေါင်မည်တွေ ။
အင်္ဂလိပ်ဆီက၁၉၄၈ခုနှစ်လွတ်လပ်ရေးရတော့ဗမာ့လေတပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်ပြီး ပြည်တွင်းသောင်းကျမ်းသူတွေကို လက်စွမ်းပြခဲ့ကြတယ်..တံဆိပ်ကလဲ နဂါး တစ်ကောင် ပေါက်တော့မည့်ဟန် အမောက်ထောင်နေပြီး သတ္တိ ဆိုတဲ့ စာသားကပါသေးတယ် ။
၁၉၄၉ ခုနှစ် ဇန်န၀ါရီ.၁၀ရက်..
မြစ်ဝကျွန်းပေါ်ဒေသက သောင်းကျမ်းသူတွေကို တပ်မတော်က အကြီးအကျယ် ထိုးစစ်ဆင်တိုက်တဲ့အချိန်..
ဇန်န၀ါရီ.၂၀ ရက်မှာ ပန်းတနော်မြို့ အနီးက သောင်းကျမ်းသူတွေကို လေသူရဲ့ အဆင့်. ၄ ဗိုလ်စောဖြူ နဲ့  ဗိုလ်ထွန်းစိန် မောင်းတဲ့ အော်စကာ လေယာဉ်.၂စီး၊ က အပြင်းအထန် တိုက်ရာ ရန်သူ ပစ်ခတ်တဲ့ကျည်ဆံထိမှန်လို့ အော်စကာလေယာဉ်တစ်စီး ပေါက်ကွဲပြီး ဗိုလ်ထွန်းစိန်နှင့် သေနတ်သမားလှကြည်တို့ ကျဆုံးခဲ့ ရတယ် ။
၁၉၄၉.ခု ဒီဇင်ဘာလ.၁၅ ရက်နေ့မှာ ရန်သူရဲ့ စာဘူးတောင်း ခံတပ်ကြီးကို တောင်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇော ကိုယ်တိုင် ဦးစီးပြီး တိုက်ရာ တပ်မတော်လေကလဲ ပါဝင်တိုက်ခိုက်ခဲ့တယ် ။ ဒီတိုက်ပွဲမှာ အောက်စဖို့ လေယာဉ်ကို ရန်သူကျည်ဆံ ထိမှန်တာကြောင့် ဒုဗိုလ်ထင်ကြီးနှင့် သေနတ်သမား ၂ဦး ကျဆုံးခဲ့ပြန်တယ် ။
ပြည်တွင်းသောင်းကျမ်းသူကိုနှိမ်နင်းနိုင်လို့ ရန်ကုန် အစိုးရဘ၀က လွတ်မယ် ကျန်ရုံရှိသေးတယ် အရှေ့မြောက်နဲ့ မော်လမြိုင် ပင်လယ်ထွက်ပေါက်အထိ တရုပ်ဖြူ ကူမင်တန်တွေ ကျူးကျော် ၀င်ရောက်လာပြန်တယ် ။
ကုလသမဂ္ဂက မြန်မာ ၊ ထိုင်း ထိုင်ဝမ် နဲ့ အမေရိကန် တို့ပါတဲ့ ကော်မရှင်ကို ဖွဲ့ပြီး တရုပ်ဖြူတွေ ထွက်ခွာရေးဆောင်ရွက်ပေးပေမဲ့ အမေရိကန်၊ ထိုင်ဝမ် နဲ့ ထိုင်း တို့ ပါဝင်နေတာကြောင့် ကော်မရှင်ဟာ ထိထိရောက်ရောက်ဘာမှ လုပ်နိုင်ခြင်းမရှိခဲ့ဘူး ။
တစ်ခြားနိုင်ငံတွေက. ကိုယ့်ဖာသာကိုယ် တိုက်ထုတ်ပါလား ဘာလို့ ကုလသမဂ္ဂ တင်နေသေးလဲ ၊ ဘာလို့ လွတ်လပ်ရေး ယူသေးလဲ  ကျွန်းကလေး တစ်ကျွန်းပေါ် သွားနေကြပါလား လို့ မေးငေါ့ကြလို့ နိုင်ငံ ရဲ့ဂုဏ်သိက္ခာကျဆင်းခဲ့ရတယ် ။
ဒါကြောင့် တပ်မတော်ဟာ နဂါးနိုင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေး စတာတွေ နဲ့ တရုပ်ဖြူကို တိုက်ထုတ်ခဲ့ကြရတဲ့ နေရာမှာ တပ်မတော်လေဟာလဲ ပါဝင်ခွင့်ရခဲ့တယ်။ ၁၉၅၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး အက်စ်ခင်ဟာ အောက်စဖို့ လေယာဉ်မှာ ဒုံးပျံ တပ်ဆင်ဖို့ စမ်းသပ်ရာက ကျိုင်းတုံလေယာဉ်ကွင်း အနီး လေယာဉ်တောင်ပံ ကျိုးကာ ကျဆုံးခဲ့ရတယ်။
 မြန်မာပြည်တွင်းက ကူမင်တန် တရုပ်ဖြူတွေကို ဖေါ်မိုဆာဟာ CIA အကူအညီ နဲ့ လက်နက် ရိက္ခာတွေကိုလေယာဉ်နဲ့ ချပေးလေ့ရှိတဲ့ သတင်းတွေ တပ်မတော်လေက ရတယ်။ ဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်၊ ဗိုလ်ပီတာတို့ သွားသွားချောင်းနေခဲ့ကြတယ်။ 
တစ်နေ့တော့ ဗိုလ်ချစ်ခိုင်၊ ဗိုလ်မောင်သိန်း၊ ဗိုလ်ပီတာ တို့ရဲ့ Seefury လေယာဉ် ၃ စီးဟာ တိမ်တိုက်တွေကို မိတ်ဖွဲ့ရင်း သားကောင်ကို ချောင်းဖို့ထွက်ခဲ့ကြတဲ့ အချိန်မှာ အမှတ်အသားတွေ ဖျက်ထားတဲ့ အမေရိကန်လုပ်စက် ၄ လုံးတပ် BP.4.Y.Privateer.B.29 မျိုးကွဲလေယာဉ်ကြီး တစ်စီး ကူမင်တန်တွေကို လက်နက်ရိက္ခာ ချဖို့ Tree top level နှင့် သူခိုးချောင်း.ချောင်း ပြီးဝင်လာတာနဲ့ ဘွားကနဲ ပက်ပင်း တိုးတော့တယ် ။ 
ရန်သူလေယာဉ်ကြီးက အကောင်ကြီးသလောက် စွမ်းအားလဲ ရှိသလို စက်အမြောက်၁၂ လက်လဲ တပ် ဆင် ထားတယ်။ တပ်မတော်လေက လေယာဉ်တွေက အကောင်ငယ်ပေမည့် အင်္ဂလန်နိုင်ငံလုပ် လေယာဉ်တွေဖြစ်ပြီး အာရှရဲ့အကောင်းဆုံးလေယာဉ်မှူးတွေ မောင်းတဲ့ စက်သေနတ် ၂ လက် တပ်ဆင်ထားတဲ့လေယာဉ်တွေဖြစ်တာကြောင့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပို င်း အာရှရဲ့ပထမဆုံး Dogfightကိုဆင်နွှဲကြတယ်။ 
အခြေအနေ မဟန်မှန်း သိတော့ ရန်သူ့လေယာဉ်ကြီးဟာ စက်သေနတ် ၁၂ လက်နဲ့ အဆက်မပြတ် ပစ်ရင်း ထိုင်းငံ လေပိုင်နက်ထဲ ၀င်ပြေးဖို့ ကြိုးပန်းချိန်မှာ ရန်သူ လွတ်ထွက်မသွားစေဖို့ ရှေ့က ပိတ်ဆို့ထားတဲ့ ဗိုလ်ပီတာမောင်းတဲ့ လေယာဉ်ကို စက်သေနတ် ၁၂လက်နှင့် ပစ်ခတ်ခြင်းခံလိုက်ရတယ် ။
ရန်သူ လွတ်ထွက် မသွားစေဖို့ ရှေ့က ပိတ်ဆို့ထားတဲ့ ဗိုလ်ပီတာမောင်းတဲ့ လေယာဉ် အမှတ်.UB.466 လေယာဉ်ကို ရန်သူ့ကျည် ထိမှန်ပြီး ဗိုလ်ပီတာကိုပါ စက်သေနတ်ကျည် ထိမှန်ခဲ့တယ် ။ ဒါပေမယ့် ဗိုလ်ပီတာဟာလေယာဉ်ကို အပျက်အစီး အသက်သာဆုံးနဲ ထိုင်းနယ်မြေထဲ ထိုးဆင်းခဲ့ပြီဲး့ ၊ ဒဏ်ရာကြောင့်    တိုင်းပြည် အတွက် အသက်ပေးခဲ့ရတယ် ။ 
ရန်သူ့လေယာဉ်ကြီးဟာလဲ မြန်မာ့ပိုင်းလော့တွေ လက်ချက်နဲ့ ထိုင်းနယ်မြေထဲကို မီးလောင်ပျက်ကျခဲ့တယ် ။ အရှေ့မြောက်ကောင်းကင်ယံမှာဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲကြောင့် တပ်မတော်လေဟာ ချက်ခြင်းကျော်ကြားသွားတယ်။
နောက်ပိုင်းမှာ တပ်မတော်လေဟာ အင်္ဂနိုင်ငံထုတ် Vampire တွေ၊ အမေရိကန်လုပ် T.33 တွေ ၀ယ်ယူအားဖြည့်လိုက်တဲ့ အချိန်မှာ မြင်းကို ဂျိုတပ်ပေးသလို အရှေ့တောင် အာရှမှာတင် မကပါဘူး၊ အင်ဒိုချိုင်းနားမှာပါ ပထမဆုံး ဂျက်လေယာဉ်တွေ အကောင်းဆုံးလေယာဉ်မှူးတွေနဲ့ တိုက်ပွဲဝင်နိုင်တဲ့နိုင်ငံဖြစ်ခဲ့တယ် ။ကနေ့ ကမ္ဘာမှာ အကောင်းဆုံး လေတပ်လို့ နာမည်ကျော်နေတဲ့ အစ္စရေးဟာ အဲ့ဒီအချိန်က ဘယ်နေ မှန်းတောင် မသိခဲ့သေးဘူး ။
ဗင်ပါယာ နဲ့ T.33 တွေနဲ့ ကခဲ့တဲ့ ပွဲပေါင်းဟာ ရေတွက်ဖို့တောင် အတော်ခက်ပါတယ် ။ နောက်ပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံထုတ် PC.6/7လေယာဉ်တွေကိုပါ ၀ယ်ယူခဲကြတယ်။ တပ်မတော်လေ က ရွှေတောင်ပံတွေ လက် စွမ်းပြခဲ့တဲ့ပွဲတွေဟာ မနဲလှပါဘူး ။ 
ထင်ရှားတဲ့ ပွဲတွေ ကတော့ ၁၉၇၀ ခုနှစ်မှာ မုန်းစီးနားလည်ကို ၀င်လာတဲ့ ဗကပတွေကို အောင်သီဟ စစ်ဆင်ရေးဖြင့်၎င်း၊ ပန်ဆန်း၊ မုန်းပေါ်၊ ဂျုံးဂျုံးဂျက်၊ ကွန်လုံ ဟိုက် ကမ်း ပါး၊ တိုက်ပွဲတွေမှာ T.33တွေ လက် စွမ်း ပြခဲ့ကြသလို ၁၉၇၆ ဖာပွန်တိုက်ပွဲ၊ ကဇူးကောင် တိုက်ပွဲ၊ မိုးဟိန်းအဆင့်.၁ ၊နေမင်းရောင် စစ်ဆင်ရေး၊ မိုးမိတ် တိုက်ပွဲ၊ မင်းရန်အောင် စစ်ဆင်ရေး စတာတွေက ထင်ရှားလှပါတယ် ။
ဒါကြောင့် မှတ်မှတ်ရရ တိုက်ပွဲကြီးတွေ အကြောင်းဘဲပြောပြချင်တယ် ။ တစ်ကယ်တော့ တပ်မတော်လေက စစ်သည်တော်တွေဟာ ညီနောင်ခြေလျင်စစ်သည်တွေလို အိုဗာဟက် ခံကတုတ်တွေ ၊မြေခွေးကျင်းတွေမလိုပါဘူး ၊ကောင်ကင်က အစာသုပ်တဲ့ သိန်းငှက်တစ်ကောင်လို ရန်သူဆီကို ရင်ဖွင့်ပြီး ကျွမ်းကျင်မှု့နဲ့ လျှင်မြန် မှု့ကို သုံးကာ ၀င်ရောက် တိုက်ခိုက်ပြီး ကွန်မန်ဒိုတွေလို မြင်ကွင်းက ပျောက်ကွယ်သွားအောင် စွမ်းဆောင် ရသူတွေဖြစ်တယ် ။
နေမင်းရောင် စစ်ဆင်ရေး
★ ★ ★ ★ ★ ★★ ★ ★
အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေမှာ ဆင်နွှဲ့မည် နေမင်းရောင် စစ်ဆင်ရေးကြီးမှာ ပါဝင်ဖို့ တိုက်လေယာဉ်အုပ်တွေ နဲ့ ရဟတ်ယာဉ်အုပ်တွေဟာ ကျိုင်းတုံမှာ တပ်စွဲခဲ့ကြတယ် ။
မိုင်းပေါက် ၊၀မ်ဆီလူး၊ ပန်းကိုင်၊ ၀မ်ဟေဟုတ်၊ ၀မ်နောင်ကြီး စခန်းများကိုအခြေပြုကာ ဗကပ တပ်ရင်းကြီး ၄၀၄၈နှင့် ၃၀၃၅ တို့ဟာ ၀မ်နောင်လေးနှင့် လွယ်ယုတ် စခန်းကုန်းများမှာ အခိုင်အမာ ခံစစ် ယူထားကြရာတပ်မ.၈၈ လက်အောက်ခံ တပ်များက အပြင်းအထံ ထိုးစစ်ဆင်သိမ်းပိုက်ရန်ကြိုးပန်းနေချိန်..
