Thursday, August 31, 2017

အမှန်တရားက ဖိနပ်စီးနေတုန်းမှာပဲ မုသား က ကမ္ဘာ တစ်ပတ် ပတ်ပြီးသွားပြီ




ဆိုရေးရှိ၍ ဆိုပါရစေ။
အောက်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံ ကတော့ လက်ရှိ ရခိုင် အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးမှာ ဘယ်လိုတွေ ပြောနေကြတယ်၊ ဘယ်လို သတင်းတွေ ပြန့်နှံ့နေကြတယ် ဆိုတာကို Data Crawling နဲ့ Analysis လုပ်ထားတာ ဖြစ်ပါတယ်။

အနီတွေ က Negative ပြောတာ ဖြစ်ပြီး အပြာတွေ က Positive ပြောတာ ဖြစ်ပါတယ်။ သတင်း အမှန်တွေက အပြာရောင် ဖြစ်ပြီး သတင်း အမှားတွေက အနီရောင် ဖြစ်ပါတယ်။ ကမ္ဘာကြီး တစ်ခုလုံးနဲ့ တစ်နိုင်ငံတည်း၊ တစ်နိုင်ငံတည်းမှာ မှ နေပြည်တော် ကွက်ကွက် ကလေးကနေ ထုတ်ပြန်နေရတာပါ။ တပ်ချုပ်ရုံး နဲ့ Information Committee နှစ်ခု ကနေ ထုတ်ပြန်နေတဲ့ သတင်းတွေဟာ Twitter မှာ သန်းနဲ့ ချီပြီး Tweet နေတာတွေကို မယှဉ်နိုင်ပါဘူး။

သတင်း မမှားရအောင်၊ အပြန်ပြန် အလှန်လှန် စိစစ်၊ တပ် နဲ့ ရဲ Double Check လုပ်ပြီး သေချာပြီ ဆိုမှ  ထုတ်ပြန်ပေးနေရတဲ့ အခြေအနေမှာ နိုင်ငံတစ်ကာမှာ ရှိတဲ့ သန်း နဲ့ချီတဲ့ လူတွေက ဟုတ်တာရော မဟုတ်တာရော ရှိရှိ သမျှ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို အစုလိုက် အပြုံလိုက် တင်ပြီး ထုတ်ပြန်နေကြတာပါ။ သတင်းဌာနတွေကို အဆက်မပြတ် အီးမေးလ်တွေ ပို့တယ်၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့တယ်။

အကြမ်းဖက် သမားတွေ လက်ချက်နဲ့ သေသွားရတဲ့ တိုင်းရင်းသားတွေရဲ့ ဓါတ်ပုံတွေ (ဒီ ဓါတ်ပုံတွေကို ရေစာထိုးပြီး မှ တင်တာ ) ဟာ Tweeter ပေါ်မှာ လုံခြုံရေး တပ်ဖွဲ့တွေ အသတ် ခံရတဲ့ " ရကောက် " တွေပါ ဆိုပြီး ဖြစ်သွားနေပါတယ်။

နိုင်ငံရေး ပါတီတွေက အကြမ်းဖက် ဆန့်ကျင်ရေး တစ်သားတည်း ရပ်တည်ကြတယ်။ ပြည်တွင်းနေ လူငယ်တစ်ချို့ ကလည်း အကြမ်းဖက်မှုကို ရှုတ်ချတဲ့၊ ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြန်လာကြတာ တွေရတယ်။ ဒါကို ကြိုဆိုတယ်။ ဒီထက် ပိုပြီး ပြည်တွင်းနေ အဖွဲ့ကြီးတွေက ကန့်ကွက်ချက်တွေ ထွက်ပေါ်လာဖို့လည်း မျှော်လင့်ပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။

ဒီအချိန်မှာ မြန်မာ ဆိုတဲ့ စိတ်နဲ့ ပြည်သူတွေဟာ Report တွေ လုပ်ကြတယ်။ Twitter တွေ ဖွင့်ပြီး သတင်းမှန်တွေ ဖြန့်ကြတယ်။ ပြည်တွင်း မီဒီယာတွေ ကလည်း သတင်းမှန်တွေကို အပင်ပန်း ခံပြီး ထုတ်ပြန်နေကြပါတယ်။ ဘယ်နေရာမှာ ဘယ်သူတွေ ရိက္ခာပြတ်နေပြီ၊ ဘယ်နေရာမှာ ပိတ်မိနေပြီ စတဲ့ သတင်း အချက်အလက်တွေ တိုးတိုး တိတ်တိတ် တစ်မျိုး၊ ကျယ်ကျယ်လောင်လောင် တစ်ဖုံ ပေးပို့ပေးခဲ့ကြပါတယ်။ ဒီလိုမျိုး အားတက်သရော ညီညွတ်နေကြတာ တွေ့ရလို့ စိတ်ထဲမှာ လှုပ်ရှားရလွန်းလို့ ပြောမပြတတ်အောင်ပါပဲ။

