Friday, February 9, 2018

မျက်မမြင် အကြားအမြင် ဆရာမကြီးရဲ့ (၂၀၁၈) ခုနှစ် နဲ့ အနာဂတ်အတွက် ကြိုတင်ဟောစာတမ်း



ကမ္ဘာကျော်ဖြစ်ရပ်ကြီးတွေဖြစ်တဲ့ 9/11 အဖြစ်ဆိုးနဲ့ IS တို့ ကမ္ဘာကို တုန်လှုပ်စေမှုအပါအဝင် သွေး ထွက်အောင် မှန်ခဲ့တဲ့ ဟောကိန်းတွေကို ဟောခဲ့တဲ့ ဘူဂေးရီးယား အကြားအမြင်ဆရာမကြီး Baba Vanga ဟာ သူမ ကွယ်လွန်သွားပေမယ့် အနာဂတ်ဟောစာတမ်း တစ်စောင် ချန်ရစ်ခဲ့ပါတယ်။

ဒီဟောစာတမ်းထဲမှာ ကမ္ဘာစစ်ကြီး မဖြစ်ခင် ကြောက်စရာကောင်းလှတဲ့ ဘေးအန္တရာယ် ဆိုးကြီးတွေ ကြုံရဖို့ ရှိကြောင်း သူမက ဟောခဲ့ပြီး၊ (၂၀၁၈) ခုနှစ် အတွက်ကိုတော့ နှစ်ခုသာ ဟောကိန်းထုတ်ခဲ့ပါတယ်။
 
ပထမ တစ်ခုကတော့ အာရှ ရဲ့အင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ် က ကမ္ဘာ့ စီးပွားရေးနဲ့ သြဇာ အာဏာ ကို အမေရိကန်၊ ရုရှား တို့ကို ကျော်ဖြတ်ပြီး သိမ်းပိုက် သွားလိမ့်မယ်လို့ ဆိုပါတယ်။


ဒုတိယ ဟောကိန်း ကတော့ သောကြာဂြိုဟ်ပေါ်မှာ ကမ္ဘာမြေမှာ မရှိတဲ့ ဓာတ်ငွေ့အသစ် တွေ့ရှိလိမ့်မယ် လို့ ဆိုပါတယ်။ တစ်ကယ်တော့ လက်ရှိ အချိန်ထိ သောကြာဂြိုဟ်ပေါ်ကို ခြေချနိုင်ခြင်း မရှိသေးပါဘူး။ NASA ကတော့ Parker Solar Probe အမည်ရ အာကာသယာဥ်နဲ့ သောကြာဂြိုဟ်အနီးကို ချဉ်းကပ်ဖို့ ၂၀၁၈ ခုနှစ်မှာ စတင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။


Baba ဟာ ၁၉၉၆ ခုနှစ် အသက် (၈၅) နှစ်မှာ သေဆုံးခဲ့ပြီး ကမ္ဘာကြီး ဟာ (၅၁) ရာစုနှစ် အထိ တည် ရှိနေမယ် ဆိုတဲ့ ဟောကိန်း ကိုလည်း ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် အနာဂတ်ဟောကိန်းကိုလည်း ဖြန့်ဝေခဲ့ပြီး သူမရဲ့ မှန်ခဲ့ပြီးတဲ့ ဟောပြောချက်တွေနဲ့ အနာဂတ်ဟောပြောချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။