Sunday, March 25, 2018

ခေါင်းဆောင်ဆိုတာ



ပုံမှာပါတဲ့ ဝံပုလွေအုပ်ကို ကြည့်စမ်းပါ ။
အရှေ့ဆုံးမှာ သုံးကောင် 
အဲဒီသုံးကောင်က အုပ်စုထဲမှာ အသက်ရွယ် အိုမင်းပြီးတော့ နာမကျန်းဖြစ်နေကြတဲ့ အကောင်တွေဖြစ် တယ် ။ သူတို့ကို ရှေ့ဆုံးမှာထားရတဲ့အကြောင်းက အုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက်ဖြစ်တယ် ။

 
သုံးကောင်အနောက်က ငါးကောင် ကတော့ အုပ်စုထဲမှာ အသန်မာဆုံးနဲ့ တိုက်ရည် ခိုက်ရည် အကောင်းဆုံး အကောင်တွေပါ ။ သူတို့ရဲ့ တာဝန်က တစ်ကယ်လို့ အရှေ့ကနေပြီးတော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်တယ် ။

ငါးကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာ ပါတဲ့ အစောင့်ရှောက်ခံ အကောင်တွေ   ဖြစ်တယ် ။

အတန်းရဲ့နောက်က ငါးကောင်ကတော့ ရှေ့က ငါးကောင်လိုပဲ အသန်မာဆုံးနဲ့ တိုက်ခိုက်ရည် အကောင်းဆုံး ငါးကောင်ဖြစ်တယ် ။ သူတို့ကတော့ အနောက်က တစ်စုံတစ်ခု ပြဿနာဖြစ်လာရင် ကာကွယ်ပေးဖို့တာဝန်ရှိတယ် ။


Tuesday, March 20, 2018

စိတ်ဝင်စားဖွယ် စစ်တမ်းများ

 
၁။ "မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော် ဆန္ဒပြုပြီး အစိုးရက စီးပွားရေးတိုးတက်မှုထက် အခွန်ကောက်ခံရန် သာ အာရုံစိုက်နေကြောင်း 
Myanmar Insider စစ်တမ်းတွင် ဖော်ပြ"

မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေမှာ ပြီးခဲ့သည့် သုံးလ ကထက် အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော်က ဆန္ဒပြုထားပြီး လက်ရှိ အစိုးရက စီးပွားရေး တိုးတက်မှုထက် အခွန်ကောက်ခံရန်သာ အာရုံစိုက်နေကြောင်း Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလ တစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း စစ်တမ်း (၂၀၁၈ ခုနှစ် ဇန်န၀ါရီ-မတ်) တွင် ဖော်ပြထားသည်။
 
၂၀၁၇ ခုနှစ် အောက်တိုဘာ-ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့ သည့် စစ်တမ်း၌ နောက်လာမည့် သုံးလအတွင်း စီးပွားရေးအခြေအနေအပေါ် စစ်တမ်းကောက်ယူရာ 
- ပိုမိုဆိုးရွားလာမည်ထင်မြင်မှု လေးရာခိုင်နှုန်း၊ 
- အနည်းငယ် ဆိုးရွားမည်ထင်မြင်မှု ၄၆ ရာခိုင်နှုန်း၊ 
- အနည်းငယ် ကောင်းလာမည်ဟု ထင်မြင်မှု ၃၈ ရာခိုင်နှုန်း
နှင့် 
- ပို၍ကောင်းလာမည်ဟု ထင်မြင်မှု လေးရာခိုင်နှုန်းက ဆန္ဒပြုခဲ့သည်ဟု စစ်တမ်းတွင်ဖော်ပြခဲ့ပြီး လက်ရှိ တွင် အမှန်တစ်ကယ် လုပ်ငန်း လုပ်ဆောင်သူများ၏ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ-မတ်စစ်တမ်းတွင် ဖြေဆိုမှုအရ မြန်မာ့စီးပွားရေး အခြေအနေမှာ ပြီးခဲ့သည့် သုံးလ ကထက် ပိုမိုဆိုးရွား ခဲ့ကြောင်း ဖြေဆိုခဲ့ကြသည်။
 
မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် ၅၀ အထက်ကို အခြေ ခံကာ စစ်တမ်းကောက်ယူထားသည့် အဆိုပါ ညွှန်းကိန်းတွင် ယခုသုံးလ အတွင်း သုံးလ တစ်ကြိမ် စီးပွားရေး ညွှန်းကိန်း၌ အနုတ် ၁၄ ပြခဲ့ပြီး လက်ရှိ ဇန်န၀ါရီ-မတ် စစ်တမ်းတွင် အနုတ် ၂၅ ပြခဲ့ကာ စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း သိသိသာသာ ကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။
နောက်လာမည့် သုံးလ အတွက် ကြိုတင်ဖြေဆိုရာတွင် ..
- လက်ရှိကာလထက် ပို၍ ဆိုးရွားမည်ဟု ဖြေဆိုမှု ၆ ဒသမ ၆၇ ရာခိုင်နှုန်း၊ 
- အနည်းငယ် ဆိုးရွားမည်ဖြေဆိုမှု ရာခိုင်နှုန်း ၄၀ နှင့် 
- အနည်းငယ်ကောင်းလာမည်ဟု ဖြေဆိုမှု ၅၃ ဒသမ ၃၃  ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ယခင်သုံးလကထက် မျှော်မှန်းချက် မြင့်တက်ခဲ့သည်။
 

မြန်မာနိုင်ငံ ဘယ်အချိန်လောက်တွင် တည်ငြိမ်မည်နည်း



မြန်မာနိုင်ငံကြီး တည်ငြိမ်ဖို့ အခြေခံ အကြောင်းရင်းကြီး၂ရပ်ရှိသည်။ ပထမ အကြောင်းအရင်းမှာ ပြည်တွင်း ရှိ ရင်ဆိုင်နေရသော အခက်အခဲများကြောင့် ဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာ မြန်မာပြည်ပြင်ပရှိ နိုင်ငံတကာနှင့် ရင်ဆိုင်နေရသော အခက်အခဲများကြောင့် ဖြစ်သည်။
 
ပြည်တွင်းရေးတည်ငြိမ်ရန် ဖြေရှင်းရမည့်ကိစ္စများမှာ ...

၁။ တည်ငြိမ်သောနိုင်ငံရေး စနစ်ဖြစ်ထွန်းရေး (ဒီမိုကရေစီစနစ်၊ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ပြည်သူများ စီးပွားရှာနိုင်ရေး)၊
၂။ နိုင်ငံသားတို့၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး (အလုပ်အကိုင်ဖန်တီးမှု၊ စီးပွားရေးတိုးတက်မှု၊ လျှပ်စစ်ပုံမှန်ရရှိရေး၊ ထိုက်သင့်သော လုပ်အားခ)၊
၃။ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး (နိုင်ငံတော်အစိုးရ ယန္တရားအတွင်းသာမက၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့အပြင် မီဒီယာနယ်ပယ်များထိ လာဘ်စားမှု ကင်းရှင်းရေး)၊
၎။ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး (ကျန်းမာရေးနှင့် ညီသော အစားအသောက်များကိုသာ ရောင်းချ စေရန် ထိန်းချုပ်ခြင်းမှစ၍ နိုင်ငံသားတိုင်း ကျန်းမာရေးအတွက် စောင့်ရှောက်မှုခံယူနိုင်ရန် နီးစပ်ရာ အစိုးရဆေးရုံများ ပေါ်ထွန်းရေးထိ)၊
၅။ ပညာရေးမြင့်မားရေး (စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းပြီး ကိုယ်ပိုင် စဉ်းစားတွေးတော အသုံးချ နိုင်စေမည့် ပညာရေးအား သင်ကြားပေးနိုင်ရေး) တို့ အဓိကဖြစ်ပါသည်။

 
ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးအတွက် ဖြေရှင်းရန် အချက်များမှာ ...