တိုက်လေယာဉ် အုပ်စုများသည် ယင်း တောင်ကုန်းများအား လေကြောင်း တိုက်ခိုက်ရန် လေယာဉ်အမှတ်. 4007 ဦးဆောင်သော PC.6 လေယာဉ်များဖြင့် ကျိုင်းတုံမြောက်ဘက် ညိုမှောင်သည့် တောင်တန်းများဆီ သို့ ပျံသန်းခဲ့ကြတယ် လေယာဉ်နဲ့အတူ လိုက်ပါလာတဲ့ ဒုတပ်မမှူး က ဒို့ဝမ်နောင်လေးကို အရင်ချမယ်ဟေ့။
ဒုတပ်မှူး ၏ အမိန့်အရ လွယ်မူစူး စခန်းကုန်း၏ ညာဘက်ရှိ ၀မ်နောင်လေးနှင့် ၀မ်နောင်လေးနောက်ဘက် ကိုက် ၅၅၀၀ အကွာရှိ လွယ်ယုတ်စခန်းများကိုပါ PC.6 လေယာဉ်များက တိုက်ရာ မီးဟုန်းဟုန်းတောက်လောင် ကုန်တော့တယ်၊ တပ်မ ၈၈ လက်အောက်ခံ တပ်များဖြစ်သော ခလရ.၁နှင့် ခလရ.၁၁ တို့က လေကြောင်း အကူဖြင့် ယင်းစခန်းကုန်းများကို ကျားထိုး သိမ်းပိုက်ခဲ့ကြသည် ။ 
ယင်း တိုက်ပွဲကြီးတွင် တပ်မတော်လေ မှ T.33 လေယာဉ်နှစ်စီး ကို ဗိုလ်မှူး မျိုးတင် မှ ဦး ၍၄င်း၊ PC.6 လေယာဉ်လေးစီး ကို ဗိုလ်မှူးမြသန်း မှ ဦးဆောင်ကာ၊ ပါဝင်သောလေသူရဲများမှာ ဗိုလ်ကြီး သိန်းဆွေ၊ ဗိုလ်ကြီး ခင်မောင်သိန်း (Col.Lay Lwin.MAF) ဗိုလ်ခင်မောင်တင်၊ တွဲဘက်လေယာဉ်မှူးများ အဖြစ်၊ ဗိုလ် ဘုန်းမောင်မြင့် ၊ဗိုလ်တင်နိုင်ထွန်း၊ ဗိုလ်စိန်မြင့်၊ ဗိုလ်ထင်လင်း တို ပါဝင်ခဲ့ကြတယ် ။ 
ရဟတ်ယာဉ်အုပ်ကို ဗိုလ်မှူးမောင်ဒွေး က ဦးဆောင် တိုက်ခိုက်ခဲ့ကြပြီး ရဟတ်ယာဉ်များက ၁၂၀ မမ အမြောက်ကြီးလေးလက်၊ ၁၀၅.မမ အမြောက်ကြီး ၂ လက် ကို ပွိုင့်. ၆၃၆၃ သို့ ချိတ်ဆွဲ သယ်ယူပေးခြင်း ကိုဆောင် ရွက်ခဲ့ပြီး PC.6 လေယာဉ်များက ရန်သူနောက်တန်း စခန်းများဖြစ်သော လွယ်ပန်မကောက်၊ မိုင်းပေါက်၊ ၀မ်စမ်း ၊ရောင်ခေါက်၊ တို့ကို ထိုးဖောက် တိုက်ခိုက်ကာ ရန်သူ ဆက်သွယ်ရေး လမ်းကြောင်းများဖြစ်သော မိုင်းပေါက်၊ လွယ်ပန်တောင်း၊ ပန်ကောက်၊ ဟိုကာ၊ ၀မ်နောင်ကြီး၊ ဆီလူး၊ ပန်းကိုင် တို့အား လေကြောင်းပိုင်းဖြတ်တိုက်ခိုက်ခြင်း Air Interdiction လုပ်ရာ ရန်သူကြားဖြတ် စက်သတင်းများ အရ အလွန် အထိနာကြောင်းသိရှိရတယ်။
တပ်မတော်လေမှ ခေါက်ရေ ၁၀၉ ခေါက် ဗုံး အလေးချိန် ၄၂၇၇၂ ပေါင် ၊ကြဲချခဲ့ပြီး ကြည်း.လေ.အမြောက်ပူးပေါင်း စစ်ဆင်ရေးဖြင့် တိုက်ရာ ဖေဖေါ်ဝါရီလ. ၁၁ ရက်တွင် စခန်းအားလုံး အပြီးအပိုင်ပြန်လည် သိမ်း ပိုက် ရရှိခဲ့ပြီး ရန်သူ ၂၂၁ ဦး (အလောင်းရ.) ကို အသေရရှိခဲ့ပါတယ် ။
နိုင်ငံတော်မှ PC.6 လေသူရဲ. ၄ ဦးတို့ အား သူရဲကောင်း မှတ်တမ်းဝင် အဖြစ်၎င်း၊ တွဲဘက်လေသူရဲ လေးဦး အား ကာချုပ်၏ သူရဲကောင်းလက်မှတ် ချီးမြှင့်ခံခဲ့ရတယ် ။  ရွှေတောင်ပံ တို့၏ ရဲရင့် စွန့်စား တိုက်ပွဲများကား ရေးသား၍ ကုန်နိုင်မယ် မထင် ။
၁၉၇၄ ခုနှစ်မှာ ရာသီဥတု ဆိုးဝါးနေတဲ့ကြားက မြေပြင်က ညီနောင်တွေကို ပစ်ကူပေးဖို့ ရှမ်းတဲလေတပ် စခန်း ကနေ ပျံသန်းလာတဲ့ လေယာဉ် .၅ စီး ရွှေကျင် အနီးတောင်နှင့် တိုက်မိပြီး ရွှေတောင်ပံ ၁၀ ခက် ကြွေပျက်ခဲ့ရတာက မြန်မာ့ တပ်မတော်လေ သမိုင်းမှာ ဆိုးဝါးလှပါတယ် ။ 
အလွန်တော်တဲ့ လက်ဝှေ့ကျော်ကြီး ခြေခေါက်လဲလို့ ငုတ်စူး သလိုပါဘဲ ။ ထို့အတူ လှော်ကားကန်ထဲ ရေ ဆင်းသောက်ဘူးသလို ရန်ကုန်လေယာဉ်ကွင်း အဆင်းခြေခေါက် လဲပြီး မီးလောင် ပျက်စီးလို့ ရွှေတောင် ပန် တွေကြွေလွင့်ပြီးနောက်ပိုင်းမှာတော့ ၊T.33 တွေဟာ ရှမ်းတဲ လေတပ်စခမ်းရှေ့မှာ ထာဝရ အနားပေး လိုက်ရပါတော့တယ်။ 
T.33 တွေ အနားယူပြီးနောက်ပိုင်းမှာတော့ တစ်ချိန်က အင်ဒိုချိုင်းနားမှာ နာမည်ကြီးခဲ့တဲ့ တပ်မတော်လေ ဟာ နိုင်ငံရဲ့ ဓန အင်အားကြောင့် ဆွစ်ဇာလန်နိုင်ငံထုတ် PC.6/7 လေယာဉ်ကလေးတွေကိုဘဲ အားထားရာဖြစ်ခဲ့တယ် ။ လေယာဉ်တွေ ခေတ်မမှီပေမဲ့ ရွှေတောင်ပံတွေ ကတော့ ရှိတာနဲ့ တိုက်ပွဲဝင်ပြီး တပ်မတော်လေရဲ့ ဂုဏ်ကို ဆောင်ခဲ့ကြတယ် ။
ချူးရွှေ က Vimpire တိုက်လေယာဉ်ကလေး
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
ချူးရွှေ ပန်ကောက် တိုက်ပွဲအကြောင်း ရေးရင်၊ ဂုဏ်ပြုထိုက်သူတွေ အကြောင်းမပါရင် မပြီးဘူး ၊မြေပြင် တပ် ဖွဲ့က ဗိုလ်ကြီး သူရစစ်မောင် အပါအ၀င် သီဟသူရဘွဲ့တွေ၊ သူရဘွဲ့နှင့် သူရဲကောင်းမှတ်တမ်းဝင်တွေအတော်များများ ရခဲ့သလို တပ်မတော်လေကလဲ ဗိုလ်မှူးအုန်းခိုင် ဟာ သူရဘွဲ့ရရှိခဲ့တယ်။
ရန်သူ ဗကပ တွေဟာ ဟိုပန်ဒေသကို လွတ်မြောက်နယ်မြေ ထူထောင်ဖို့ ဗကပ စစ်သူကြီး ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ဦးစီးတဲ့ ဗကပတွေဟာ အင်အား အလုံးအရင်းနဲ့ ချူးရွှေကို သိမ်းပိုက်ခြေကုတ်ယူထားပြီး သတ် ကွင်းတွေ ဖန်တီးထားခဲ့တယ် ။ 
တပ်မတော်မြေပြင်တပ်တွေဟာ ရန်သူ အခိုင်အမာ ခံစစ်ကြောင်းကို ထိုးဖောက်တိုက်ပေမဲ့ ထိခိုက်ဒဏ်ရာရမှုများပြီး တိုးမပေါက်နိုင်ဖြစ်နေတာကြောင့် စစ်နညှ်းဗျူဟာပြောင်းကာ ရန်သူကို ၀ိုင်းပတ် ပိတ်ဆို့ထား လိုက် ပြီး အမြောက်ကြီးတွေ ၊လေယာဉ်တွေနဲ့ ချေမှူန်းတဲ့ နည်းဗျူဟာကို သုံးစွဲခဲ့တယ် ။
ဗင်ဟင်ဟိုစွမ် ဘက်က ရန်သူထောက်ပို့ လမ်းကြောင်းတွေကို ဗိုလ်မှူးချစ်ခိုင်တို့က လေကြောင်းပိုင်းဖြတ် တိုက်ခိုက်မှုတွေနဲ့ ချေမှူန်း ပစ်တာကြောင့် ရန်သူဟာ အထီးကျန်ဖြစ်ပြီး ဆုတ်ခွာရတော့တယ် ။ အာဖရိက စစ်မျက်နှာမှာ ရွမ်းမဲရဲ့ ဂျာမန်ပန်ဇာ တပ်ကြီးကို ဗြိတိသျှ စစ်သူကြီး မောင်ဂိုမာရီ က ဒီနည်းလမ်း အတိုင်းအနိုင်ယူခဲ့ဘူးတယ် 
ထို့အတူ အင်ဖာကိုဟီးမား စစ်ြေုမပြင်မှာလဲ စစ်သူကြီး ၀ီလျှံစလင်း က ဂျပန်ကို ဒီနည်းဗျူဟာနဲ့ အနိုင်ယူခဲ့တယ် ။ ရန်သူဟာ ရင်ကွဲတောင်က ရန်သူ လက်နက်ကြီးပစ်ကူ ယူပြီး ဆုတ်ခွာတဲ့ အခါ ဗိုလ်မှူးအုန်းခိုင် ဟာ ရင်ကွဲတောင်ကို တိုက်ဖို့ သက်တန်းလွန်နေတဲ့ ဗင်ပါယာလေး ယာဉ်ကလေးနဲ့ စွန့်စွန့်စားစား ၀င်ရောက် တိုက်ခိုက်ရင်း က လေယာဉ် အမြီးပိုင်းပြတ်ကျသွားခဲ့တယ် ။ 
ရန်သူရဲ့ ပွိုင့်.5 ကျည်ကြောင့်လား လေယာဉ်ရဲ့ အိုမင်းဆွေးမြေ့မှု့ကြောင့်လား ဆိုတာမေးခွန်းထုတ်စရာဖြစ်ခဲ့ရတယ် ။ ဘယ်လိုဘဲဖြစ်ပါစေ ရဲဝံ့စွန့်စားစွာ တိုက်ခဲ့တဲ့ ဗိုလ်မှူးအုန်းခိုင် ကိုနိုင်ငံတော်က သူရဘွဲ့ ချီးမြှင့်ခဲ့ပြီး၊ မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရွှေတောင်ပန်တွေမွေးထုတ်ရာ ခန်းမကြီးကို သူရအုန်းခိုင် ခန်းမ လို့ အမည်ပေးပြီး ရွှေတောင်ပံတွေကို ဂုဏ်ပြုခဲ့တယ်။
အရှေ့မြောက်ဒေသ တိုက်ပွဲတွေဟာ များလှပါတယ်။ ၁၉၇၂ ခုနှစ်တွင် ကွန်လုံတိုက်ပွဲ၊ ၁၉၇၃ ခုနှစ်တွင် ၀ဒေသ တိုက်ပွဲ့ကြီးများဖြင့် တိုက်ကွက်ဖေါ်ခဲ့ကြပြီး ၁၉၇၇ ခုနှစ်တွင် ချုးရွှေတိုက်ပွဲ၊ ၁၉၇၈ ခုနှစ်တွင် နောင်လိုင်ပါဖန် တိုက်ပွဲ၊ ၁၉၈၀ ခုနှစ်တွင် မိုင်းယောင်းမြို့သိမ်း တိုက်ပွဲနှင့် မန်ခူး မန်ခါး တိုက်ပွဲ တို့ကို ဆင်နွှဲခဲ့ကြပြီး၊ ကွန်လုံ တိုက်ပွဲ မော်ဖကို ထိမ်းချုပ်တဲ့ မင်းရန်အောင် စစ်ဆင်ရေးကြီးတွေမှာ တပ်မတော်လေ ရဲ့ အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။ တပ်မတော်လေဟာ ညီနောင်ခြေလျှင် စစ်သည်တို့နှင့် အတူ လက်တွဲ၍ ဗကပ တို့ကို တိုက်ထုတ်ခဲ့ကြရတယ်။
စီစီဝမ်တာ ပန်တိုက်ပွဲ
★ ★ ★ ★ ★ ★★ ★
၁၉၈၆ ခုနှစ် မှာတော့ ဗကပ မြောက်ပိုင်း ဗျူရိုဟာ မူဆယ်မြို့ကို သိမ်းပိုက်၍ လွတ်မြောက် နယ်မြေကြေငြာဖို့ ကြီးမားတဲ့ အကြံအစည်နဲ့ စီစီဝမ် တာပန် ဒေသရှိ တပ်မတော် စခန်းများကို တိုက်ခိုက် သိမ်းပိုက်တော့ တယ်။ 
တပ်မ ၉၉ လက်အောက်ခံ နည်းဗျူဟာ.၈၈၁ သည်၊ ရန်သူ သိမ်းပိုက်မိသွားသော စီစီဝမ် ဒေသတောင်ကုန်းများကိုပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် အပြင်းအထန် တိုက်စစ်ဆင်တော့ရာ မင်္ဂလာဒုံ အ မှတ် ၅၀၂ လေတပ် စခန်းမှ အမှတ်.၃ တိုက်ခိုက်ရေးအုပ် ဗိုလ်မှူး ခင်မောင်ဝင်း ဦးစီးသော PC.7 လေယာဉ်လေးစီးနှင့် PC.6 လေယာဉ် တစ်စီး တို့သည် အနီးကပ်လေကြောင်း ပစ်ကူပေးနိုင်ဖို့ လားရှိုးဗျူဟာကိုပြောင်းရွှေ့ တပ်စွဲကာ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်စိန်အောင်နှင့် တိုင်းမှူးဗိုလ်ချုပ်မောင်အေး တို့၏ လမ်းညွန်ချက် အ တိုင်း ရန်သူတို့ကို ပူးပေါင်းနှိမ်နင်းတော့တယ်။
ရန်သူဟာ စစ်ကူ စစ်ကြောင်းများ မ၀င်နိုင်အောင်ြဖတ်တောက် ပိတ်ဆို့ကာ သိမ်းပိုက်မိသော စီစီဝမ် တာ ပန် တောင်ကုန်း အချို့ကို ထိမ်းချုပ်ထားရန်ကြိုးပန်းလျှက် ရှိရာ ဗိုလ်မှူးခင်မောင်ဝင်း ဦးဆောင်သောလေယာဉ်များက ရန်သူ သိမ်းပိုက်မိသော မိချောင်းကုန်းများ ၊(မပည.အို.၉၈၃၈၂၂) ၊ဇော်ဝင်းကုန်း (မပည.အို.၉၈၀၈၁၆)၊ ပွိုင့်.၅၅၁၆ (ပမည.အို.၉၈၆၈၂၇) တို့ကို ၁၉၈၆ ခုနိုဝင်ဘာ. ၁၉ ရက်နေ့မှ စတင်ကာ အပြင်းအထန် တိုက်ခိုက်တော့သည် ။ 
နိုဝင်္ဘာလ၂၀ ရက်နေ့မှာ စစ်ကူ လိုက်လာသော ခမရ.၁၀၉ ကို ရန်သူမှ လွယ်ဝိန်းဒေသ .ပွိုင့်.၄၆၆၉ တွင်ဖြတ်တောက် တိုက်ခိုက် ခံနေရသဖြင့် ရှေ့မတိုးနိုင်ဖြစ်နေရာ တိုက်လေယာဉ် လေးစီးဖြင့် တိုက်ခိုက်ချေမှူန်းမှု့ကြောင့် ရန်သူ ပိတ်ဆို့ဖြတ်တောက်ထားမှု့မှ ဖောက်ထွက်နိုင်ခဲ့တယ်။
နိုဝင်္ဘာ ၂၂ ရက် တွင် ရန်သူ၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းဖြစ်သော၊ ပွိုင့်.5 လေယာဉ်ပစ် စက်သေနတ်ကြီးများနှင့် အကာအကွယ်ပေးထားသော မုန်းပေါ်ရွာအား လေကြောင်းပိုင်းဖြတ် တိုက်ခိုက်ခြင်း Air Interdiction လုပ်ရာ ခဲယမ်းများပေါက်ကွဲ မီးလောင်ကုန်ပြီး ရန်သူများစွာ ဒဏ်ရာရရှိခဲ့ပါသည်။ 
နိုဝင်င်္ဘာ ၂၃ တွင် မုန်းပေါ်မှ ပန်ဆနိးသို့ ဒဏ်ရာရသူုများ သယ်ဆောင်နေသည့် ကားတန်းအား PC.6 လေယာဉ် ကင်းထောက်မှု့အရ တွေ့ရှိ ရှင်းလင်းရာ ကားများ မီးလောင် ပျက်စီးကုန်ပါသည်။ 
ရန်သူသည် ပွိုင့်. 5(7) လက်ကို တောင်ကုန်းများပေါ် တင်၍ မိမိတို့ တပ်မတော် လေယာဉ်များကို ပစ်ချရန်ကြိုးပန်းလျှက်ရှိရာ နိုဝင်င်္ဘာ ၂၅ ရက်နေ့တွင် မီးချောင်း၂ ကုန်းပေါ် တင်၍ ပစ်ခတ်နေသော .ပွိုင့်.5 စက်သေနတ်ကြီးကို တွေ့မြင် သဖြင့် ဗိုလ်ကြီးတင့်ကိုနှင့် ဗိုလ်ကြီးမျိုးမြင့်မောင်းနှင်တဲ့ လေယာဉ်က စွန့်စွန့်စားစား ၀င်ရောက် တိုက် ခိုက် ရာ ရန်သူပွိုင့် 5 ကျည်ထိမှန် သဖြင့် လေယာဉ် ပျက်ကျ မီးလောင်ပေါက်ကွဲ ခဲ့ပြီး ဗိုလ်ကြီး တင့်ကိုနှင့် ဗိုလ်ကြီး မျိုးမြင့်တို့နိုင်ငံအတွက် အသက်စွန့်လှူသွားခဲ့ရတယ်။ 
ဒါတွေက မှတ်မိသလောက် တိုက်ပွဲကြီးတွေကို ရေးသားတင်ပြခြင်းပါ လေယာဉ်အများဆုံးနဲ့ တိုက်ခဲ့ရတဲ့ပွဲကတော့ နာမည်ကျော် ဗိုလ်ချုပ်ထွန်းရီ ရဲ့ မင်းရန်အောင် စစ်ဆင်ရေး ခေါ်မော်ဖ တိုက်ပွဲကြီးမှာ တပ်မတော်လေဟာ အင်အား အပြည့် ပါဝင်ခွင့်ရခဲ့ကြတယ် ။
ဒီဘက် ခေတ်မှာတော့ လောက်ကိုင် တိုက်ပွဲဟာ လေကြောင်း အင်အားအများဆုံး သုံးတဲ့ တိုက်ပွဲကြီးဖြစ်လာခဲ့တယ်။
T.33 တွေ အနားပေးပြီးတဲ့နောက်မှာ နိုင်ငံ၏ ဓန အင်အားကြောင့် အင်ဒိုချိုင်းနား ရဲ့အကောင်းဆုံးလေ တပ် မတော်နှင့် အကောင်းဆုံး လေသူရဲတွေဟာ PC.6/7 လေယာဉ် ကလေးတွေနဲ့သာ တိုက်ပွဲဝင်ရတဲ့အခြေအနေရောက်ခဲ့ရာမှ..
ယူဂိုဆလပ်ဗ်နိုင်ငံ မှ Soko.G.4 Super. Galeb လေယာဉ်တွေ .F.7 နဲ့ A.5.C တွေရောက်လာတော့ အ တိုင်း အတာတစ်ခုထိတော့ ရပ်တည်နိုင်ခဲ့ ပေမဲ့ အရှေ့တောင်အာရှ ရဲ့အကောင်းဆုံးလေတပ်ဘ၀ကိုပြန်လည်ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့သေးဘူး ။ နယ်စပ်မျဉ်းတွေအပေါ်မှာ အိမ်နီးချင်းနိုင်ငံတစ်ခုက F.16 တွေနဲ့ ကျူးကျော်မှုတွေ ရှိနေသေးတာမို့ စတုတ္ထ မျိုးဆက် တိုက်လေယာဉ် MIG.29 တွေ ထပ်မံ ၀ယ်ယူ အင်အားဖြည့်ခဲ့တဲ့အပြင် တစ်နိုင်ငံလုံး လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တပ်ဆင်နိုင်ခဲ့တဲ့ အတွက် အဆင့်တစ်ခု ကိုရောက် ရှိလာတယ် ။ 
MI.2 တွေ.MI.35 တွေ၊ MI.17 တွေနဲ့ Transport aircraft: လေယာဉ်တွေ K.8 တွေ၊ ထပ်မံ အားဖြည့်လာခဲ့တယ်၊ ဒါကြောင့် ပြည်တွင်းသောင်းကျမ်းမှု့နှိမ်နင်းရေး စစ်ပွဲတွေမှာ ထိရောက်တဲ့ လေကြောင်းပစ်ကူသာမက ၊ရှေ့တန်းအထိ လက်နက်ရိက္ခာ၊ လူသယ်ပို့ခြင်း လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်လာတယ် ။
တစ်ခ်ျိန်က စီစီဝမ် တာပန် တိုက်ပွဲ့မှာ ၀င်းဖိုင် လို ပေ ၆၀၀၀ ကျော်မြင့်တဲ့ တောင်ကြီးတွေကို အကူအထမ်းသမား မပါ လက်နက် ရိက္ခာတွေနဲ့ အတူ လိပ်ဖိုးဖိုးလို ချီတက် တိုက်ပွဲဝင်ရတဲ့ ဘ၀မှသည်၊ ခေတ်မှီလေကြောင်းချီ စစ်ဆင်ရေးတွေ လုပ်လာနိုင်တာကို ၊လဂျားယန် ကယ်တင်ရေး တိုက်ပွဲ၊ ကိုးကန့် တိုက်ပွဲတွေ မှာတွေမြင်ခဲ့ကြပြီးဖြစ်တယ်။
အရှေ့မြောက် ဒေသရဲ့ တိုက်ပွဲခေါ်သံ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
2016. ခုနှစ် အောက်တိုဘာလ..
