Tuesday, October 3, 2017
နောင်​တစ်ချိန်​မှာ မင်းဘ၀​လေး သာယာလှပဖို့
" အ​ဖေ "
"သား ဆယ်​တန်း ကျတယ် ​"
နွားစာ​ ကျွေး​နေ​သော အ​ဖေ ရုတ်​တစ်ရတ် တုံ့သွားသည်​ ။
မီးဖို​ချောင်​ထဲ ထမင်းချက်​​နေ​သော အ​မေ က
ကြားလိမ့်​မည် ​မထင်​။ 
အ​ဖေ စကားတစ်လုံးမှ မ​ပြောပဲ ကျွန်​တော့့်ကို စူးစိုက်​ ကြည့်​​နေသည်​။
" ဟိုးမှာ​တွေ့လား ငါ့သား !!! "
ဓား ၂​ ချောင်းဆီ ကျ​တော့့် ကိုညွှန်​ပြသည်​ ။
(စကား လမ်းလွှဲလိုက်​သည်​ဟု ကျွန်​တော် ​ထင်​သည်)
" လှည်း​ပေါ်တင်​ကွာ အ​ဖေနဲ့​ လယ်​​တော ခဏလိုက်​ခဲ့ အ​င်္ကျီ ထူထူ ယူခဲ့ "
နွားညိုသိုးကြီး ၂​ကောင်​ကို ဆွဲသွားပြီး အ​ဖေ နွားလှည်း တပ်​​နေပြီ ။ ကျွန်​တော်​ အ​ဖေ့​နောက်​မှ
ဝင်​ထိုင်​လိုက်​သည်​။ (အ​တွေးထဲ ​ကျောင်းများ ထုတ်​လိုက်​မည်လား ဟု ထင်​ခဲ့)
လယ်​​တော​ရောက်​​တော့ အ​ဖေ ကျွန်​တော့့်ကို ထွန်​တုံး ဆင်​​ပေးပြီး ထွန်​ခိုင်းသည်​ ။ ကျွန်​တော်
အူ​ကြောင်​​ကြောင်​ဖြစ်​သွားတယ်​။ အ​ဖေ ငါ့ကို တစ်ကယ်​များ​ ကျောင်းထုတ်​လိုက်​ပြီလား.... ?
ကျွန်​တော့်ကို တစ်ခါမှ အလုပ်​ မခိုင်းဘူးခဲ့တဲ့ အ​ဖေ က ဒီလို လုပ်​​တော့ အံ့သြသွားမိတာ​ပေါ့......
ကျ​တော်​ နွားကို ရိုက်​လိုက်​သည်​။ လယ်​ထဲကို သုံးပတ်​​လောက်​ ပတ်​မိတဲ့ အချိန်​ ​ခြေဖဝါး​တွေက
သွေးခြည် ​ဥ လာတယ်​။
ယိုင်​ကျသွားသည်​။
"ငါ့သား ......
အ​ဖေတို့ မင်းလို ပညာ မသင်​ခဲ့ရဘူး ။ ပညာ ဆိုလို့ ၄ တန်းပဲ​ အောင်​ခဲ့တာ ။
မင်းကို​ ကျောင်းထားတယ်​ ဆိုတာ အ​ဖေတို့လို ပန်းပင်းမှာစိုးလို့...... 
ငါ့သားသမီး​တွေ ငါ့လို မဖြစ်​ရ​လေ​အောင်​ ဆိုပြီး အ​ဖေတို့ မင်းကို ​ဘော်​ဒါ​ဆောင်​မှာ ​ကောင်း​ကောင်းထား
ပြီး စာသင်​ခိုင်းခဲ့တာ.....အ​ဖေတို့ မင်းဆီက ဘာမှ​ မျော်​လင့်​ချက်​ မရှိဘူး ငါ့သားသမီး ငါ့လို ပင်​ပင် ​ပန်းပန်း 
နဲ့ မလုပ်​စား​စေချင်​လို့...... ​နောင်​တစ်ချိန်​မှာ မင်းဘ၀​လေး သာယာလှပဖို့.............
(​ပြေားရင်းနဲ့ အ​ဖေ့ အသံက ငိုသံ ပါသလိုလို ခံစားရတယ် )
ကျွန်​တော့်​​ နောင်​တနဲ့ အတူ မျက်​ရည်​​တွေ ကျလာခဲ့သည် ။ ​(စာမကျက်​မိသည်​များကို) ...
ဟိုးအ​ဝေး က အ​မေ တစ်လူပ်​လူပ်​နဲ့ ထမင်း​ထောင်းကို ရွက်လာတာ မြင်​​နေမိသည်​။
အ​ဖေ့ကို ထာဝစဉ်​​ လေးစားလျက်​.....
# Yatu Zay
No comments:
Post a Comment