၁။ အာဆီယံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယ တို့သည် မြန်မာနိုင်ငံ အတွက် စီးပွားရေးသာမက နိုင်ငံရေး မဟာမိတ်များဖြစ်ရန် ဆောင်ရွက်ရေး၊
၂။ နှောင်ကြိုးပါသော နိုင်ငံကြီးများ၏ အကူညီနှင့် ဘက်လိုက်သော ကုလ အဖွဲ့၏ အချို့သောအကူအညီ များကို ရှောင်ရှားရန်၊
၃။ မူဆလင်နိုင်ငံများ၏ ဖိအားများကို အလျှော့မပေးဘဲ မြန်မာပြည်ရင်ဆိုင်နေရသော ခိုးဝင်မှုပြဿနာ၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို နိုင်ငံတစ်ကာသိအောင် နည်းမျိုးစုံဖြင့် မီဒီယာတိုက်ပွဲ ဆင်နွှဲ နိုင်ရန်)၊
၎။ မြန်မာပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်၊ ဖိအားမပေးသော စစ်မှန်သော မိတ်ဖက်နိုင်ငံများနှင့် စစ်ရေး မဟာမိတ်အဖြစ် တည်ဆောက်နိုင်ရေးတို့ အဓိကဖြစ်ပါသည်။



Monday, March 19, 2018

တိုင်းပြည် တိုးတက်ဖို့ ဦးနှောက် နဲ့ လျှပ်စစ်ရှိဖို့ပဲလိုတယ်


 
ဦးနှောက်ရှိဖို့ကိုတော့ အများကြီး မဆွေးနွေးလိုသဖြင့် လျှပ်စစ် လိုအပ်ချက်အကြောင်း ဆွေးနွေးမည်ဖြစ် သည်။ လက်ရှိ နိုင်ငံတကာမှာ လျှပ်စစ်စွမ်းအင်ကို နည်းလမ်း အမျိုးမျိုးနဲ့ ထုတ်ယူနေကြတယ်။ နေစွမ်းအင်၊ လေစွမ်းအင်တွေဆိုတာ ချမ်းသာတဲ့နိုင်ငံတွေမှာတောင် အပြည့်အ၀ မထုတ်နိုင်ဘူး။ ကုန်ကျစရိတ်ကြီးတော့ ထွက်လာတဲ့လျှပ်စစ်ကို ပြန်ရောင်းရတာ မကိုက်လို့။
 
ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့ အလယ်လတ်နိုင်ငံတွေအနေနဲ့ ရေအားလျှပ်စစ်ကို နည်းမျိုးစုံ ထုတ်ယူကြပြီး နောက်ဆုံး ထုတ်စရာ ရေအားလျှပ်စစ်မရှိမှ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့ဘက်လှည့်ကြတယ်။ အလွန်အမင်း လျှပ်စစ် လိုအပ်တဲ့ လူနေသိပ်သည်းတဲ့ မြို့ကြီးတွေ၊ စက်မှုဇုန်တွေအတွက်မူ နျူကလီးယား စွမ်းအင်သုံးပြီး လျှပ်စစ်ထုတ်ကြတယ်။
 
မြန်မာနိုင်ငံမှာ ရေအားကနေ ထုတ်မယ်ဆိုရင် အများကြီး ရနိုင်ပါလျှက်နဲ့ မထုတ်နိုင်ဘဲ ဖြစ်နေတာ အဖြေ ရှာရမယ်။ အရင်းအနှီး မရှိတော့ အစိုးရက ဘတ်ဂျတ် မထုတ်ပေးနိုင်၊ ဖက်စပ် လုပ်ဖို့ တရုတ်နဲ့ ပေါင်းထုတ် တော့လည်း တရုတ်ရဲ့ စီမံကိန်းတွေကို ဖျက်လို့ ဖျက်စီး အနောက်ဥရောပ နဲ့ အမေရိကန် က ပေးစာ ကမ်းစာ ဒေါ်လာ ၅ သောင်းလောက်ရရုံနဲ့... ဒေသခံတွေက ကန့်ကွက်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ကြောင်း၊ စိုက်ပျိုးရေး ထိခိုက်ကြောင်း စသဖြင့် အသံစုံအော်ဖို့ သွေးထိုးကြတယ်။
 