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ Bao you xiang ရဲ့ ၀တပ်ဖွဲ့ ၀င်တွေဟာ ဦးစိုင်းလင်း ဦးစီးတဲ့ မိုင်းလား အုပ်စုရဲ့လွိုင်ဆံဆုံ ဒေသက နယ်နိမိတ် တပ်စခန်းတွေ ရှိရာကို ၀င်ရောက် လာပြီး လက်နက်ဖြုတ်သိမ်းလိုက်ပါတော့တယ်။ 
တစ်ကယ်တော့ ၀ နဲ့ မိုင်းလား အဖွဲ့တွေဟာ ဗကပ လက်ထက်ကတဲက မဟာမိတ်တွေဖြစ်ခဲ့ သလို ဗကပကို အာဏာသိမ်းစဉ် ကတဲက စိတ်တူ သဘောတူ မဟာမိတ်ဖြစ်ခဲ့ကြတဲ့အတွက် ဒီသတင်းဟာ အတော်လေး အံ့သြစရာကောင်းလှပါတယ် ။
ယင်း အဖွဲ့ ၂ ဖွဲ့လုံး ဟာ မကြာခင်က ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ မှာ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသေး တယ်။ 
အဲဒီ ဆွေးနွေးပွဲမှာ ၀ ခေါင်းဆောင်က အစိုးရ အပါအ၀င် ရှမ်းပြည်နယ်မှာ ရှိနေတဲ့အခြားသော လက်ကိုင်အဖွဲ့တွေနဲ့ပါ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်မယ်လို့ မျှော်လင့်ကြောင်း အစိုးရငြိမ်းချမ်းရေးကော်မီရှင် ကိုပြော ကြား ခဲ့ပါတယ် ။
ထို့အပြင် အောက်တိုဘာ ၂၁ မှာ ၀အဖွဲ့က အစိုးရငြိမ်းချမ်းရေးကော်မီရှင်ကို ရေးသားပေးပို့တဲ့ စာမှာလဲ ၀ အဖွဲ့နဲ့ NDAA ( National Democratic Alliance Army ) ဟာ ကွဲပြားစွာ လုပ်ငန်း လုပ်ကိုင် နေပေမဲ့မဟာမိတ်တွေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်၊ NDAA မိုင်းလား အဖွဲ့ဟာ တရားဝင် ကိုယ်ပိုင် အုပ်ချုပ်တဲ့ အထူးဒေသ ၄ နယ်မြေမှာ လှူပ်ရှားပါတယ်။
ပြီးခဲ့သော စက်တင်္ဘာလ ၂၈ ရက်မှာတော့ UWSA ခေါ်တဲ့ ၀ တပ်တွေဟာ မိုင်းလား တပ်ဖွဲ့တွေ ထိမ်းချုပ်ထားတဲ့ နယ်စပ် Post တွေထဲကို ၀င်ရောက်လာပြီး အန်ဒီအေအေ မိုင်းလားအဖွဲ့ဝင် ၁၅၀ ကို လက်နက်ဖြုတ်သိမ်း ဖမ်းဆီးလိုက်ပါတယ် ။ အစိုးရနဲ့ တပ်မတော်ရဲ့ သတိပေးချက်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ မိုင်းလား အဖွဲ့ဝင် ၁၅၀ ကိုပြန်လွှတ်ပေးခဲ့ပေမဲ့ သိမ်းပိုက်ထားတဲ့ ဘော်ဒါပို့စ်တွေကနေ ရုပ်သိမ်းခြင်းမရှိဘဲ ဆုတ်ခွာဘို့ကိုငြင်းဆန်ခဲ့ကြပါတယ်။
အစဉ်အဆက် မဟာမိတ်ဖြစ်ခဲ့ကြတဲ့ မိုင်းလား နဲ့ ပန်ဆန်းအကြား ပဋိပက္ခ ကို အတိုင်ပင်ခံ ဒေါ်အောင် ဆန်း စုကြည့်က အဓိက ဖိအားပေးဆွေးနွေးခဲ့ပါတယ် ။
ဒေသဆိုင်ရာ မီဒီယာတွေရဲ့ အဆိုအရ ဒါဟာ ၂၁ ပင်လုံကို မိုင်းလား ကိုယ်စားလှယ် အင်အား အနည်း ငယ် (low.level Delegation) သာစေလွှတ်ဘို့ ဖိအားပေးခဲ့တာကို မလိုက်နာတဲ့အတွက် မကျေနပ်ချက်ကိုထင်ဟပ်ပြသလိုက်ခြင်းလို့ ဆိုခဲ့တယ် ။ 
ဝတွေက သြဂုတ်လ ၃၁ မှာ ကျင်းပတဲ့၂၁ ပင်လုံမှာ အင်အား အနည်းငယ်သာ အရေးမပါသူတွေကို စေ လွတ် ခဲ့ပြီး မိုင်းလားကိုလဲ အဲဒီလို စေလွှတ်ဖို့ ဖိအားပေးခဲ့ပေမဲ့ မိုင်းလား က မလိုက်နာခဲ့ဘူး၊ ဦးစိုင်းလင်း ခေါင်း ဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က်ို စေလွှတ်ခဲ့ပြီး ၀ ကတော့ ပထမနေ့မှာဘဲ အစည်းအဝေးမှထွက်ခွာသွားခဲ့ကြတယ်။
မိုင်းလား ကျူးကျော်မှူ အပေါ် တြိဂံဒေသ တိုင်းစစ်ဌာချုပ်က ၀ အဖွဲ့ကို မိမိတပ်တွေ ပြန်ဆုတ်ခွာဖို့နဲ့ ၀နဲ့ မိုင်းလား ဧရိယာမှာ နီးနီးကပ်ကပ် တည်ရှိနေတဲ့ ချက်ပွိုင့်၂ ခု ကနေ ချက်ခြင်း ရုပ်သိမ်းဖို့ သတိပေးခဲ့ပါတယ်။ ၀ တပ်ဖွဲ့ရော မိုင်းလား ကိုပါ ယခင်ငြိမ်းချမ်းရေးဆွေးပွဲသဘောတူညီချက်အရ ပိုင်နက် နယ်မြေ သတ်မှတ်ထားပေးပြီးဖြစ်လို့ပါဘဲ ။
ဒါပေမဲ့ ၀တွေဟာ ပြန်ဆုတ်ဖို့ ငြင်းဆန်နေဆဲဘဲဖြစ်ပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ  နိုင်ငံတော်အတိုင်ပင်ခံ ၊နိုင်ငံတော်သမ္မတကြီး နဲ့ အဆင့်မြင့် တပ်မတော် အရာရှိကြီးများဟာ အထူးကိစ္စရပ်အဖြစ်ဆွေးနွေးခဲ့ကြပါတယ်။
ဒေသအတွင်း တင်းမာမှု့ဟာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိလို့လာပါတယ် ။ မြန်မာနိုင်ငံမှာ အင်အား ၃၀၀၀၀ လောက် ရှိပြီး တပ်မတော်ပြီးရင် အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲု့ဖြစ်သလိုဘယ်လ်ဂျီယန်တစ်မျှ ကျယ်ဝန်းတဲ့ UWSA နဲ့ မြန်မာတပ်မတော်တို့ ထိပ်တိုက်ရင်ဆိုင်တော့မည့် ပွဲကို အားလုံးက စိတ်ဝင်တစ်စား စောင့်ကြည့်နေခဲ့ကြပါတယ် ။ 
ဖုန်/ရန် အရေးအခင်းက စလို့ တရုပ် နဲ့ ၀ ပေါင်းပြီး သစ်ခိုးထုတ်တဲ့ အဖွဲ့ကို တပ်မတော်က ၀ိုင်းဝန်းဖမ်းဆီးရာမှာ တပ်မတော်ကို အပြင်စည်းက ထပ်ဝိုင်း၊ တပ်က ထပ်ဝိုင်း နဲ့ ထိပ်တိုက်တွေ့လု အခြေအနေ ကနေ  အနီးကပ် ပွတ်ကာ သီကာရှောင်ထွက်ခဲ့ဘူးတဲ့ ၀ ဟာ ဒီတစ်ခါ နိုင်ငံတော် အတိုင်ပင်ခံ၊ နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ရဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို မထေမဲ့မြင်ပြုကာ စစ်ရေးပြင်ဆင် မှု့တွေ လဲ လုပ်ကိုင်လာပါတယ်။
ဆက်ရန်
*****************************************
ရွှေတောင်ပံ ချွေရန်ခက်သည်
:★ ★ ★ ★ ★ ★ ★ ★ ★ 
 တပ်မတော်(လေ)...ဂုဏ်ပြုဆောင်းပါး
အပိုင်း(၂)
ရေးသားသူ..........Star Shinester 
 ယုံထောင် ကြောင်မိခြင်း
★ ★ ★ ★ ★ ★ ★ 
 UWSA ကို မိုင်းလားက ဆုတ်ဖို့ သတိပေးထားတဲ့ နောက်ဆုံး ရက်ပြည့်သွားပေမဲ့ ရာသီဥတု အခြေအနေက ပစ်မှတ်ပေါ်မှာ တိမ်တွေ ဖုန်းအုပ်နေတာကြောင့် တိုက်ခိုက်မှု လုပ်လို့ မရသေးပေ ။ အဲဒီအချိန်မှာဘဲ..
၂၀၁၆ ခုနှစ်နိုဝင်္ဘာလ၂၀ ရက်နေ့မှာ ဖုန်ကြားရှင် ရဲ့MNDAA၊KIA၊ TNLA.AA လေးဖွဲ့ပေါင်းထားတဲ့မြောက်ပိုင်း အဖွဲ့ဟာ မူဆယ် ၁၀၅ မိုင် နဲ့ ကြူကုတ် ပန်ဆိုင်း ၊ဟေမိုးလုံ ၊မုန်းကိုး၊ မန်ကန်၊ မန်ပိန်း ဒေသတွေကို ၀င်ရောက် တိုက်ခိုက်တော့တယ်။ အဓိက ပစ်မှတ်က ဘယ်နေရာလဲ ဘယ်နေရာတွေက ယောင်ပြလဲ မသိနိုင်သေးပေ ။
ဒီနေရာမှာ တစ်ခုပြောဖို့ လိုလာတယ် မြောက်ပိုင်း မဟာမိတ်အဖွဲ့မှာ ပါတဲ့ KIA ဖုန်ကြားရှင် ရဲ့MNDAA နဲ့ UWSA ဆိုတာ တစ်ချိန်က ဗကပ အဖွဲ့ဝင်တွေဖြစ်ပြီး စစ်နည်းဗျူဟာတွေကလဲ ဗကပ ဗျူဟာတွေဖြစ်တဲ့ ခရီးရှည် ထိုးဖောက် တိုက်ခိုက်ခြင်း၊ အမာရှောင် အမွတိုက် ၊ယောင်ပြ တိုက်ခိုက်ခြင်းတွေနဲ့ ထင်ရှားခဲ့ တယ် ။
မိုင်းယောင်းကို တိုက်စဉ်က ဖုန်ကြားရှင်ဟာ မိုင်းယောင်းပြန့်ထဲမှာ ပုန်းနေပြီး ထီးရူးတောင်ကို တိုက်ဟန်ပြ၊မိုင်းယောင်းတပ်တွေကို ဆွဲထုတ်၊ပြီးမှ မိုင်းယောင်းမှာရှိတဲ့ တပ်ရင်းဌာနချုပ်ကို ၀င်တိုက်ဖူးသလို ကျန်ဇီမြင့်ဟာ မိုးမိတ်က တပ်တွေကို ဆွဲထုတ်ပြီး မိုးမိတ်ကို ၀င်စီးခဲ့ဘူးတယ် ။ အခုလဲ UWSA နဲ့ တပ်ပေါင်းစုဖွဲ့ထားတာကြောင့် မိုင်းလား အရေးအခင်းဟာ၊ မိမိတို့ တပ်တွေကို ဆွဲထုတ်တဲ့ ပုလင်းတူ ဘူးဆို့ အကြံလေလား ..စဉ်းစားဖို့ လိုတယ် ။ 
ထို့အတူ မူဆယ် နဲ့ကြူကုတ် ပန်ဆိုင်း မုန်းကိုး၊ မန်ကန် မန်ပိန်း စတဲ့နေရာ အတော်များများတိုက်ခိုက်မှုတွေဟာ ဘယ်ဟာက ယောင်ပြလဲ ဘယ်ဟာက အစစ်အမှန်လဲ ဝေခွဲရခက်တဲ့ အနေအထားဘဲဖြစ်တယ်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေဟာ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ အပြစ်မဲ့ပြည်သူတွေ မော်တော်ကားတွေ ကို ပစ်ခတ် ဖျက်ဆီးကာပြည်ထောင်စု လမ်းမကြီးကို ပိတ်ဆို့ဖို့ကြိုးပမ်းလာတယ် ။ လမ်းတံတားတွေကိုမိုင်းထောင်ဖျက်ဆီးတယ်၊။
ရန်သူရဲ့ အဓိက ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အခြေအနေ မှာဘဲ အချိန်က၂၀၁၆ ခုနှစ်နိုဝင်္ဘာလ.၂၀ ရက်.. နမ့်စန် စလခ ဌာနချုပ်မှူး သည် တပ်မ ၉၉.ကွပ်ကဲမှုအောက်ရှိ မုန်းကိုး ခမ မပည. MG. ၃၆၃၁၅၁ နှင့် မန်ကန် စခန်း ခမ မပည MD.279614 နှင့် မုန်းကိုး ခမမပည MG.319650  နှင့် ခမ မပည.3 18641 အပါအ၀င် နေရာ အတော်များများကို MNDDA. KIA. TNLA. AA လေးဖွဲ့ ပေါင်းထားသော မြောက်ပိုင်း မဟာမိတ်အဖွဲ့က အင်အား အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် ရန်သူ ပစ်မှတ်များနှင့်ရွှေ့လျား စစ်ကြောင်းများအား တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ တိုက်ခိုက်ရေး ရဟတ်ယာဉ်များက လေကြောင်းပစ်ကူပေး တိုက်ခိုက်လျှက်ရှိသဖြင့် နမ့်စန် လေတပ်စခန်းဌာနချုပ် မှ A.5 ဗုံးကြဲ လေယာဉ် များကို စစ်ဆင်ရေးအသင့် အနေအထားပြင်ဆင်ထားရန် ကက (လေ) ၏ စစ်ဆင်ရေး အသင့် အ မိန့် ကို လက်ခံရရှိခဲ့လေသည်။ 
 မုန်းကိုး တိုက်ပွဲ
★ ★ ★ ★ ★ ★ ★  
ဒီတိုက်ပွဲဟာ တပ်မတော်ရဲ့ သမိုင်းမှာ တစ်ကယ့် Classic Battle ကြီးလို့ ပြောလို့ရသလိုမြန်မာ့တပ်မတော်ရဲ့စနစ်ကျတဲ့ ကြည်း၊လေ ၊အမြောက် ပူးပေါင်း စစ်ဆင်ရေးကြီးလို့ပြောလို့ရတယ် ။ပြောရမယ် ဆိုရင် လောက် ကိုင် စစ်ပွဲထက် ပိုပြီးလဲ စနစ်ကျတာကိုတွေ့ရတယ် ။
တပ်မတော်ဟာ ၀တွေနဲ့ တင်းမာမှု့ဖြစ်နေစဉ်မှာဘဲ ၂၀၁၆ ခုနှစ်နိုဝင်္ဘာ၂၀ ရက်နေ့မှာ MNDAA. KIA. TNLA. AA လေးဖွဲ့ပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ( Northern Allances) လို့ အမည်ပေးထားတဲ့ အဖွဲ့တွေဟာ အရှေ့မြောက်ဒေသက မူဆယ် ၊ကြူကုတ် (ပန်ဆိုင်း) ၊ဟေမိုးလုံ၊ မုန်းကိုး ၊မန်ပိန်း၊ မန်ကန် စတဲ့နေရာ ၅ ခုလောက်ကို တစ်ပြိုင်တည်း ထုနဲ့ထည်နဲ့ ၀င်တိုက်တော့တယ် ။
 ဒါဆိုရင် ၀ မိုင်းလား အရေးအခင်းဟာ လှည့်စားခြင်း (Deception) လား ဆိုတာက ကာယကံရှင်တွေဘဲသိလိမ့်မယ်၊ ရန်သူဟာ မူဆယ် ၁၀၅ မိုင်ကို ၀င်လာပြီး မဲမဲမြင်ရာကို ပစ်ခတ်လို့ပြည်သူတွေသေဆုံးဒဏ်ရာရကုန်တယ် ။ မူဆယ် လားရှိုး ပြည်ထောင်စု လမ်းမကြီးက တံတားတွေ မိုင်းထောင်ဖောက်ခွဲပြီး ကုန်ကားတွေ ကိုပစ်ခတ်ဖောက်ခွဲကာ လမ်းတွေကို ပိတ်ဆို့ဖို့ကြိုးပန်းလာတယ်။
ဗကပ တွေရဲ့ စီစီဝမ် တာပန် တိုက်ပွဲ လွတ်မြောက်နယ်မြေ ထုထောင်ရေးတိုက်ပွဲ အပြီးမှာ ဒါဟာပြည်ထောင်စု လမ်းမကို ရက်ကြာကြာခြိမ်းခြောက်လာနိုင်ခြင်းဘဲဖြစ်တယ် ။ နေရာအနှံ့မှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေပြီး ဘယ်ဟာကယောင်ပြလဲ ဘယ်ဟာက အဓိကလဲ ဆိုတာေ၀၀ါးနေဆဲဖြစ်တယ် ။ ဒါတွေဟာဗကပ လုပ်နည်း လုပ်ဟန် အတိုင်းဖြစ်တယ် ။
ဒီအချိန်မှာ တပ်မတော်ဟာ ပထမဆုံး မူဆယ်ပြည်ထောင်းစုလမ်းမကြီးကို အရင်ဆုံး ရှင်းလင်းဖို့ကြိုးပန်းရတယ်။ မူဆယ် ၁၀၅ မိုင်ကို MI.35 တွေ အစောင့်လိုက်ပါလာတဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်တွေကို သယ်ယူလာတဲ့ လေကြောင့်းချီ MI.17 ရဟတ်ယာဉ်တွေ ဆင်းလာပြီး ဗျူဟာ ထိုင်လိုက်ကာ မူဆယ်နဲ့ပြည်ထောင်စု လမ်းမကြီးက ကားတွေ လူတွေကို ပစ်ခတ်နေတဲ့ အဖွဲ့တွေကို ၀င်တိုက်တယ် ။ ဒါဟာပထမဆုံး မိမိတို့ရဲ့ အက်ဒမင်လိုင်းကို ထိမ်းချုပ်လိုက်ခြင်းဘဲဖြစ်တယ် ။လမ်းနဲ့ ထိစပ်နယ်မြေတွေမှာ ရှိနေတဲ့ရန်သူတွေကို အရင်ရှင်းထုတ်တော့တယ် ။
ကျန်တပ်စခန်းတွေမှာလဲ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်။ ဒီစခန်းတွေ ကျဆုံး မသွားအောင် တပ်မတော်လေ က ထိမ်းချုပ် တိုက်တဲ့ နည်းလမ်းကို သုံးစွဲခဲ့တယ်။ နောက်ထပ်ရောက်လာတာ ကတော့ ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေဖြစ်တယ် ။ 
တပ်မတော်လေ က MI.17 ရဟတ်ယာဉ်တွေဟာ ဟောင်ဝဇ်ဇာ အမြောက်ကြီးတွေကို ချိတ်ဆွဲပြီး တိုက် ခိုက်နေတဲ့ နေရာတွေကို လက်လှမ်းမီတဲ့ အကွာအဝေးရောက်အောင် ရွှေ့ပြောင်း သယ်ယူပြီးတဲ့ နောက်မှာတော့... အမြောက်တပ်မှူးရဲ့ အမိန့်သံနှင့် အတူ ပစ်မှတ်ရှာ ဂွင်ဖမ်းခြင်း (Bracketing) အဖြစ် တစ်ဂျိမ်းဂျိမ်း စပစ်နေပါပြီ.. 