ဒါပေမယ့် မီဒီယာပါး ဝနေပြီ ဖြစ်တဲ့၊ မီဒီယာတွေကို စီးနင်းထားနိုင်တဲ့ သူတွေက Information Committee က ထုတ်ပြန်ချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံ နာမည်နဲ့ သတင်းခေါင်းစဉ်တွေ တည်ဆောက်ပြီး ဖိအားပေးကြတယ်။ ဒါတွေကို ဖတ်ပြီး Information Committee က ဒီလို ပုံတွေနဲ့ Tweet တာ၊
ပြည်သူတွေ က မတောက် တစ်ခေါက်နဲ့ Tweet ကြတာတွေကို တွေ့တော့ ရှက်စရာကောင်းတယ် လို့
 ပြောကြတယ်၊ Post တင် Tag လုပ်ပြီး အသိပေးလာကြတယ်။

ကိုယ့်တိုင်းရင်းသားတွေ၊ ဒေသခံတွေ အသတ်ခံရတဲ့ ဓါတ်ပုံတွေ၊ ရုပ်ပျက်ဆင်းပျက် ဓါတ်ပုံတွေ အများကြီး ရှိပါတယ်။ ပြည်မကြီး ဘက်မှာ ပဋိပက္ခ မီး မကူးရလေအောင်၊ ဘာသာရေး-လူမျိုးရေးတွေ ကူးစက်လာမှာကို ချင့်ချိန်ပြီး ဓါတ်ပုံတွေ တင်တာတောင်မှ ရွေးချယ်ပြီး တင်နေပါတယ်။

  




ဒီကြားထဲမှာမှ ဖြစ်ရပ်မှန်တွေရဲ့ ဓါတ်ပုံ မှတ်တမ်းတွေကို ထုတ်ပြန်ပေးတာကို ရှက်ကြတယ် တဲ့လား။ ဒီလို အချိန်မှာမှ အဖြစ်မှန်တွေကို ချမပြရင် ဘယ်အချိန်မှာမှ ချပြရမှာ တဲ့ လဲ။ တစ်ကယ့်ကို လစ်ဘရယ်ကြီးတွေလို့ ဆိုလိုချင်တာလား။ သတင်းမှန်၊ သတင်းမှား ပြန့်နှံ့နေတဲ့ မြေပုံကို ကြည့်လိုက်ပါ လို့ တိုက်တွန်းချင်ပါတယ်။

မြေပုံမှာ ကြည့်ရင် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အပြာရောင်နဲ့ ပြထားတဲ့ Information Committee နဲ့ တပ်ချုပ်ရုံး က ထုတ်ပြန်ပေးနေတာတွေက သူတို့တွေရဲ့ IT Flow နဲ့ ယှဉ်လိုက်ရင် ကမ္ဘာကြီးမှာ သေးသေးလေးပါ။ တစ်ကယ့် ကို သေးသေးလေးပါ။ အပုံ တစ်သန်းပုံ တစ်ပုံတောင် မရှိပါဘူး။ ဒါ့ကြောင့်လည်း လူကြီးတွေက ပြည်တွင်း၊ ပြည်ပ မီဒီယာတွေ သွားရောက် သတင်းယူနိုင်အောင် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

Information Committee မှာ တပ်မတော် ပါတယ်။ ပြည်ထဲရေး ပါတယ်။ သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ နယ် စပ်ရေးရာ၊ နိုင်ငံခြားရေး ကိုယ်စားလှယ်တွေ ပါပါတယ်။ ရခိုင်ပြည်နယ် အစိုးရကနေ ဟိုးအောက်ခြေ ရပ်ကျေး အဆင့်အထိမေးမြန်းပြီး သတင်းတွေ အတည်ပြုပြီး ဆက်ပြီး ထုတ်ပြန်သွားပါမယ်။

မောင်တောဒေသမှာ မိုးရေထဲ၊ တောထဲမှာ ပုန်းအောင်းနေရရှာတဲ့ ဒေသခံတွေ အတွက် တစ်ကယ့် ကို ငရဲ ပွက်သလို ခြောက်ခြားနေကြရရှာတာပါ။ အအေးမိ ချောင်းဆိုး အစာရေစာ ပြတ်နဲ့ နောက်ဆုံး လာတိုက်ပြီး သေသွားတာကမှ ကောင်းသေးတယ် လို့ စိတ်ဒုန်းဒုန်းချကြရတဲ့ အသံတွေ ကြားပါရဲ့လား။ လုံခြုံရေးတပ်တွေ လာနေပြီ ဆိုရင်ပဲ၊ ရဟတ်ယာဉ် အသံ ကြားရရင်ပဲ ရှင်သန်ခွင့် ပြန်ရပြီ ဆိုပြီး ပျှော်နေကြရတာပါ။

တစ်ဘက်မှာလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ ၊ လုံခြုံရေးကောင်စီ ၊ Fact Finding Mission စတဲ့ ထောင်ချောက်တွေက မြန်မာတပ်မတော် နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဘာမှားမလဲ တစ်ကဲကဲ စောင့်ကြည့်နေကြတာပါ။

ဒီ အခြေအနေတွေကနေ အစဉ်အမြဲ လွန်မြောက်ဖို့ (ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ဘဲ) တတ်နိုင်တဲ့ 
ဘက်က အားလုံး ဝိုင်းကူမှ တန်ကာကျပါလိမ့်မယ်။





No comments:

Post a Comment