တစ်ကယ်တော့ ဒေသခံ လူထုက ဘာမှ သဘာဝ ပတ်ဝန်းကျင်စိတ်မ၀င်စားဘူး။ သူတို့အတွက် ထိုက်သင့် တဲ့မြေယာလျော်ကြေး၊ အလုပ်အကိုင်ဖန်တီးပေးရင်ကို ကျေနပ်နေပြီ။ ဒေါ်လာ မစို့မပို့ ယူပြီး ကျွန်ခံချင်တဲ့ မြို့က သစ္စာဖောက်တွေကြောင့် ဘာစီမံကိန်းဖော်ဆောင်ဆောင် မအောင်မြင်ဘူး....
 
မြစ်ဆုံစီမံကိန်းကို သေချာဆန်းစစ် ... ကောင်းကျိုးကဘာ... ဆိုကျိုးကဘာ... နှစ်စဉ်ဧရာဝတီမြစ်က ဘေး ကို ပြဲကားလာပြီး မနက်တော့ဘူး။ ကမ်းပါးယံတွေ နှစ်စဉ်ပြိုလို့ မြန်မာပြည် အလယ်ပိုင်းက ပြည်သူတွေ အိမ်ခြေယာမဲ့ ဘ၀ပျက်ရတာတွေ ကို မကြည့်ဘူး။ လက်ရှိ အစိုးရမှာ မြစ်ကြောင်းထိန်းနိုင်တဲ့ ပညာ၊ ငွေ၊ မြေထိန်းနံရံတွေ ဧရာဝတီမြစ်တစ်လျှောက် ဆောက်ဖို့က လည်း မြစ်ဆုံဆောက်တာထက် ပိုအကုန်ကျ များမယ်။
 
 


Sunday, March 11, 2018

စွန့်စားမှုဆိုတဲ့ RISK



 
Risk ဆိုတဲ့ စွန့်စားမှုကို ဘယ်လိုမြင်လဲလို့မေးရင်....
" များများစွန့်စားရင် အကျိုးများများရပြီး
နည်းနည်းပဲစွန့်စားရင် အကျိုးနည်းနည်းပဲရတာပေါ့ "
..... ဖြေသူများတတ်ကြတယ် ။
 
ဘမောင် အယူအဆနဲ့ဆို အတော်ကွာသွားပါတယ် ။
" များများသိရင် နည်းနည်းပဲစွန့်စားရပြီး
နည်းနည်းပဲသိရင်တော့ စွန့်စားမှုကြီးတယ် "
စွန့်စားမှုဟာ သိခြင်း (ပညာ၊အတွေ့အကြုံ) နဲ့
ပြောင်းပြန်အချိုးကျတဲ့အရာပါ။
 
ဥပမာ....
စီးပွားရေးအကြောင်း တကယ်သိသူက စွန့်စားမှုနည်းပြီး
စီးပွားအကြောင်းတကယ်မသိသူက စွန့်စားမှုကြီးလှတယ်၊
နိုင်ငံရေးမှာလည်း ထို့အတူဖြစ်ပြီး စီမံခန့်ခွဲရေးမှာလဲ အလားတူပဲ၊
လူတွေဘာကြောင့်အောင်မြင်ကြသလဲ ?
မအောင်မြင်ကြသလဲ ? 
...... ဆိုတဲ့ ဖြတ်သန်းမှုနောက်ခံကိုကြည့်ရင် တွေ့ရပါလိမ့်မယ် ။
 
ဦးသန်းရွှေ အနေနဲ့ နိုင်ငံတစ်ကာဖိအားတွေကို
ရင်ဆိုင်ပြီး ၊ အရေးယူပိတ်ဆို့မှုတွေကြားက
မြန်မာနိုင်ငံကို ဘာကြောင့်အနှစ် (၂၀) လောက်
ထိမ်းသိမ်းပြီး ဦးဆောင်သွားနှိုင်သလဲဆိုတာ
" ကောင်းစွာသိခြင်း" ကြောင့်ဆိုတာတွေ့ရလိမ့်မယ် ။
 