တယော အမြောက်...
နီလာအမြောက်........
သုံးအမြောက်....
လေးအမြောက်..
တပ်စုပစ်မှတ်....ပစ်..
ဒိန်.း.....ဒိန်း...ဒိန်း..ဒိန်း...ဂျလိမ်း မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ စခမ်းသိမ်းဖို့ လူစုလိုက်တာနဲ့ကောင်းကင်မှာ မပြတ်ဝဲနေတဲ့ Grop.120 PT ကင်းထောက်လေယာဉ်တွေက ချက်ခြင်း သတင်းပို့လိုက်တယ် ။အဲဒီအချိန်မှာ လေတပ် စခန်း အသီးသီးက လေယာဉ်တွေ ရောက်လာပြီး K.8 တွေ ၊F.7 တွေ၊ A.5 တွေက အလှည့်ကျ ၀င်ဗုံးကြဲတယ် ။  MI.35 တွေက ရော့ကက်တွေ စက်အမြောက်တွေနဲ့ ၀င်ပစ်တယ် ။
ဒါကြောင့် မြောက်ပိုင်းအဖွဲ့လို့ အသံကျယ်ကျယ်နဲ့ တက်လာတဲ့ သောင်းကြမ်းသူ အဖွဲ့ဟာ ဘယ်စခမ်းကို မှသိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဘူး ။ မူဆယ်ပြည်ထောင်စု လမ်းမကြီးကို ထိမ်းချုပ်ဖို့ ကြိုးပန်းနေတဲ့ ရန်သူဟာ တဖြေးဖြေးနဲ့ ဆုတ်ခွာရတော့တယ် ။ ဒီအချိန်မှာ တပ်မတော်ဟာ ရှမ်းမြောက် တစ်ခုလုံးကို တစ်ဖြေးဖြေးနဲ့ ဂဏန်း လက်မ လို ၀င်ရောက်လာနေတယ်။ 
ထူးခြားတာ ကတော့ အမြောက်ကြီးတွေ အပြင် လေကြောင်းရန် ကာကွယ်ရေး Surface to Air defence Missile တွေနဲ့ မိုဘိုင်းရေဒါတွေပါ တပ်ဖြန့်လာသလို၊ UAV တွေကိုပါ သုံးစွဲလာခြင်းဘဲ၊ နောက်ပိုင်းက Lite infantry regiments တပ်တွေဟာ ကားတစ်တန်၊ ရထားတစ်တန်နဲ့ ရှေ့တန်း အရောက် ချီတက်ရခြင်းမျိုး မဟုတ်ဘဲ နောက်တန်းကနေ လာရှိုးလေယာဉ်ကွင်းကို စစ်ဖက် သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ရောက်လာတယ် ။ ပြီးတာနဲ့ MI.35 တွေ အစောင့်လိုက်ပါတဲ့ MI.17 ရဟတ်ယာဉ်တွေနဲ့ Front line area ထဲကိုပို့ပေးတယ်။
တစ်ကယ်တော့ တပ်မတော်ဟာ ရှမ်းမြောက် တစ်ခုလုံးကို ၀ိုင်းပတ်နေရာချနေတာ နောက်ထပ် ဘယ်အဖွဲ့တွေ ၀င်လာမလဲ အခြေအနေကြည့်နေတာ၊ သိတဲ့အတိုင်းဘဲ မိုင်းလား အရေးအခင်းဟာလဲ အချိန်ကိုက်ဖြစ် ခဲ့တာ။ 
ပထမ ၅ ရက်လောက် အထိ ရန်သူရဲ့ေ၀၀ါးနေတဲ့ ဦးတည်ချက်ဟာ တစ်ဖြေးဖြေး ထင်ရှားလာတော့တယ်။အဲဒါကတော့ ရန်သုဟာ တရုပ်နိုင်ငံ မန်ဟိုင်း နဲ့ ကိုက် ၃၀၀ လောက်ဘဲဝေးတဲ့ တစ်ချိန်က တရုပ် ၈၀၈ စစ်အကြံပေး အဖွဲ့ရဲ့ ဌာနချုပ်လုပ်ခဲ့တဲ့ မုန်းကိုးမြို့ဖြစ်ကြောင်း ရုပ်လုံးပေါ်လာတယ် ။ 
မန်ဟိုင်း ဆိုတာ တစ်ချိန်က ဗိုလ်ကျော်ဇော က. ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ လို့တောင် စာတစ်စောင်ပေတစ်ဖွဲ့ ရေးခဲ့တဲ့ ဗကပ ခေါင်းဆောင်တွေနေခဲ့တဲ့မြို့.
တပ်မတော် ထိုးစစ်တွေ ၀င်လာပြီး ကျန်တဲ့နေရာတွေကနေ ဆုတ်ခွာရတဲ့ မြောက်ပိုင်းမဟာမိတ် တပ်တွေဟာ မုန်းကိုး မှာပြန်စုဖွဲ့ကြတယ် ။
မူဆယ် ၊ကြူကုတ် ပန်ဆိုင်း ၊ဟေမိုးလုံ ၊မုန်းကိုး ၊ဖောင်းဆိုင်၊ ကားလမ်း တလျောက်က နောက်ဆုံးမှာ မုန်းကိုးဟာ ရန်သူရဲ့အဓိက ထားပြီး သိမ်းပိုက်မည့်မြို့ဖြစ်ကြောင်း ပေါ်လွင်လာတယ်။ မုန်းကိုး ဆိုတာ အနိမ့်ထဲမှာ ရှိပြီး ဘေးမှာတောင်ကုန်းတွေ ၀ိုင်းနေတဲ့မြို့ ဒါကြောင့် မြို့ထဲမှာ ရဲစခန်း ၊ပြည်သူ့စစ်တွေ၊ လ၀က စစ်ဆေးရေး ဂိတ်တွေရှိပြီး ဖောင်းဆိုင် ဖက်ထွက်တဲ့မြို့စွန်မှာ မဟာဗျူဟာ ကျတဲ့ ဗျူဟာကုန်းနှင့် ကာကင်းကုန်းတွေရှိတယ်။
တိုက်ပွဲတွေဖြစ်တာနဲ့ မြို့သူမြို့သားတွေက တရုပ်ဖက်ကို တိမ်းရှောင် သွားကြပြီး မြောက်ပိုင်း အဖွဲ့က ရဲ တပ် ဖွဲ့ အချို့ကိုသတ်ဖြတ်လိုက်ကြောင်း နောက်ပိုင်းမှာ သိရတယ်။ ပြီးမှ အင်အား ၃၀၀၀ ကျော်နဲ့ ကာ ကင်း ကုန်းနဲ့ ဗျူဟာကုန်းကို ၀ိုင်းတိုက်ကြတာဖြစ်တယ်။ ဒါကြောင့် တစ်ချို့ သတင်းဌာနတွေက သူပုန်ကို ဖုန်းဆက်၊ သူပုန်တွေပြောသလို မုန်းကိုး ကျသွားပြီလို့ သတင်းတွေရေးခဲ့ကြတယ် ။
 ရန်သူဟာ ဗျူဟာကုန်းကို မရသမျှ မုန်းကိုးကျတယ် မခေါ်နိုင်ဘူး ။ အင်အား ၃၀၀၀ လောက်နဲ့ ၀ိုင်းတိုက်တာတောင် ကာကင်းနဲ့ ဗျူဟာကို မသိမ်းပိုက်နိုင်ဘူး ။ရန်သူဟာ မုန်းကိုးကို ၀င်နိုင်တဲ့ လမ်းမှန်သမျှကိုပိတ်ဆို့ထားပြီး ကြူကုတ် ပန်ဆိုင်းဘက်က ၀င်လမ်းကိုတော့ သံချပ်ကာ ယာဉ်တွေ မ၀င်နိုင်အောင်မြေဖြတ်ကျင်းတွေ တူးထားတဲ့ အပြင်တောလမ်းတွေကိုလဲ မိုင်းတွေ ခင်းပြီး အဆင့်ဆင့် ခံစစ် စခန်းငယ်တွေ ချ ဖြတ်တောက် ပိတ်ဆို့ပြီးမှ အပိုင်တိုက်တာဖြစ်တယ်။
လက်နက်ကြီးတွေကို စိုးမိုးကုန်းတွေမှာ နေရာချပြီးလေယာဉ်ပစ် လက်နက်တွေကို မြို့ထဲနဲ့တောင်းကုန်းပေါ် တင်ထားပြီး အပိုင်တိုက်တာဖြစ်ပေမဲ့၊ အမြောက်ကြီးတွေက စခန်းနား ကပ်လာတိုင်း တစ်ဂျိမ်းဂျိမ်း ပစ်နေပြီး ၊လေကြောင်းက တစ်ဝုံးဝုံး ဗုံးတွေကြဲနေတာကြောင့် လူများပေမဲ့ ဗျူဟာကုန်းကို မသိမ်းနိုင်ဖြစ်နေ တယ်။ အဲဒီအချိန်မှာဘဲ တပ်မတော်က ကြူကုတ်ပန်ဆိုင်းကို ရဟတ်ယာဉ်တွေနဲ့ ဆင်းလာတယ် ။ 
အဲဒီ ၀န်းကျင်က ရန်သူကို ရှင်းထုတ် ပြီးအမြောက်ကြီးတွေကို ရဟတ်ယာဉ်တွေ နဲ့ ချိတ်ဆွဲ သယ်ယူကာ တစ်ဂျိမ်းဂျိမ်း ပစ်တော့တယ် ။ အမြောက် ပစ်ကူတွေဟာ နေရာစုံက ပစ်လာနေတယ်။ မုန်းကိုးကို ခဲယမ်းနဲ့ ရိက္ခာကို လေကြောင်းက ချပေးနေတယ်။ အဲဒီအချိန်မှာဘဲ တပ်မ.၈၈ ဟာ ဟေမိုးလုံ ကို ရဟတ်ယာဉ်တွေနဲ့ ဆင်းပြီး ဟေမိုးလုံ တစ်ဝိုက်က ဖြတ်တောက်ထားတဲ့ ရန်သူကို တိုက်ပြီး ရှင်းပစ်တယ် ။ 
ခုဆို မုန်းကိုး ဟာ ထီးထီးမားမားဖြစ်သွားခဲ့ပြီ ။ ဟေမိုးလုံ ဖက်က တပ်မ.၈၈ က ပိတ်ဆို့ထားလိုက်ပြီ ။ဟေမိုးလုံကို ရဟတ်ယာဉ်နဲ့ ဆင်းနေစဉ်မှာဘဲ ကျန်တဲ့ MI.17 တွေဟာ တပ်မ ၁၁ က စစ်သည်တွေကို တင်ပြီး MI.35 တွေ၊ အမြောက်ပစ်ကူ အကူအညီနဲ့ မုန်းကိုးနားက တောင်ကုန်း တစ်ကုန်းပေါ်ကို ခက်ခက် ခဲခဲ ဆင်းနေတယ် ။ 
ရဟတ်ယာဉ် မြေမထိခင်၊ စစ်သည်တွေဟာ ရဟတ်ယာဉ်ပေါ်က ခုန်ဆင်းလာကြတယ် ။ တပ်မ ၁၁ ရဲ့ အဓိက တာဝန် ကတော့ မုန်းကိုး ကယ်ဆယ်ရေးမစ်ရှင် တစ်ခုထဲကို သီးသန့် တာဝန်ထမ်းဆောင်မှာဖြစ် တယ်။ တပ်မ ၁၁.ဟာ အလျှင်အမြန် ချီတက်ခြင်း နည်းဗျူဟာနဲ့ စစ်ကြောင်း ၃ ကြောင်း ခွဲပြီးဖြတ်တောက်ရေး အဖွဲ့တွေကို ရှင်းကာ တစ်ကြောင်းက မုန်းကိုး၊ တကြောင်းက ဗျူဟာကုန်း၊ ကျန်တစ်ကြောင်းက ဖောင်းဆိုင်ဘက်က ၀င်လမ်းကို တက်ရှင်းကြတော့တယ် ။ 
ဒီဇင်္ဘာ.၄ ရက်နေ့မှာတော့ တပ်တွေဟာ မုန်းကိုး ကယ်ဆယ်ရေး မစ်ရှင်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တော့တယ်။ ဒါက မုန်းကိုးမြေပြင်တပ်တွေနဲ့ အမြောက်တပ်ဖွဲ့တွေရဲ့ အခြေအနေဘဲဖြစ်တယ်။ နမ်စန်လေတပ်စခန်းဌာနချုပ်က လေယာဉ်တွေဟာနိုဝင်္ဘာလ တိုက်ပွဲ စတင်ကတဲက အလှည့်ကျနေစဉ် တိုက်ပွဲ ၀င်နေ ကြတယ် ။
ပထမပိုင်းမှာ လောက်ကိုင် အတွေ့အကြုံကို ယူပြီး တစ်ဖက်နိုင်ငံထဲ ဗုံးကျော် မကျအောင် ထိမ်းသိမ်းတဲ့ အနေနဲ့ wingman လေယာဉ်မှာ ဗုံးတွေ တပ်ဆင် မထားဘဲ စက်သေနတ်နဲ့ ရော့ကက်တွေဘဲ တပ်ဆင်ထားပြီး Flying in leader position ယူထားတဲ့ ခေါင်းဆောင်လေယာဉ်မှာ 250.kg ဗုံးတွေ တပ်ဆင်ထားတယ်။ 
ရန်သူ့ ပစ်မှတ်နေရာရောက်တဲ့ အခါ ကင်းထောက်လေယာဉ်နဲ့ မြေပြင် အကဲကြည့် OP ညွှန်ပြရာနေရာကို wingman position ယူထားတဲ့ လေယာဉ်က အရင်ဝင်ပြီး Test fire လုပ်ကာ leader ကို target ညွှန်ပြ ရတယ် ။ အဲဒီအချိန်မှာ ခေါင်းဆောင် လေယာဉ်က အေးအေးဆေးဆေး ၀င်ဗုံးကြဲခွင့်ရတယ် ။
 လေယာဉ်ရဲ့ ညာဖက်ခြမ်းဟာ တစ်ဖက်နိုင်ငံ လေပိုင်နက်ဖြစ်တာကြောင့် လေယာဉ် ကို Zoom နဲ့ Left hand circuit ကွေ့ပြီး နောက်တကျော့ ပြန်ဝင်တဲ့ နည်းလမ်းကြောင့် တစ်ဖက်နိုင်ငံ လေပိုင်နက်ထဲ မရောက်အောင်နဲ့ ဗုံးကျော်မကျအောင် ထိမ်းသိမ်းနိုင်ခဲ့ကြတယ်။
၁ ရက်နေ့မှာ ပွိုင့်.5 နဲ့ လေးလေးနဲ့ မှန်မှန် ပစ်နေတဲ့ ပွိုင့်..5 မီးပွင့်ကြီးကြီးကို ရော့ကက် ၄ လုံးတွဲနဲ့ ပစ်ခတ်ချေမှူန်းနိုင်သလို၊ မြို့ထဲက ပစ်နေတဲ့ ပွိုင့်.5 ကိုလဲ တွေ့တာကြောင့် ရော့ကက်နဲ့ ပစ်ရှင်းတယ်။ သာမန်အားဖြင့် မြို့ မနာအောင် ထိမ်းသိမ်းနေပေမဲ့ မြို့ထဲမှာ အရပ်သားတစ်ယောက်မှ မရှိတဲ့ သတင်းတွေ ရတာကြောင့် မလွဲသာမရှောင်သာ ၀င်ရှင်းရတယ် ။
၂ ရက်နေ့ ညနေမှာ ရန်သူ အင်အားအတော်များများဟာ ငြိမ်းချမ်းအောင် ရဲ့ကာကင်းကုန်းကို လူအင်အားနဲ့ တက်လုံးဖို့ ကြိုးပန်းနေကြောင်း သတင်းအရ ကျနော်နဲ့ ကျနော့်ဆရာ (၉၈.အုပ်မှူး) နဲ့ ၂စီး တက်ခဲ့တယ် ။ အနိမ့်ပျံ ၀င်လာတာမို့ ငြိမ်းချမ်းအောင် ကာကင်းကုန်းကို တက်လုံးဖို့ ကွင်းပြင်ကိုဖြတ်ပြီး တက်လာတဲ့ ရန်သူတွေကို ဘွားကနဲ တွေမြင်လိုက်ရတာနဲ့ လေယာဉ်ကို ဦးစိုက်ဆင်းပြီး 90.mm.ရော့ကက် ၁၄ လုံးနဲ့ ပစ် ခတ်ချေမှူန်းတယ် ။
 အောက်က OP ကလဲ သီဟ အဲဒီနေရာကို ချချနဲ့ အော်နေသံကြားရတယ် ။ ကျနော့ဆရာကိုလဲ ရော့ကက်ပစ်တဲ့နေရာကို ၀င်ချဖို့ ပစ်မှတ်ညွှန်ပြလိုက်တဲ့ အချိန်မှာ ဆရာ့လေယာဉ်က ချလိုက်တဲ့ 250.kg ဗုံး၂ လုံးပေါက်ကွဲ အားကြောင့် လေယာဉ်တောင် သိမ့်သိမ့် တုန်သွားတယ် ။ ရန်သူဟာ ဘာအလောင်းမှ မကောက်နိုင်ဘဲ တရုပ်နဲ့ နီးတဲ့ ချောင်းစပ်ဘက်ကို ဆုတ်ပြေးတယ် ။ကျနော်နောက်တစ်ကြိမ် ကွေ့အလာမှာ OP က သီဟချောင်းစပ်ကို ပစ်.ပစ်လို့ ပစ်မှတ်ညွှန်ပြပေးတာကြောင့် ချောင်းစပ်ကို စက်သေနတ်နဲ့ အတွဲလိုက် လိုက် ပစ်တယ် ။
ရန်သူဟာ ညနေ ၄ နာရီလောက်မှာ အလစ်ဝင်ပြီး လူအားနဲ့ လုံးဖို့ကြိုးပမ်းတာဖြစ်လို့ အတော်အထိနာသွားတယ်။ တရုပ်ဖက်ဆေးရုံမှာ လူနာတွေ ဒင်းကြမ်းဖြစ်သွားတယ်ကြားတယ်။ သေတဲ့လူတွေကို ဘက်ဟိုးနဲ့ တွင်းကြီး တူးပြီး မီးရှူိ့ပြီးမှ မြှူတ်တာကြောင့် စစ်ရှောင်တွေ အသားကင် မစားချင်လောက်အောင်ဖြစ်နေ တယ်လို့ သတင်းတွေ တက်နေတယ်။
ဖုန်ကြားရှင် နာမည်ကြီးတာက စစ်မတိုက်ခင် ထမ်းစဉ်တွေ ကြိုလုပ်လေ့ ရှိတယ်လို့ နာမည်ကြီးတယ် ။ခု ထမ်းစဉ်လောက်နဲ့ မရတော့ဘူး ။ လူနာတင်ကားတွေပါ သုံးနေရပြီ ။မြေပြင်က စစ်ကူအဖွဲ့တွေ မုန်းကိုး နားကပ်နေပြီမို့ ရန်သူဟာ ကာကင်းကုန်းနဲ့ ဗျူဟာစခန်းကုန်းတွေကို အမြန်သိမ်းဖို့ ည ၈ နာရီလောက်မှာ  တကြော့ပြန်ုလာ တိုက်ပေမဲ့ အမြောက်ကြီးတွေ လက်ချက်၊နဲ့ ကာကင်းနဲ့ ဗျူဟာကုန်းက ရဲရဲဝံ့ဝံ့ ခံတိုက်နေတာကြောင့် တစ်ညလုံး တိုက်ပွဲဖြစ်နေပေမဲ့ သိမ်းပိုက်နိုင်ခြင်း မရှိဘူး ။ အာရုံတက်လာရင် ရွှေတောင်ပံတွေပစ်ကူပေးဖို့ရောက်လာလိမ့်မယ် ဆိုတာ ရန်သူကရော တပ်မတော်သားတွေကပါ သိနေကြတယ် ။
ဒီဇင်္ဘာလ. ၄ ရက်...
စစ်ကူ စစ်ကြောင်းတွေဟာ ဖြတ်တောက်ပိတ်ဆို့ထားတဲ့ တပ်တွေကို ကျော်ဖြတ်နေပြီ ။ တပ်မ.၈၈ ကလဲ ရဟတ်ယာဉ်တွေနဲ့ ဆင်းလာနေသလို တပ်မ. ၁၁ ကလဲ တောလမ်းကနေ ၀င်လာနေပြီ ။ရန်သူဟာနောက်ဆုံး ထိုးစစ်ကို ဒီဇင်္ဘာလလေးရက်နေ့မှာ ဆင်နွှဲတော့တယ်။ ရန်သူဟာ အထိနာနေပါပြီ ။ ကျနော်တို့ပြုသမျှခံနေရတာ ၁၄ ရက်လောက် ရှိနေပြီ ။
အချိန်က ဒီဇင်္ဘာလ. ၄ ရက် ရန်သူဟာ နောက်ဆုံး ထိုးစစ် ဆင်နွှဲတဲ့ အနေနဲ့ဗျူဟာကုန်းနဲ့ ကာကင်းကုန်းကို အပြင်းအထန် တိုက်နေပါပြီ ။ 
ကကလေ ဟာ ရန်သူ ထိုးစစ်ဆင်နေတဲ့ ခမ မပည. MG.319650 ကို A.5 လေယာဉ်ကြီးတွေနဲ့ လေကြောင်း ပစ်ကူပေးဖို့ စလခ ဌာနချုပ်မှူး (နမ့်စန်) ကိုညွှ န်ကြားလိုက်တယ် ။ 
၉၈. အုပ်မှူး နဲ့ ဗိုလ်မှူးဇေယျာထွန်းတို့ လေယာဉ် ၂ စီးဟာ Two formation mission အဖြစ်တိုက်ပွဲဝင်ရန် ground engine starting လုပ်ခြင်း၊ exterior and interior normally chack နှင့် engine start test ပြီးတာနဲ့ runway ပေါ်နေရာ ယူလိုက်ကာ Regular chacking performent လုပ်လိုက်ကြတယ်။ 
ခွင့်ပြုချက် ရတာနဲ့ ၁၃း၄၀ နာရီတွင် နမ့်စန်လေယာဉ်ကွင်းမှ ပျံတက်ခဲ့ကြရာ အမြင့်ပေ ၁၅၀၀ မှ ၁၀၀၀၀ အထိ ဖုံးအုပ်နေသော မိုးတိမ်တောင်များကို ဖောက်ထွက်ရင်း GPS အားကိုးဖြင့် Formation  ပုံစံ မပျက်အောင် ပျံသန်းခဲ့ကြရသည် ။
A.5 ကြီးတွေရောက်သွားချိန်မှာတော့ ကောင်းကင်မှာ ကင်းထောက်လေယာဉ်နှင့် K.8 က ရွှေတောင်ပံတွေ ၀ဲနေပါပြီ ။
ပစ်မှတ်နေရာသို့ ရောက်ရှိသည်နှင့် မိမိတို့ Google Earth setilite မြေပုံ တွင် ကြိုတင်လေ့လာခဲ့သည့် ပစ်မှတ် အနေအထား၊ ယခင်နေ့များက တိုက်ခိုက်ခဲ့သည့် Visul detect အခြေအနေများနှင့် တိုက်ဆိုင်စစ်ဆေးကာ ပစ်မှတ် အတည်ပြုပြီးသည်နှင့် ခေါင်းဆောင်လေယာဉ် မှ မိမိတို့ ဗျူဟာကုန်းနှင့် မီတာ ၁၀၀၀ အကွာ ရှိ ရန်သူပစ်မှတ် .MG.319650 အား ဦးစွာ ၀င်ရောက်၍ စက် အမြောက်ဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း wingman လေယာဉ်အား အသိပေးပြောကြားလိုက်သည်။
Theha.2.
First I m going to shoot cannon rightnow. Tailcover me.
Roger . Roger.Theha.1 Wingman လေယာဉ် အနေဖြင့် ခေါင်းဆောင်လေယာဉ် ပစ်ခတ်ပြီးပြန်အထွက်တွင် ရန်သူမှ ပစ်ခတ်ခြင်း မပြုနိုင်ရန် ရန်သူ လက်နက်ကြီး ပစ်ခတ်နေသည့် မီးပွင့် ကြီးကြီးနေရာများကို Tail Cover အဖြစ် တစ်ဆက်တည်း ၀င်ရောက် ရှင်းလင်းပစ်ခတ်ရမည်ဖြစ်သည် ။
  ဒုံး...ဒုံး...ဒုံး...ဒက်...ဒက်...ဒက်..ဒက်.
ဝေး..ဟေး...ဟေး....တပ်မတော်လေ .. ကွ..
ခေါင်းဆောင်လေယာဉ် ပစ်ခတ်ပြီးသည်နှင့် ဗိုလ်မှူးဇေယျာထွန်း မောင်းနှင်သည့် Wigman လေယာဉ် လည်း ညွှန်းရပ်.၂၈၀ံ ဖြင့် ယင်းပစ်မှတ်နေရာအား ၀င်ရောက် ပစ်ခတ် ရှင်းလင်းတော့တယ် ။
လေယာဉ် ၂ စီးမှ ပစ်ခတ်လိုက်သော 23.mm.Cannon စက်အမြောက်သံက မုန်းကိုး တောင်ကြော တစ်ခုလုံးကို ဖုံးလွှမ်းသွားသလို.. ဗျူဟာကုန်းမှ အော်ဟစ်လိုက်သော တပ်မတော်သားတို့၏ အသံက မုန်းကိုးတစ်ဝိုက် ပဲ့တင်ထပ်သွားသည်။
ပစ်ခတ်ပြီး Wingman လေယာဉ်ပျံ အတက် မီတာ.၇၀၀ ခန့် အရောက်...
Radar reciver ပေါ်တွင် ဒုံးကျည်ဟု ယူဆရသော အရာတစ်ခုကို ဖျပ်ကနဲမြင်လိုက်ရပြီး မသိစိတ်၏ တုံ့ပြန်မှု့အရ.ကြိုတင်လေ့ကျင့်ခဲ့သည့် အတိုင်း missile range နှင့် missile flight celling မှ လွတ်ရန် လေယာဉ်ပါဝါ ထိုးပြီး လေယာဉ် Thrust ကိုမြှင့်တင်ကာ အမြင့်သို့ ထိုးတက် လိုက်ချိန်..... ၀ုံး...ဒုံး..
လေယာဉ်နောက်မြီးဘက်မှ ပေါက်ကွဲသည့် မီးရောင် ၊ လေယာဉ်ကို ရိုက်ခတ်သွားသည့် Explosive wave ၊မြှင့်တင်လိုက်သည့် လေယာဉ်Thrust ကြောင့် လေယာဉ်သည် ဒုံးကနဲ တစ်ချက် တုံခါသွားပြီး ထိုးတက်သွားတော့သည်။
တစ်ကယ်တော့ A.5 လေယာဉ်ကြီး များတွင် missile alert နှင့် ခေတ်မှီ ပျံသန်းမှု ထိမ်းသိမ်းစနစ်များ မပါရှိသလို့ ရန်သူ ပစ်ခတ်သော missile smoke ကို လေယာဉ်မှူး မှ Visual contect အဖြစ် တွေမြင်ရန် ခက်ခဲပေသည်။ တွေ့မြင်သည့်တိုင်အောင် လေယာဉ်တွင် ရန်သူ ဒုံးကျည်ကို လှည့်စားနိုင်သော Chaff & flares countermeasure များ မပါရှိချေ ။ 
wingman လေယာဉ် ကို manpads နဲ့ ပစ်ခတ်လိုက်တဲ့ Sport missile smoke ကိုမြင်တွေ့သွားတဲ့ ၉၈ အုပ်မှူး ဟာ မင်းကို ပစ်တဲ့နေရာ ငါဝင်ချမယ်လို့ အော်ပြောလိုက်တဲ့ အသံကို စက်ထဲကကြားလိုက်ရတယ် ။ တပ်မတော်လေကို ထိရင် ချက်ခြင်း တုန့်ပြန်တတ်တဲ့ ဆရာ့စိတ်ဓာတ်ဟာ အလွန် လေးစားစရာကောင်းပေမယ့် အလွန်လဲ အန္တရာယ်ကြီးတယ် ။ ဒုတိယ ဒုံးကျည် တစ်စင်းသာ ထပ်မံ ပစ်လွှတ်ခဲ့ရင်........
ဒီနေရာမှာ စီစီဝမ်တာပန် ကို တိုက်ခိုက်ခဲ့တဲ့ ဗိုလ်မှူး ခင်မောင်ဝင်း တို့ရဲ့ PC.7 လေယာဉ်အုပ်ကိုပြေးပြီးသတိရမိတယ်.. မီးချောင်းကုန်းက ပစ်နေတဲ့ ပွိုင့်.5 စက်သေနတ်ကြီးကို မြင်လိုက်တဲ့ ဗိုလ်ကြီး တင့်ကို နဲ့ ဗိုလ်ကြီး မျိုးမြင့် တို့ရဲ့လေယာဉ်ဟာ ဦးစိုက်ဆင်းပြီး ရဲရဲဝံ့ဝံ့ တိုက်တဲ့ အချိန်မှာဘဲ ရန်သူပွိုင့်.5 ကျည်ထိပြီး မီးလောင် ပျက်ကျသွားတဲ့ အချိန်မှာ...
ဗိုလ်မှူး ခင်မောင်ဝင်း တို့ မောင်းတဲ့ လေယာဉ်တွေဟာ ထိတ်လန့်သွားပြီး တစ်စီးနဲ့ တစ်စီး Tail Cover လုပ် နေတဲ့ Formation ပုံစံ ပျက်သွားတယ်၊ ပြီးမှ လေယာဉ်တွေကို တိမ်တွေပေါ် ဆွဲတက် ပြန်လည် အုပ်ဖွဲ့ပြီးမှ ဗိုလ်ကြီးတင့်ကို ကို ပစ်ချတဲ့ မိချောင်းကုန်းကို မီးကုန် ယမ်းကုန် တိုက်ရ့တယ်..
ခုပွဲမှာတော့ အုပ်မှူး ရဲ့ ဆုံးဖြတ်ချက်ဟာ အတော် လျှင်မြန်တယ် ။ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် တက်လာတဲ့ Sport Missile Smook ကို မြင်တာနဲ့ အတွေ့ အကြုံအရ Manpad နဲ့ ပစ်ခတ်တာကို ချက်ခြင်း သိပြီး တုန့်ပြန်မှု့ ကလဲ လျှင်မြန်တယ် ။ မင်းကိုပစ်တဲ့နေရာကို ငါဝင်ချမယ် လို့ အော်ပြောပြီး ဦးစိုက် ဆင်းကာ ဗုံးတွေကို ကြဲချ လိုက်တယ် ။ နောက်ထပ် manpad တစ်ခု အသင့်ရှိနေရင် Missile Area ထဲမှာဖြစ်တဲ့ အတွက် အုပ်မှူး လေယာဉ်ဟာ လွတ်မြောက်ဖို့မ လွယ်လှဘူး ။ 
အပိုင်း.၃ ဆက်ရန် 
**************************************
ရွှေတောင်ပံ ချွေရန်ခက်သည်
 တပ်မတော်(လေ)...ဂုဏ်ပြုဆောင်းပါး
အပိုင်း(၃)
ရေးသားသူ..........Star Shinester  
လေတပ် ၏ သဘော သဘာဝ အရ ရန်သူုကို ကျည်ကွယ်မျက်ကွယ် တိုက်ခိုက် ရခြင်းမျိုး မဟုတ်ဘဲ သိမ်း ငှက် တစ်ကောင် အစာသုပ် သကဲ့သို ကျွမ်းကျင်မှုနှင့် လျှင်မြန်မှု့ကို အသုံးချကာ ရန်သူကို ရင်ဖွင့်၍ ၀င်ရောက် တိုက်ခိုက်ရပြီး အလျှင်အမြန် ရှောင်တိမ်းရသည်ဖြစ်ရာ ရန်သူကို ပစ်ခတ်ပြီးပြန်တက်သည့် အချိန်သည် ရန်သူ့မြင်ကွင်းတွင် အကြာဆုံး အချိန်ဖြစ်ပြီး ရန်သူက ပစ်ခတ်ခြင်း မပြုနိုင်ရန် Tail cover လုပ်ပေးရသည်။
ခေါင်းဆောင် လေယာဉ်ကို Tail cover လုပ်ရင်း ယခုကဲ့သို့ တပ်မတော် လေ ၏ ၆၉နှစ် သက်တမ်းအတွင်းပထမဆုံး အကြိမ် manpads ဖြင့် ပစ်ခတ် ခံလိုက်ရခြင်းဖြစ်လေသည်။
အထက်သို့ ဆွဲတက်ခါ missile altitude မှ လွတ်မြောက်ရန် ကြိုးပန်းခဲ့သော လေယာဉ်ကိုပြန်လည် ထိမ်းချုပ်လိုက်သည့် အချိန်တွင်မူ လေယာဉ်သည် ပုံမှန်အတိုင်း မဟုတ်ဘဲ ညာဘက်သို့ လည်ကျနေသည် ကို စစ်ဆေးတွေ့ရှိရပြီး မိမိလေယာဉ် ၏ ညာဘက်သည် တစ်ဖက်နိုင်ငံ၏ လေပိုင်နက်ဖြစ်သဖြင့် တစ်ခြားနိုင်ငံ ၏ လေပိုင်နက် အတွင်း ၀င်ရောက် မသွားစေရန် မိမိလေယာဉ်ကို အလျှင်အမြန်ပြန်လည် ထိမ်းချုပ်ခဲ့ရပါ သည်။
မိမိလေယာဉ်မှာ ထိမ်းချုပ်မှု့ ခက်ခဲနေသဖြင့် ရန်သူ လက်နက် အစအနများ ထိမှန် ခံလိုက်ရပြီကို သိသည်နှင့် ပြန်လည် ဆင်းသက်ရာတွင် အန္တရာယ်ကြီးမားသော ပေါင် ၅၀၀ ဗုံး၂ လုံးကို ရန်သူ ပစ်မှတ်နေရာသို့ ကျဲချခဲ့ပြီး အင်ဂျင်ပါဝါကို ထပ်မံမြှင့်တင်ကာ အမြင့်သို့ ပျံတက်ခဲ့ပါသည်။ 
ပြီးမှ ပရိုစီဂျာ အတိုင်း လေယာဉ် ကို စမ်းသပ် စစ်ဆေးခဲ့ရာ လေယာဉ် ၏ Elevater ကြိုး တစ်ချောင်းသာ အလုပ် လုပ်လျှက်ရှိပြီး ဒေါင်လိုက်အမြီး (Vertical Stabilizer) ရှိ ပဲ့များ (Rudder) များမှာလဲ ပုံမှန် မရှိဘဲ၊ညာဘက်သို့ လေယာဉ် လိမ့်ဆင်းနေသဖြင့် Horizontal Stabilizer နှင့် Elevaterများ Rudder များကို ထိ ခိုက်သွားသည်ဟု ယေဘူယျ သုံးသပ်မိပြီးနောက် မိမိလေယာဉ်ကို မိခင်လေတပ်စခန်းသို့ ပြန်မည့်ညွှန်း ရပ် ၁၉၃ ဒီဂရီသို့ ဦးတည်လိုက်ပြီး ခေါင်းဆောင်လေယာဉ်အား မိမိလေယာဉ်သည် ရန်သု ပစ်ခတ်လိုက်သောဒုံးကျည် ထိမှန်ခံရသဖြင့် စစ်ဆင်ရေး နယ်မြေမှ ထွက်ခွာကာ မိခင်လေတပ်စခန်းသို့ ပြန်ခွင့်ပြုရန် ခွင့်ပြုမိန့်တောင်းခံလိုက်ရာ ချက်ခြင်း စစ်ဆင်ရေးနယ်မြေမှ ထွက်ခွာရန် ခေါင်းဆောင်လေယာဉ်မှ အမိန့်ပေးခဲ့ပါ သည်။
ထိုစဉ်...
ဆက်သွယ်ရေး စက်မှ စစ်ဆင်ရေး ကွပ်ကဲမှု့အဖွဲ့. လားရှိုးလေတပ် ဆွယ်မှူး (ဗိုလ်မှူးကြီး) ၏ အသံပေါ်လာသည်။
ရန်အောင် မှ..သီဟ.၂
လေယာဉ် အခြေအနေ ဘယ်လိုရှိလဲ..
သီဟ.၂ မှ ရန်အောင်...
ခုလေယာဉ်ကို ထိမ်းချုပ်ထားနိုင်ပါပြီ.
မိခင်လေတပ်စခန်း.ဦးတ ည်ညွှန်းရပ်.၁၉၃ ဒီကရီ၊ အမြင့်ပေ...  နှင့် ၊လေယာဉ်အင်္ဂျင် အခြေအနေ၊ ဖြစ်ရပ်ကို အကျဉ်းချုပ်တင်ပြလိုက်ပါသည်။
ရန်အောင်..မှ သီဟ.၂၊
ကောင်းပြီ ..အခြေအနေကို စက်ပေါ်မှ တောက်လျှောက်စောင့်ကြည့်ပေး
ထားမယ်.ညီလေး စိတ်အေးအေးထား..
ခေါင်းဆောင်လေယာဉ်အားလည်း ထိမှန်ခံရသော လေယာဉ်အား မျက်ခြေမပြတ်နောက်မှ စောင့်ကြည့်ရန် နှင့် ထူးခြားမှုကို တောက်လျှောက် စက်ဖြင့် တင်ပြရ န်ညွှန်ကြားထားကြောင်းအပြင်..
ညီလေး.. အခြေအနေအားလုံးဟာ .မင်းရဲ့...Decision ဘဲနော်ဟု ဆိုလိုက်ပါသည်..
ယင်း၏ အဓိပ္ပါယ်မှာ လေယာဉ်၏ အခြေအနေကို မိမိသာလျှင် အသိဆုံးဖြစ်သဖြင့် ..လေယာဉ်ကို ထိမ်းချုပ်မရပါက သို့မဟုတ် ပေါက်ကွဲမည့် အခြေအနေ ရှိပါက အမိန့် မစောင့်ဘဲ Ejection လုပ်နိုင်ကြောင်း အသိပေးလိုက်ခြင်းပင်ဖြစ်သည် ။
အဘယ်ကြောင့် ဆိုသော် ရန်သူ ဒုံးကျည် ထိမှန်ခံရသော လေယာဉ်တစ်စီး အနေဖြင့် လေထဲတွင် အချိန်မရွေးပေါက်ကွဲ သွားနိုင်ပြီး စက္ကန် မိနစ်နှင့် အမျှ အရေးကြီးနေသော အချိန်ဖြစ်သောကြောင့်တည်း..
ယင်းအချိန်တွင်..မိမိလေယာဉ် ထိမှန်ခံရကြောင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လေတပ် ဦးစီးချုပ် တို့ သိရှိကာ စိတ်ပူနေပေလိမ့်မည်။
တပ်မတော် တစ်ရပ်လုံး၏ ဂုဏ်သိက္ခာ၊ တပ်မတော်လေ တစ်ခုလုံး၏ ဂုဏ်သိက္ခာ၊ ရွှေတောင်ပံ တို့၏ ဂုဏ်သိက္ခာအားလုံးသည် ယခုအခါ မိမိအပေါ် များစွာတည်နေကြောင်းကို ဗိုလ်မှူးဇေယျာထွန်း တစ်ယောက်စဉ်းစားမိလိုက်သည်။
ဒီအချိန်မှာ နောက်ထပ် လှမ်းပြောလိုက်တဲ့ တစ်ခြားအုပ်က အကို တစ်ယာက်က
.ညီလေး...မင်းမပါဘဲ ငါတို့ အိမ်မပြန်ဘူး..ဆိုတဲ့ အသံကိုကြားလိုက်ရတယ် ။
ဒီစကားက တပ်မတော်လေ ရွှေတောင်ပံတွေရဲ့စိတ်ဓာတ်ကို ဖော်ပြလိုက်တာဖြစ်သလို ဒီအသံ ကဘဲ လေယာဉ်မှူး ရဲ့ အသိ့စိတ်ကို လှူပ်နှိုးလိုက်တာပါဘဲ ။
ဒီအချိန်မှာ.. စလခ ဌာနချုပ်မှူး (Commander of H.Q) မှာကြားလိုက်တဲ့..
နိုင်ငံ ရဲ့ ဂုဏ်သိက္ခာ၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ၊ တပ်မတော်လေ ရဲ့ ဂုဏ်သိက္ခာ အားလုံးကို မင်းတို့ ပု ခုန်းပေါ် တင်ပေးလိုက်ပြီ ဆိုတဲ့ စကားကို ကောင်းကောင်း နားလည်လိုက်ပါတော့တယ် ။ လေယာဉ်သာ
ပျက်ကျ သွားခဲ့ရင် ဒီ ဂုဏ်သိက္ခာအားလုံး ဆုံးရှူံးသွားတော့မယ် ဆိုတာ လေယာဉ်မှူးက.သိနေတယ် ။
ဒါကြောင့် လေထဲမှာ ပေါက်ကွဲသွားချင် ပေါက်ကွဲသွားပါစေ လေယာဉ်ကို စွန့်ပစ်ပြီး Eject လုပ်ဖို့ လုံးဝစိတ်ကူးထဲ မထည့်ခဲ့ဘူး ။ ထို့အပြင် A.5 လေယာဉ်မောင်းသင်ပေးခဲ့တဲ့ စီနီယာတွေရဲ့ ဆုံးမ စကားကိုကြားယောင်မိတယ် ။
``လေသူရဲဆိုတာ လေယာဉ်ကို ကျွမ်းကျင်စွာ မောင်းတတ်ရုံနဲ့ လေသူရဲကောင်းလို့ မခေါ်နိုင်ဘူး ။
အချိန်တို အတွင်းမှာ မိမိ လေယာဉ်နဲ့ မိမိ ရဲ့Crew ကို အန္တရာယ် မဖြစ်အောင် ကာကွယ် စွမ်းဆောင်နိုင် မှ လေသူရဲကောင်းဖြစ်တယ်´´
ဆိုတဲ့ စကားကိုပြန်ပြီးကြားယောင်မိတာကြောင့် တိုက်ပွဲဝင် A.5 လေယာဉ်ကြီးကို ရန်သူ့နယ်မြေကနေ မိ ခင် လေတပ်စခန်းကို မရောက်ရောက်အောင်ပြန်ခေါ်ဖို့ဟာ မိမိအသက်ထက် ပိုပြီးအရေးကြီးတာကို နား လည် သဘောပေါက်လိုက်တယ်။
A.5 လေယာဉ်ကြီးဟာ တာဝန်ကြေတဲ့ တိုက်ဖေါ်တိုက်ဖက် ရဲဘော်ကောင်းကြီးဖြစ်ခဲ့တယ်။ အခုလဲ့ တိုက်ဖေါ် တိုက်ဖက် ရဲဘော်ကြီးရဲ့ အသဲနှလုံးကို ဒုံးကျည် ထိမှန်မည့် အရေးကနေ သီသီကလေး ရှောင်ရှားနိုင်ခဲ့ပြီ ၊လေယာဉ် အင်ဂျင်ကိုသာ ဒုံးကျည်တိုက်ရိုက် ထိမှန်ခဲ့ရင် ဆီးရီးယားက MIG.21 လို လေထဲမှာတင် ပေါက် ကွဲသွားမှာဘဲဖြစ်တယ် ။ 
လေယာဉ်ကို အထက်သို့ ထိုးတက်ခဲ့ခြင်းကြောင့်သာTail chase weapon လို့ခေါ်တဲ့ ဒုံးကျည်ဟာ ပါဝါထိုးတက်လိုက်တဲ့ အတွက် လေယာဉ်က ထွက်တဲ့ ပူပြင်းတဲ့ Heat Thermal တွေကြားမှာ ပေါက်ကွဲ သွားခြင်းဖြစ်တယ် ။ပညာရှင်တွေပြောတဲ့ Deadly Stunt နည်းလမ်းကို သုံးလိုက်ရခြင်းပါ။
ဒုံးကျည်ကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ခဲ့ပြီးနောက် ဒုတိယတာဝန်ကတော့ ဂုဏ်သိက္ခာ အတွက်လေ ယာဉ် ကို မိခင်လေတပ်စခန်းအရောက် ဘေးမသီရန်မခ ပြန်လည် ယူဆောင်သွားနိုင်ဖို့ပါဘဲ.
ဘာဘဲဖြစ်ဖြစ် တိုက်ဖေါ်တိုက်ဖက် ဖြစ်တဲ့ A.5 လေယာဉ်ကြီးကို စစ်မြေပြင်မှာ စွန့်ပစ်မထားခဲ့နိုင်ဘူး ။
FN.6 manpads ဖြင့်ပစ်ချခံရသော ဆီးရီးယား MIG.21 ကဲ့သို့ မြောက်ပိုင်း သူပုန်အဖွဲ့သည် မိမိလေယာဉ်အပေါ်ခြေထောက်တင်၍ ဂုဏ်ယူ ၀င့်ကြွားနေသည့် အဖြစ်မျိုးကို မည်သည့်အခါမျှ အဖြစ်မခံနိုင်ပေ ။ 
ဒါကြောင့် လေယာဉ်ကို မိခင် လေတပ်စခန်းကို GPS နဲ့ မရရအောင် ထိမ်းမောင်းဖို့ ခိုင်မာတဲ့ သံဓိဌာန် ချ လိုက်တယ်။ ဗိုလ်မှူးဇေယျာထွန်း ဟာ K.8 နဲ့ ဘီးချမရတဲ့ အဖြစ် တစ်ကြိမ်၊ ပုသိမ်လေယာဉ်ကွင်းမှာ ယခု A.5 ကြီးနဲ့ drag chute မပွင့်ဘဲ Over shoot ဖြစ်မည့်အရေးက တစ်ကြိမ် ၂ ကြိမ်တိုင် အသက်အန္တရာယ်နဲ့ကြုံဖူး ခဲ့ပေမည့် စိတ်အေးအေးနဲ့ အခက်အခဲတွေကို လေယာဉ်ရော ပိုင်းလော့ပါ အထိအခိုက် မရှိအောင်ကျော်လွှားနိုင်ခဲ့တယ် ။
ယခုတတိယ အကြိမ်မြောက်ပေါ့ဗျာ. ဒီနေရာမှာ ကက်ခ်ျမီးယားဒေသမှာ စစ်တိုက်နေတဲ့ အိန္ဒိယဗိုလ်ချုပ်ကြီးတစ်ယောက်ကို သတင်းသမား တစ်ယောက်ကမေးဘူးတယ်.
``ဗိုလ်ချုပ်ကြီး ခင်ဗျား ကက်ရှ်မီးယားဒေသဟာ ကျောက်တောင်ကျောက်တုံးတွေနဲ့ ပြည့်နက်နေပြီး၊ လူနေထိုင်ဖို့ ခက်ခဲသလို ဘာ သယံဇာတ မှလဲ မရှိဘူး၊ ဒီနယ်မြေ အတွက် စစ်သည်တွေ အသေခံပြီးဘာကြောင့်များ ပါကစ္စတန်နဲ့ စစ်တိုက်နေပါသလဲ ´´တဲ့..
ဗိုလ်ချုပ်ကြီးရဲ့ အဖြေကလဲ ရှင်းလင်းပြတ်သားတယ်..
`` ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာ အတွက်ပေါ့ဗျာ´´တဲ့
အလွန် ထိမိတဲ့ဖြေကြားချက်ပါဘဲ တပ်မတော်သားတွေကို စစ်သွေးကြွနေသူတွေလို့ မမြင်စေချင်ဘူး.နိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးလာရင် တပ်မတော်သားဆိုတာ စစ်တိုက်ရမှာပါဘဲ၊ ခုလဲ တပ်မတော်တစ်ရပ်လုံးရဲ့ဂုဏ်သိက္ခာ၊ တပ်မတော်လေနဲ့ ရွှေတောင်ပံတွေရဲ့ ဂုဏ်သိက္ခာဟာ မိမိ အသက်ထက် ပိုပြီးအရေးကြီးနေပြီ ဆိုတာ လေယာဉ်မှူးက သိနေတယ်။
လေယာဉ်ကို နမ့်စမ် လေယာဉ်ကွင်းသို့ ပျံသန်းနေစဉ် လမ်းတစ်လျှောက်လေယာဉ် ၏ အခြေအနေ၊ အမြင့်ပေ၊ ရောက်ရှိနေရာ၊ ဦးတည်ချက်၊ ထိမ်းချုပ်မောင်းနှင်နေရသည့် အနေအထား စသည်တို့ကိုလည်း စစ် ဆင်ရေး ကွပ်ကဲရေးအဖွဲ့ လားရှိုး (လေတပ်ဆွယ်) မှူးထံ မပြတ်သတင်းပေးပို့နိုင်ခဲ့ပါသည်။
လေယာဉ်၏ အခြေအနေမှာ များစွာ တုံခါလျှက်ရှိသည့် အပြင် ညာဘက်သို့ လည်ကျကာ ပျံသန်းရန် အလွန်ခက်ခဲလျှက် ရှိနေသည် ။ မိခင်လေတပ်စခန်းသို့ ပျံသန်းရန် ကီလိုမီတာ ၃၆၀ ခန့် ကွာဝေးကာ မိနစ် ၄၀ နီးပါး ကြာအောင် ပျံသန်းရမည်ဖြစ်ပြီး၊ ရာသီဥတု အခြေအနေအရလည်း မိုးတိမ်တောင် များကြောင့် Visual Contect မရှိဘဲ GPS ကိုသာ အားကိုးမောင်းနှင်နေရသော လေယာဉ်မှာ ကမ်းမမြင်လမ်းမမြင် မုန်တိုင်းထဲရောက်နေသော လှိုင်းပေါ်က လှေကဲ့သို့ အခြေအနေမျိုးကို စာဖတ်သူများနားလည်နိုင်လိမ့်မည်ထင်ပါ၏။ 
ငါမသေ ငါ့စခန်း မကျစေရ ဟူသောမြေပြင် ညီနောင် စစ်သည်တို့ ၏ စိတ်ဓာတ် အတိုင်း ငါမသေသမျှ ငါ့လေယာဉ် ပျက်မကျစေရ စိတ်ကို မွေးကာ မိခင်လေတပ် စခန်းဆီသို့ ဘယ်ညာ ယိမ်းထိုးပျံသန်းခဲ့ရသည်။
အချိန်မှာ တစ်ဖြေးဖြေး ညနေပိုင်းသို့ ၀င်ရောက်လာပြီဖြစ်သဖြင့် တောင်ပေါ်ဒေသထုံးစံ အတိုင်း ဆီးနှင်းများတောင်ခိုးများ မြူခိုးများကြောင့် မြင်ကွင်းကို ကန့်သတ်ထားသလိုဖြစ်နေသော်လည်း လေယာဉ်ကိုကြိုးစားထိမ်းချုပ်ရင်း နမ့်စမ် လေယာဉ်ကွင်းသို့ မရောက်မှီ ကီလိုမီတာ.၁၃၀ အကွာသို့ရောက်ရှိလာသည့်အခါ နမ့်စမ် လေတပ်စခန်း ဌာနချုပ် လေကြောင်း ထိမ်းသိမ်းရေးမျှော်စင်နှင့် စတင် အဆက်အသွယ်ရရှိပါသည်။
ထို့ကြောင့် နမ်စန် လေတပ်စခန်းဌာနချုပ်မှူးအား လေယာဉ်၏ အခြေအနေ၊ ပျံသန်းမှု့ လမ်းကြောင်း၊ ခက် ခက် ခဲခဲ ထိမ်းကြောင်းနေရမှု့ကို သတင်းပေးပို့နိုင်ခဲ့သလို နမ့်စန်လေတပ်စခန်း ဌာနချုပ်မှူးမှလည်း စိတ်အေးအေးထားရန် ၊နှင့် ရှာဖွေ ကယ်ဆယ်ရေး အတွက် MI.2 ရဟတ်ယာဉ် တစ်စီးကို လေထဲတွင် အသင့် ရောက် ရှိနေကြောင်း အင်မာဂျင်စီ အခြေအနေမျိုး အတွက်မြေပြင်တွင်လဲ အသင့်ပြင်ဆင်ထားကြောင်း အားပေးခဲ့ပါသည်။
နမ့်စန်လေယာဉ်ကွင်းသို့ မဆင်းသက်မှီ. ၃၀ ကီလိုမီတာအကွာ အရောက် လေယာဉ် ဆင်းသက်ရာတွင် လုပ်ဆောင်ရမည့် ပရိုစီဂျာများကို စတင် စမ်းသပ်လုပ်ဆောင်ပါသည် ။ အဘယ့်ကြောင့် ဆိုသော် ရန်သူ၏ ဒုံးကျည် ထိမှန်မှူ့ကြောင့် လေယာဉ်ဘီးမှ အစ ထိမ်းချုပ် စနစ်များ၊ အရှိန်သတ်လေထီး drag chute များ မည်၍ မည်မျှ ထိခိုက်ပျက်စီးသည်ကို မသိနိုင်သောကြောင့်ဖြစ်လေသည်။ လေယာဉ်ဘီးများ မကျပါက ဆင်းသက်ရမည့် အစီအစဉ်ကိုပြောင်းလဲနိုင်ရန်ဖြစ်သည်။
လေယာဉ် ဖလက်ဘ်များ ဘီးများကို Procedure အတိုင်း စစ်ဆေးပြီး အရေးပေါ် ဆင်းသက်ခွင့်တောင်းခံကာ ပုံမှန် ဆင်းသက်ရာတွင် ရှိရမည့် procedure အနေအထားသို့ ရောက်ရှိအောင် ခက်ခက်ခဲခဲ ထိမ်းကြောင်း ကာ ပြေးလမ်း၂၁ သို့ စတင် ချဉ်းကပ်ခဲ့ပါသည် ။
A.5 လေယာဉ်ကြီး များ၏ Landing speed 130-0 m/h သို့ အရှိန်လျှော့ချလိုက်သည်နှင့် လေယာဉ်ပင့်အားမညီမျှ မှုကြောင့် လေယာဉ်သည် ညာဘက်သို့ လည်ဆင်းမှု့က ပိုမို လာကာ Crash landing ဖြစ်သွားနိုင်ပေသည်။ landing normal procedur အနေအထား ရောက်စေရန် ထိမ်းကြောင်းကာ စတင် ဆင်းသက် လိုက် သည်နှင့် ပြေးလမ်းနှင့် မထိခင်လေယာဉ်ပင့်အား ရုပ်တစ်ရက် ပေါ်လာပြီးလေယာဉ်မှာ ညာဘက် သို့စောင်းကာပြေးလမ်း အပြင်ဘက်သို့ ဆွဲထွက်သွား သဖြင့် ခက်ခက်ခဲခဲ ထိမ်းကျောင်းကာ လေယာဉ်ဘီး ကိုပြေးလမ်းနှင့် ထိစေခဲ့ပါသည် ။ 
ပြေးလမ်းနှင့် ထိသော်လည်း လေယာဉ်၏ ဦးတည်ရာကို လိုက်လံ ထိမ်းကျောင်းနေရသဖြင့် လေယာဉ် ကို စက်သပ်ကာ အရေးပေါ် ပရိုစီဂျာများ အတိုင်းလေယာဉ် မီးမလောင်စေရန် ဆောင်ရွက်ပြီး ပုံ့မှန် ဘရိတ်ဖမ်းစနစ်ကို သုံးစွဲရန် မသင့်သဖြင့် အရေးပေါ် ဘရိတ်များကို သုံးစွဲကာ အထိအခိုက် မရှိဘဲပြေးလမ်း ၏ ၇၀၀၀ ပေခန့် အရောက်တွင် အန္တရာယ်ကင်းစွာ ရပ်တန့်နိုင်ခဲ့ပါသည် ။
လေယာဉ် ရပ်တန့်သွားသည်နှင့် လေယာဉ်ပေါ်မှ အလျှင်အမြန် ခုန်ဆင်းလိုက်ရသည် ။ အရေးပေါ်ကယ် ဆယ်ရေး အတွက် ရောက်ရှိလာသော နမ့်စန် လေတပ်စခန်းမှူးနှင့် တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဗိုလ်မှူး မင်းနေလ တို့က အားရ၀မ်းသာပြေး၍ ဖက်လိုက်ပါတော့သည်။
ယခုတော့ မိမိကြိုးပန်းခဲ့သမျှ အရာထင်ခဲ့ပေပြီ ။ မိမိ လုပ်ဖေါ်ကိုင်ဖက် A.5 လေယာဉ်ကြီးကို စစ်မြေပြင် တွင် မစွန့်ပြစ်ဘဲ မိခင်လေတပ်စခန်း အရောက်ပြန်လည် ယူဆောင်နိုင်ခဲ့သလို အမေရိကန် B.17 ဖို့စ်ထရက်လေယာဉ်မှူး ကဲ့သို Crash landing မဟုတ်ဘဲ A.5 လေယာဉ်ကြီးကို အပျက်အစီးမရှိ ဆင်းသက်နိုင်သလို စစ် ဆင်ရေး တာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့ပါသည်။ Behind enemy line ဇာတ်ကားထဲက ကက်ပတိန် ခရစ်ဘားနက် ထက် ကံကောင်းသူ ဖြစ်လို့သွားပါပြီ။
မြေပြင်သို့ ဆင်းသက်ပြီးနောက် မိမိလေယာဉ်အား စစ်ဆေးရာ missile inpectကြောင့် လေယာဉ်၏ အမြီး ရှိ ညာဖက် အတောင်ပံ ( Horizontal stabilizer & elevator) တစ်ခုလုံးမှာ100% ပြုတ်ကျ ကျန်ခဲ့သလိုထောင်လိုက် အမြီး Vertical Stabilizer နှင့် ပဲ့များ (Rudder) များမှာ ဒုံးကျည် အစအနများ ထိမှန် သဖြင့် ပေါက်ပြဲ စုတ်ပြတ်သွား ခဲ့ကြောင်း သိရှိရပါတော့သည်။
မကြာခင် intercept များအရ မိမိအား ပစ်ခတ်သော လက်နက်မှာ အနီအောက်ရောင်ခြည်အာရုံခံ အင်္ဂါ Seeker.4 ခု တပ်ဆင်ထားသည့် ဆီးရီးယား MIG.21နှင့် MI.8 များကို ပစ်ချခဲ့သော တရုပ်နိုင်ငံလုပ် FM.6 manpads ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
Horizontal stabilizer နှင့် ပတ်သက်သည့် ဖြစ်ရပ်များ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
လေယာဉ် တစ်စီး တည်ငြိမ်စွာ ပျံသန်းနိုင်ရန် အတွက်လေယာဉ် နောက်ဖက်တောင်ပံ (Horizontal Stabilizer) ခေါ် အတောင်နှစ်ဖက်နှင့် သေးငယ်သော Elevator ၂ ခုမှာ အရေးပါလေသည်။ လေယာဉ် တစီးလုံး၏ နောက်ဘက်ကို နောက်ဘက် အတောင် Horizontal Tails များက မတင်ထားခြင်းဖြစ်ကာလေယာဉ်ရှေ့ပိုင်းကို ရှေ့တောင်ပံ၂ ဖက်က မတင်ထားလေသည်။ လေယာဉ်၏ နောက်မြီး ၂ ဖက် ကို ဖယ်လိုက်ခြင်းသည် ငှက်တစ်ကောင်ကို အမြီးဖြတ်ကာ လွှတ်လိုက်ခြင်းနှင့် အလားသဏ္ဍာန် တူပေလိမ့်မည် ။
ထို့ကြောင့် အေရိုဒိုင်နမစ် ပညာရှင်များသည် ရေဒီယိုဖြင့် ထိမ်းသောလေယာဉ် ပုံစံငယ်ကို လေထဲတွင် နောက်တောင်ပံဖြုတ်ချ၍ စမ်းသပ်ရာ လေယာဉ်ငယ်မှာ ထိုးကျ၍ ပျက်စီးသွားလေသည်။
ကမ္ဘာ့ လေယာဉ်ပျက်ကျမှု့ သမိုင်းကို လေ့လာရာတွင် လေယာဉ် အတော်များများသည်၊ နောက်ဖက် အမြီး (Horizontal Stabilizer Error)ကြောင့် လေယာဉ် ပျက်ကျကာ ခရီးသည်များ အသက်ဆုံးရှူံးမှု့ဖြစ်ရပ်များအတော်များသလို အချို့သော စစ်ဖက်တိုက်လေယာဉ်နှင့် ဗုံးကြဲ လေယာဉ်များတွင်လည်း လေယာဉ်ကွင်းအရောက်ပြန်လည် မောင်းနှင်နိုင်သည့် တိုင်ခေတ်မှီ ထိမ်းသိမ်းမှု စနစ် များ မပါဘဲလေယာဉ်ကို အကောင်းပကတိ ဆင်းသက်နိုင်သူ အတော်ရှားကာ Crash landing အဖြစ် ဆင်းသက်ကာ လေယာဉ် ရစရာ မရှိအောင် ပျက်စီးရသည်က များလေသည် ။
Flight.3268 (Airbus) လေယာဉ် ပျက်ကျခြင်း
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
အချိန်က ၂၀၁၅ ခုနှစ်အောက်တိုဘာလ ၃၁ ရက်..
အီဂျစ်လေကြောင်းလိုင်းမှ Airbus. A.321-200 အမျိုးအစား Metroject flight.3268 သည် ခရီးသည်.၂၁၇ ဦးနှင့် လေယာဉ် အဖွဲ့သားအပါ စုစုပေါင်း ၂၂၄ ဦးကို တင်ဆောင်ကာ အီဂျစ်နိုင်ငံ Sharm el sheikh အပြည်ပြည် ဆိုင်ရာလေဆိပ် မှ ရုရှားနိုင်ငံ St. Petersburg သို့ ဒေသစံတော်ချိန် နံနက် ၀၅.၄၉ နာရီတွင် ပုံမှန်ပျံတက် ခဲ့ရာ နံနက်.၀၆း၁၃ နာရီ ဆိုင်းနိုင်းကျွန်းဆွယ် (Sinai peninsula) ကိုဖြတ်သန်းစဉ် တစ်မိနစ် အ တွင်း ရေဒါ ပုံရိပ်မှ ပျောက်ကွယ်သွားလေသည်။ 
ရေဒါ မှ ၄င်း၏ ကြီးမားသော အမြန်နှူန်းနှင့် လတ္တီတွတ်ကိုခြေရာခံ ထောက်လှမ်းရာ အမြန်နှူန်း 92.knots နှင့် altitude.28375.ft ထိခြေရာခံနိုင်ပြီး ပျောက်ကွယ်သွားခဲ့သည်။ ယင်းအဖြစ်အပျက်တွင် အသက်ရှင်သူတစ်ဦးတယောက်မျှ မရှိသော်လည်း အီ၈ျစ်အာဏာပိုင်များက လေယာဉ် Crew များက အရေးပေါ် အကူ အညီတောင်းခံချက်နှင့် Horizontal stabilizor error (techinical problem) ကို အနီးဆုံး လေယာဉ်ကွင်း မှလက်ခံ ရရှိကြောင်း မသိခင် အချိန်ထိ အကြမ်းဖက် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ယူဆခဲ့ကြလေသည်။
Continental Exptess Flight.2574 ပျက်ကျခြင်း
★ ★ ★ ★ ★ ★ ★★ ★ ★ ★★ ★ ★ ★★ ★ ★ ★
အချိန်က. ၁၉၉၁. ခု စက်တင်ဘာလ ၁၁. ရက်.....
Britt.Airway ပိုင် ခရီးသည်. ၁၁ ဦး လေယာဉ် အဖွဲ့သား ၃ ဦးပေါင်း ၁၄ဦး ပါဝင်သော Flight.2574 သည်၊ တက်ဆပ်ပြည်နယ် လာရီဒို အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်တွင်း ခရီးစဉ် အဖြစ် ဟော့စတွန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (ယခုဂျော့ဘွတ် အပြည်ပြည်ဆိုင်ရာလေဆိပ်) သို့ ဦးတည်ပျံသန်းနေစဉ် တက်ကဆပ်ပြည်နယ် သိန်းငှက်ရေအိုင် အနီး ပျက်ကျကာ အားလုံး အသက်ဆုံးရှူံးခဲ့ကြရသည် ။ အမျိုးသား သယ်ယူပို့ဆောင်မှု့ လုံခြုံရေး ဘုတ်အဖွဲ့ ( NTSB) ၏ စုံစမ်းစစ်ဆေးချက်များ အရ Horizontal Stabilizer Error ကြောင့် ပျက်ကြခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။
Alaska Airlines Flight.261 ပျက်ကျခြင်း
★ ★ ★ ★ ★ ★ ★★ ★ ★ ★★ ★ ★ ★
အချိန်က ၂၀၀၀. ခုနှစ် ဇန်န၀ါရီလ. ၃၁ ရက်.
ခရီးသည်. 83 +Crews.5 ပေါင်း 88 ဦး ပါဝင်သော မက်ဒေါ်နယ်ဒေါက်၈လပ် MD.83 အမျိုးအစား အလာ့စကာ အဲယားလိုင်း ပိုင် Flight.261 သည် မက်ဆီကို မှ ဆန်ဖရန်စစ်စကို သို့ပျံသန်းစဉ် ကယ်လီဖိုးနီးယား Anacapa Island ၏ မြောက်ဘက်၂.၇ မိုင် အကွာ ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ထိုးကျ ပျက်စီးခဲ့ရာခရီး သည် အားလုံး အသက်ဆုံးရှူံးခဲ့သည့် အဓိက အကြောင်းရင်းမှာ Horizontal Stabilizer Error ကြောင့်ဖြစ်ကြောင်း စုံစမ်းဖေါ်ထုတ်နိုင်ခဲ့ပြီးလေယာဉ်မောင်းနှင်သော Pilot.၂ ဦးမှာ အလွန် အတွေ့အကြုံကြီးမားသူများဖြစ်ကြပြီး ကက်ပတိန်.Ted.Thompson (၅၃.နှစ်)သည် Flight hours.17750 ရှိပြီး MD.80 လေယာဉ်မောင်း နာရီ.၄၀၀၀ အထက် ရှိသူဖြစ်သည် ။ 
ထို့အတူ first officer ဖြစ်သူ William. Bill tansky (57)နှစ် သည်လည်း Flight hours.8140 နာရီနှင့် MD.80 မောင်းနှင်သည့် နာရီပေါင်း. 8060 ရှိကြသော ၀ါရင့်လေသူရဲများဖြစ်ကြလေသည် ။ ယင်းကဲ့သို့ အတွေ့ အကြုံကြီးမားသူများ ပင်လျှင် Horizontal tail error ကြောင့် လေယာဉ် ထိုးကျပျက်စီးရသည်။
Flight.243 လေယာဉ်ပျက်ကျခြင်း
★ ★ ★ ★ ★ ★ ★ ★ ★★ ★ ★ ★
၁၉၈၈ ခုနှစ် ဧပြီလ၂၈ ရက်တွင်လည်း Aloha Airline Flight.243 ဘိုးရင်း 737-237 လေယာဉ်ကြီးသည် ဟိုနိုလူလူသို့ ပျံသန်းစဉ်ပေါက်ကွဲမှု့ တစ်ခုကြောင့် Horizontal Stabilizer:-)ပျက်စီးမှု ကြောင့် အရေးပေါ်ထိုးဆင်းခဲ့ရာ ၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ဘက် B.17 bomber crash landing
★ ★ ★ ★ ★ ★ ★ ★★ ★ ★ ★★ ★ ★ ★
အချိန်က ၁၉၄၃ ခုနှစ်ဖေဖေါ်ဝါရီလ တစ်ရက်နေ့..
အမေရိကန်တို့၏ အမှတ် ၉၇ ဗုံးကြဲလေယာဉ်အုပ်မှ B.17 ဗုံးကြဲလေယာဉ်များသည် ရန်သူ ဂျာမန်တို့ သိမ်းပိုက်ထားသညံ့် ၊မြောက်အာဖရိကရှိ တူနီးရှား စစ်မြေပြင်ကို ဗုံးကြဲတိုက်ခိုက်ရာ တူးနစ်မြို့ အနီးတွင် ဂျာမန်လေယာဉ်များနှင့် Dogfight တိုက်ပွဲနှင့်ကြုံရလေတော့သည်။
ဂျာမန် ဖိုက်တာ တိုက်လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် B.17.Fotress လေယာဉ် ကိုယ်ထည်နှင့် ဘယ်ဘက် Horizontal stabilizer tail မှာ အယ်လီဗေတာ များနှင့် အတူ အရင်းမှ ပြတ်ထွက်သွားရုံသာ မက ၊အောက်စီဂျင်စနစ် ၊ရေဒီယိုစနစ် ၊လျှပ်စစ်စနစ်များပါ ပျက်စီးသွားခဲ့သည့်အပြင် ထောင်လိုက် အမြီး Vertical Stabilizer နှင့် ပဲ့များ (Rudder) များပါ ချို့ယွင်းသွားခဲ့သည်။
အယ်လီဗေတာကြိုး တစ်ချောင်းသာ အလုပ် လုပ်နေသော်လဲ ဖို့ထရက်စ်လေယာဉ်မှာ ပျံသန်းနေဆဲပင်ဖြစ်သည်။ ဖို့ထရက် ပိုင်းလော့မှာ မိမိလေယာဉ် အခြေအနေဆိုးနေသည့်တိုင် မိမိ ပစ်မှတ်ကို ဦးတည်ကာ ပါလာသော ဗုံးများကိုကြဲချဖြစ်အောင်ကြဲချ လိုက်သေးသည်။
ပြီးမှ မိမိလေတပ်စခန်းကို ဦးတည်လိုက်သည်။ ပျံသန်းနိုင်သော အမြန်နှူန်းနည်းနေသဖြင့် လေယာဉ်သည်တဖြေးဖြေးနိမ့်ကျလျှက် ရှိသလို ခက်ခက်ခဲခဲထိမ်းကြောင်းနေရသည်။ လေယာဉ်သည် အင်္ဂလိပ်ရေလက်ကြားကိုဖြေးညှင်းစွာဖြတ်ကျော်ပြီး မိမိလေတပ်စခန်းသို့ ဆက်သွယ်ကာ belly landing ခေါ်Crash landingဖြင့်ဆင်းသက်နိုင်ခဲ့သော်လည်း လေယာဉ်မှာ ရစရာမရှိအောင် ပျက်စီးသွားခဲ့သော်လည်း pilot ဖြစ်သူ Lt.Ken Bragg သည် ၄င်း၏ Crews များကို ကယ်တင်နိုင်ခဲ့သော သူရဲကောင်းဖြစ်လာခဲ့သည်။
အဓိက တင်ပြလိုသည်မှာ Tailless အဖြစ် ပုံစံ ထုတ်ထားသော လေယာဉ်များနှင့် ခေတ်မှီ ထိမ်းချုပ် ကရိယာ များ မပါသော လေယာဉ်များသည် Horizontal Stabilizer Errorကြောင့်သော်၎င်း ရန်သူ၏ ပစ်ခတ်မှု့ကြောင့် Horizontal Stabilizer ပြုတ်ထွက်သွားခဲ့သော် အချန်မရွေး ပျက်ကျနိုင်သလို Crash landing မဟုတ်ဘဲ ပုံမှန်ဆင်းသက်နိုင်ဖို့သည် လေယာဉ်မှူး၏ ကျွမ်းကျင်မှု့နှင့် ဆုံးဖြတ်နိုင်မှု့အပေါ်တွင် များစွာ တည်လေသည်။
B.17.F crash landing
★ ★ ★ ★ ★ ★ ★ ★ ★
အချိန်က ၁၉၄၃ ခု ဒီဇင်ဘာလ.၂၀ ရက်....
အမေရိကန်လေတပ်၏. အမှတ် 378. ဗုံးကြဲလေယာဉ် အုပ်၏ အမှတ်. 8 comand အနောက် ဗာဂျီးနီးယား ရှိ Weston လေတပ်စခန်းမှ လက်ဖတင်နင် ချာလ်ီဘရောင်း (Lt.Charles Brown) မောင်းနှင်သော လေယာဉ် အမှတ် 42.3167 အမှတ်အသားပါ B.17.F ဗုံးကြဲလေယာဉ် တစ်စီးသည် ၊ဂျာမနီနိုင်ငံ ဘရီးမင်းသို့သွားရောက် ဗုံးကြဲတိုက်ခိုက်စဉ် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော သူရဲကောင်း စိတ်ဓာတ်ရှိသူ ဂျာမန်ပိုင်းလော့မောင်းနှင်သည့် ဂျာမန် တို့၏ Bf.109 လေယာဉ်နှင့်ကြုံတွေ့ခဲ့ရသည်။
ဘရောင်းသည် သူ၏ ဗုံးကြဲလေယာဉ်.B.17 ကို ဂျာမန် တို့၏ လေယာဉ် ထုတ်လုပ်သည့် စက်ရုံ Ye Olde Pub ကို ဦးတည် ဗုံးကြဲရန် တာဝန်ပေးအပ်ခြင်း ခံရသည်။ စက်ရုံပေါ်ရောက်သည့်အခါ ဘရောင်းသည် မမျှော် လင့်ဘဲ လေယာဉ်ပစ် အမြောက်များ၏ ခုခံ ကာကွယ်မှုနှင့် ကြုံတွေ့ရတော့သည်။ ဘရောင်း ၏ လေယာဉ်သည် လေယာဉ်ပစ် လက်နက်များ၏ ဒဏ်ကြောင့် ဦးခေါင်းပိုင်းကို ထိမှန်ရုံသာ မက အင်ဂျင်လေးလုံး အနက် ၂ လုံး ပျက်စီးသွားခဲ့သည်။ လေယာဉ်၏ နောက်ဘက် ဘယ်ဘက် အမြီးနှင့် အယ်လီဘေတာ (Left Horizontal Stabilizer and Left eievator) မှာလေယာဉ်ပစ် လက်နက် ဒဏ်ကြောင့် ၉၀% ပြတ်ထွက်သွားသည့် အပြင်ထောင်လိုက် အမြီး (Vertical Stabilizer) ထိပ်ပိုင်းမှာလဲ ပြတ်ထွက် သွားလေတော့သည်။ ဘရောင်းသည် မိမိလေယာဉ်အား တည်ငြိမ်အောင် မနဲထိမ်းသိမ်းနေစဉ်...
ရန်သူ ဂျာမန် တို့၏ Bf.109 နှင့် FW.190 တိုက်လေယာဉ် ၁၂ စီးပေါ်လာပြီး မိမိတို့ ၏ အမှတ်.၈ လေယာဉ်အုပ်ကို ၀င်ရောက် တိုက်ခိုက်လေတော့သည်။ ၁၀မိနစ်ခန့် တိုက်ခိုက် ခံရပြီးနောက် ဘရောင်းလေယာဉ်၏ တတိယ အင်ဂျင်မှာလဲ အင်ဂျင်ပါဝါ တစ်ဝက်ခန့်သာ ထုတ်ပေးနိုင်တော့သည့် အပြင်လေယာဉ်ထဲရှိအောက်စီဂျင်ပေးသည့်စနစ်၊ ဟိုက်ဒရောလစ်နှင့် Electrical System များပါ ပျက်စီးသွားလေတော့သည်။
လေယာဉ် ကျောဘက်ရှိ ဆုံလည် ပစ်၍ ရသော သေနတ် ၂ လက်နှင့် လေယာဉ် ဦးဘက်ရှိ သေနတ် တစ်လက်သာ ကျန်ရှိတော့သည်။ အောက်စီဂျင် နည်းသွားသည့် အတွက် ဘရောင်းသည် အသိမဲ့သွားပြီး B.17 လေယာဉ်ကြီးသည် ပတ်ချာလည်ကာ မြေသို့ထိုးဆင်း သွားတော့သည်။ သို့ရာတွင် အမြင့်ပေ 1000 သို့ရောက်သည့်အခါ ဘရောင်းသည်ပြန်လည် သတိရလာပြီး အမြီးပြတ်နေသောလေယာဉ်ကို ထိမ်းသိမ်းလိုက်နိုင်ကာ ခရီးရှည် အိမ်ပြန်ခရီးကို ဦးတည်လိုက်လေတော့သည်။ ဘရောင်းလေယာဉ်တွင် Crew men 8 ယော က် မှာ ကြိုး တစ်ချောင်းကို ဆွဲကိုင်ရင်း အသက်မသေဘဲ ပါရှိခဲ့သည်။
ဘရောင်းသည် ဒဏ်ရာ အကြီးအကျယ် ရနေသော B.17 လေယာဉ်ကြီးကို ထိမ်းကြောင်းကာ ဂျာမနီ အနောက်ဘက် ကမ်းခြေပေါ်မှဖြေးဖြေး ခြင်းမောင်းနှင်လာခဲ့သည်။
တစ်ကယ်တော့ ဘရောင်း၏ ပခုံးတွင် ပစ်ခတ်စဉ်က ထိမှန်ဒဏ်ရာရခဲ့သည်ကို ဘရောင်း သတိမထားမိ ၊ မိမိလေယာဉ် B.17 ၏ အမြီးဖျားရှိ မိမိ၏ သေနတ်သမားမှာလဲ A.20.mm Cannon စက်သေနတ်ထိမှန်ကာကျဆုံးသွားခဲ့လေပြီ။
ကျန် Gunnerနှစ်ဦး အနက် တစ်ဦးမှာ ခြေထောက်တွင်၎င်း၊ ကျန်တစ်ဦးမှာလဲ ဒဏ်ရာကြောင့်ရှော့ခ် ရနေသည်။ ကျန်တစ်ဦးမှာ ကျည်ဆံ အပိုင်းအစတစ်ခု မျက်စေ့တွင် ထိမှန်ထားပြီး Ball gunner တစ်ဦး၏ခြေထောက်မှာနှင်းကိုက်နာဖြစ်နေသည်။ ထိုလေယာဉ်ကို ပစ်ချရန်မှာ လေထီးဆင်းနေသူ တစ်ဦးကို ပစ်ရသလောက် လွယ်ကူလှသည်။ 
ယင်းအချိန်မှာပင် ဂျာမန်လေယာဉ်မှူးသည် ဘရောင်း၏ လေယာဉ်နှင့် အတောင်ချင်း ထိလုနီးပါး ပျံသန်း လိုက် ရာ ရန်သူလေယာဉ်မှူးနှစ်ဦးမှာ တစ်ဦးနှင့် တစ်ဦး ထင်ရှားစွာမြင်နေရသည်။ ဂျာမန်လေယာဉ်မှူး ၏ အမူ အရာက သူ့လေယာဉ်ကို ပစ်ချလိုဟန် မရှိကြောင်း ဘရောင်းမြင်နေရသည်။ ထို့နောက် ဂျာမန်လေယာဉ် သည် အမြီးတစ်ဖက်မပါ ရုံးကန်လှူပ်ရှားပျံသန်းနေသော B.17 လေယာဉ်ကြီးအား Escort လုပ်ရင်း လိုက်ပါလာသည်။
 မြောက်ပင်လယ်သို့ ရောက်သောအခါ ဂျာမန်လေယာဉ်မှူးသည် ဘရောင်းအား လေးစားစွာ   ခပ်တောင့်တောင့် အလေးပြုလိုက်ပြီး အဝေးသို့ ပျံသန်းသွားသဖြင့် ဘရောင်း အလွန်အံ့သြသွားရတော့ သည်။ ဘရောင်း၏ လေယာဉ်ကိုြိဗတိသျှ လေယာဉ်ကွင်းဆီသို့ ဦးတည် ပျံသန်းလိုက်တော့သည်။ ယင်းနောက်ရေဒီယို ချယ်နယ်..47 လိုင်းကိုပြောင်း၍ ဖမ်းရင်း ဂျာမာန်လေယာဉ်မှူး မှ ၄င်း၏ Co အား သတင်းပို့ ချက် ကို နားထောင်လိုက်ရာ...
ဂျာမန်လေယာဉ်မှူး Lt.Franz သည် ကွင်းဆင်းပြီးသောအခါ ၄င်း၏ CO အား အမေရိကန် လေယာဉ်အားမြောက် ဘက် ပင်လယ်ပေါ်တွင် ပစ်ချလိုက်ကြောင်း သတင်း ပို့လိုက်လေတော့သည်။
နောင်နှစ်ပေါင်း ၄၀ ကြာသောအခါ ဘရောင်း သည် ဂျာမန် လေယာဉ်မှူး Lt.Franz ကို တွေ့ချင် သဖြင့်ကြိုး ပန်း ခဲ့ရာ သူရဲကောင်းနှစ်ယောက်သည် ညီအကို သဖွယ်တွေ့ဆုံခဲ့ကြလေတော့သည်။ သူရဲကောင်း တို့၏ စိတ်ဓာတ်ကား စစ်မြေပြင်၌ တွေ့ဆုံရာတွင်ပင် မတရားသဖြင့် အနိုင်မယူတတ် ရရှိမည့် ဆုတံဆိပ်ကို မမက်မောချေ.. အမေရိကန် လေယာဉ်မှူး Lt. Charles Brown သည်လဲ ဒဏ်ရာ ရနေသည့်ကြားမှ Horizontal Stabilizer 90% ပြတ်ထွက် သွားသောလေယာဉ်အား စခန်းသို့ ချောချောမောမောပြန်လည်ယူဆောင်နိုင်ခဲ့သောကြောင့် သူရဲကောင်း ဆုတံဆိပ်ကို လက်ခံ ရရှိခဲ့လေသည်။
နောက် အဖြစ်အပျက်ကလေး တစ်ခု ကတော့.................
တူရကီနိုင်ငံ Incirlik Air Base ရှိ တပ်ခိုက်ရေး ကွန်မန်ဒါ General Herbert ၏ A.10 thunder မြေပြင် တိုက်ခိုက်ရေး လေယာဉ် အုပ်ဟာ ဒေသတွင်းရှိ အစ်စလမ်းမစ် အစွန်းရောက်တွေကို တိုက်ခိုက်လျှက် ရှိ တယ် ။ A.10 လေယာဉ်များသည် မြေပြင် တိုက်ခိုက်ရေးတွင် အမေရိကန် တို့၏ ပြိုင်ဘက်ကင်း တိုက်လေယာဉ်များဖြစ်ကြသလို A.10 တို့၏ မြေပြင် အကူပေး စက်အမြောက်များမှာ နာမည်ကြီးလှတယ် မြေပြင်ရှိ မည် သည့်Target  ကို မဆိုဖြိုချ ဖျက်ဆီးနိုင်သော 30.mm.GAU.8/A. Avenger Gatling type Cannon.7 လက်တွဲ တပ်ဆင်ထားပြီး ယူရေနီယမ် shell ကျည်များကို တစ်မိနစ်လျှင် ၃၉၀၀ ပစ်ခတ်နိုင်စွမ်းရှိတယ်။
လေယာဉ်မှူး Cap.Kim Cambell မောင်းနှင်တဲ့ အမေရိကန် တို့ရဲ့ နာမည်ကျော် A.10 လေယာဉ်ဟာ ၂၀၀၃ ခုနှစ် မှာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အနီးမှာ Close air support လုပ်နေစဉ် မြေပြင် ကနေ manpad ဖြင့် ပစ်ခတ် ခံလိုက်ရတဲ့ အတွက် Vertical Stabilizer ရော Horizontal Stabilizer ပါ ထိမှန် ပျက်စီးသွားခဲ့တယ် ။ 
လေယာဉ်မှူး Cap. Kim. Cambell ဟာ လေယာဉ်ကို မနဲ ထိမ်းနေရတယ် ။ ၊လေယာဉ်ဟာ ဘယ်ဘက်ကိုလူးလှိမ့်နေပြီး ဦးစိုက်ဆင်းနေတဲ့ အတွက် ခက်ခက်ခဲခဲ ထိမ်းပြီး သူရဲ့ မိခင်လေတပ်စခန်းဖြစ်တဲ့ 75th Fighter Squadron ကိုပြန်လည် ဆင်းသက်နိုင်ခဲ့တယ် ။ ခေတ်မှီ တိုက်လေယာဉ်တစ်စီးဖြစ်တာမို့. Modern Mechanical Flight Control System တွေရဲ့အကူအညီနဲ့ ဆင်းသက်နိုင်တာဖြစ်တယ်လို့ ဆို တယ် ။ ဒါတွေကတော့ ရှားရှားပါးပါး Horizontel Stabilizer အတောင်ပြတ်သွားပြီးနောက်လေယာဉ်ကို မိ ခင် လေတပ်စခန်းသို့ ပြန်လည်မောင်းနှင်နိုင်ခဲ့သော ဖြစ်ရပ်များဖြစ်တော့သည်။
နောက်တယောက်ကတော့ ၁၉၆၄ ခုနှစ်မှာ ဘိုးအင်း ကုမ္မဏီရဲ့ Test Pilot Chuck Fisher နဲ့ အဖွဲ့ဝင် ၃ ဦးဟာ သူတို့မောင်းနှင်တဲ့ B.52.H. stratofortess လေယာဉ်ကို ပေ.၁၄၀၀၀ အမြင့်နဲ့ နယူမက်စီကို ရဲ့ De.Christo တောင်တန်းပေါ်မှာ Vertical Stabilizer လို့ခေါ်တဲ့နောက်ဖက်က ထောင်နေတဲ့ အမြီး ပြုတ်ထွက် သွားခဲ့ပေမဲ့ Pilotဟာ ကွင်းကို အရောက်ပြန်ဆင်းနိုင်ခဲ့တယ်။
 အရပ်ဖက်လေယာဉ် နဲ့ တိုက်လေယာဉ်တွေ အနေနဲ့ Horizontal stabilizer တွေ၊ Elevator တွေ၊ Vertical Stabilizer တွေ နဲ့ Rudder တွေ ချို့ယွင်းသွားတဲ့ အချိန်မှာ လေယာဉ်ကို Crash landing မဟုတ်ဘဲမြေပြင်ကို ပြန်လည် ဆင်းသက်နိုင်သူတွေဟာ ကမ္ဘာမှာ လက်ရည်ချိုးလို့ရအောင် ရှားပါးလှပါတယ်။
ဒါကြောင့်လဲ တရုပ်နိုင်ငံကို လေယာဉ်မောင်းသွားရောက် သင်တန်း တက်ခဲ့တဲ့ မြန်မာပိုင်းလော့တွေနဲ့ တ ရုပ်လေယာဉ်မောင်းနည်းပြတွေ ဆုံတွေ့ကြရာမှာ တရုပ်နိုင်ငံလုပ် FN.6 manpads ကို ခေတ်မမှီတော့သော တရုပ်နိုင်ငံလုပ် A.5.C တတိယ မျိုးဆက်လေယာဉ်နှင့် အောင်မြင်စွာ ရှောင်တိမ်း ခဲ့တဲ့မြန်မာ့လေယာဉ်မှူးတွေကို လေးစားကြောင်း ချီးကျူးကြောင့်းပြောကြားခဲ့ကြပါတယ်။
တစ်ကယ်တော့ တရုပ် လေယာဉ်မောင်း နည်းပြတွေနဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားခဲ့ကြသလို A.5 လေယာဉ်မှူး ဟာသူရဲကောင်း တစ်ယောက်တော့ မဟုတ်ပါဘူး ။ ဒီလို စွမ်းဆောင်မှု့မျိုးကို မြန်မာ့ တပ်မတော် (လေ) ကရွှေတောင်ပံတွေ အားလုံးဆောင်ရွက်နိုင်စွမ်း ရှိကြပါတယ် ။ အဓိက ကတော့ တပ်မတော် တစ် ရပ် လုံးရဲ့ ဂုဏ်သိက္ခာ ၊တပ်မတော်လေ ရဲ့ ဂုဏ်သိက္ခာ ၊ရွှေတောင်ပံတွေ ရဲ့ ဂုဏ်သိက္ခာအတွက် မိမိ အသက်ကို မငဲ့ကွက်တဲ့ စိတ်နဲ့ မိမိလေယာဉ်ကို ခင်တွယ်တဲ့ စိတ်ကသာလျှင် အဓိကဘဲဖြစ်ပါတယ်။
တစ်ကယ့် သူရဲကောင်းတွေကတော့ မိမိအသက်ကို မငဲ့ကွက်ဘဲ လက်ဆင့်ကမ်း ပညာအမွေတွေပေးခဲ့ကြတဲ့ စီနီယာတွေနဲ့ သွန်သ င်ညွှန်ပြခဲ့တဲ့ဆရာတွေပါ။ နောက်ထပ်လဲ ရှိပါသေးတယ် ။ လေယာဉ်တစ်စီးရှေ့တန်းထွက်တယ် ဆိုတာ သူ့ချည်း သွားလို့မရပါဘူး ။ နောက်က ပံ့ပိုးပေးမယ့် စက်မှု့လက်မှု့ စစ်သည်တွေ၊missile အဖွဲ့တွေ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှ အောင်မြင်တာပါ။
သူတို့ကတော့ လူတွေ သိပ်မသိကြတဲ့ တပ်မတော်လေရဲ့ သူရဲကောင်းစစ်သည်တော်တွေပါဘဲ ။ အင်ဂျင်နီယာ စစ်သည်တော်တွေဟာ တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ A.5 လေယာဉ်ကြီးကို အကောင်း ပကတိဖြစ်အောင် အုံဖွ လုပ်နိုင်စွမ်း ရှိတဲ့ အရည်အချင်းပြည့်ဝသူတွေဖြစ်တဲ့ အတိုင်း စစ်မြေပြင်မှာ ဒဏ်ရာရခဲ့တဲ့ A.5 လေယာဉ်ကြီးဟာ မကြာခင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ခဲ့ပါတယ် ။
ဒီဇင်္ဘာလ. ၄ ရက်နေ့မှာဘဲ မြေပြင်က ညီနောင်စစ်သည်တွေဟာ မုန်းကိုးကို ၀င်ရောက် သိမ်းပိုက်လိုက်တဲ့သတင်းကောင်းကို ညပိုင်းမှာကြားလိုက်ရပါတော့တယ်။
မိမိ အသက်ကို မငဲ့ကွက်ဘဲ ၊နိုင်ငံ့ ဂုဏ်သိက္ခာ၊ တပ်မတော် တစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာ၊ တပ်မတော်လေ နဲ့ ရွှေတောင်ပံ တို့ရဲ့ဂုဏ်ကို ထိမ်းသိမ်းနိုင်ခဲ့တဲ့၊ ပုသိမ်လေတပ်စခန်းဌာနချုပ် အမှတ် ၉၈ ဗုံးကြဲလေယာဉ်အုပ်မှ ဗိုလ်မှူးဇေယျာထွန်း ကိုနိုင်ငံတော်မှ စွမ်းရည်ဆိုင်ရာ သူရဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
တိုင်းပြည် ရန်စွယ် မှန်သမျှ မြန်မာ့တပ်မတော်လေ ရွှေတောင်ပံ တို့ကို ချွေချရန် ခေတ်အဆက်ဆက်မည်သို့ပင်ကြိုးပန်းပါစေ  မြန်မာ့ ရွှေတောင်ပံ တို့သည် ရွှေရောင် လွှမ်းသော အမိမြန်မာပြည်ကို ဖြူစင်သော စိတ် ထားဖြင့် အပြာရောင် မိုးကောင်းကင် ထက်မှ ဆက်လက် ကာကွယ်စောင့်ရှောက်နေမည် ကိုကားသံသယ ရှိစရာ လိုမည်မထင်ပေ ။
ထို့အတူ ခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်ရင်း အမိမြေကို ကာကွယ်ခဲ့ကြသော
 ရွှေဝါရောင် မြေပြင် အထက် လင်းလက်သော ကောင်းကင်ပြာ မှ ရဲရင့်သော ရွှေတောင်ပံ အားလုံး တို့အား .....
ဤဆောင်းပါးဖြင့် ဂုဏ်ပြု ဦးညွှတ်အလေးပြုလိုက်ပါရစေ..
Star Shinester
No comments:
Post a Comment