ပါဝါသဘောသိခြင်း ၊
နိုင်ငံရေးသဘောသိခြင်း ၊
နိုင်ငံတစ်ကာကိုသိခြင်း ၊
အတိုက်အခံကိုကောင်းစွာသိခြင်း ၊
စီမံခန့်ခွဲမှုသဘောသိခြင်း ၊
အချိန်နဲ့ Timing ကိုသိခြင်း ၊
..... စတာတွေအပြင်
အနာဂါတ်ကိုပါ ကြိုတင်မြင်နိုင်တဲ့ အရည်အချင်းတွေကြောင့်ပဲ ။
 

Thursday, March 8, 2018

ရခိုင် အရေးကိစ္စနှင့် ပတ်သက်၍ ဗြိတိန် လွှတ်တော်အမတ်များ၏ လှုပ်ရှားဆောင်ရွက်မှုနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာကောင်စီအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သော မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်



နေပြည်တော်၊ မတ် - ၆
၁။ ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးမှ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်(Conclusion) အနေဖြင့် ဘင်္ဂါလီ ဒုက္ခသည်များအား ဆက်လက် အကူ အညီပေးရေး၊ မီဒီယာများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ Fact- Finding Mission အား လွတ်လပ်ခွင့်ပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်း သူနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ အခွင့်အာဏာဖြင့် ဆုံးဖြတ်ဆောင်ရွက်မှုကို လက်ခံနိုင်ရေး ၊ မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်းဆောင် ရွက်မှုကို အနိမ့်ဆုံးသို့ လျှော့ချသွားရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် တာဝန်ရှိသော မြန်မာ့ တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများအား ဦးတည်၍ ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် အဆိုပြုလွှာ အမြန်ဆုံး တင်သွင်းရေး ဆုံးဖြတ် ခဲ့ကြောင်းတွေ့ရှိရသည်။
 
၂။ ထိုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးကောင်စီအစည်းအဝေး၌ ၎င်းဆုံးဖြတ်ချက်မျိုး ထွက်လာစေရန် အ တွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရက်စွဲဖြင့် ဗြိတိန်အောက် လွှတ်တော်အမတ် Rushanara Ali ဦးဆောင်၍ အောက်လွှတ်တော်အမတ် ၁၀၂ ဦး တို့က မြန်မာ့တပ်မတော်ခေါင်းဆောင်များအား ရခိုင်ပြည်နယ်၊ ဘင်္ဂါလီ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ထပ်မံဖိအားပေး၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC)သို့လွှဲပြောင်းပေးရန် တိုက်တွန်းကြောင်း စာတစ်စောင်အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ထံသို့ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်မည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးကောင်စီ အစည်း အဝေး၌ ထည့်သွင်းဆွေးနွေးရန် တောင်းဆိုခဲ့သည်။
 
၃။ ယင်းစာထဲ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မြန်မာ စစ်ဘက်က ရိုဟင်ဂျာ အရပ်သားများအား ထိုးစစ် ဆင်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၆၈၈,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ထိုကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှ အပတ်စဉ် ရိုဟင်ဂျာထောင်ပေါင်း များစွာ ထွက်ပြေးနေကြဆဲဖြစ်ကြောင်း၊ ရိုဟင်ဂျာတို့၏ ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း၊ အကြမ်းဖက် ခြိမ်းခြောက် ခံရခြင်း၊ ၎င်းတို့နေအိမ်များတွင် နေထိုင်၍ မရအောင်ဖိနှိပ်ခြင်း စသည့် သတင်းများ ထွက်ပေါ်နေကြောင်း စွပ်စွဲဖော်ပြထားသည်။

ထို့အပြင် ၂၀၁၇ ခုနှစ်က တစ်လ အတွင်း ကလေးသူငယ် ၇၃၀ အပါအဝင် ရိုဟင်ဂျာ ၇၀၀၀ နီးပါး သတ်ဖြတ်ခံရကြောင်း Medecins Sans Frontieres အဖွဲ့က ဖော်ပြသည့် အပြင် ၎င်းတို့ခန့်မှန်းသည် ထက်ပင် အရေအတွက် ပိုမိုများပြားနိုင်ကြောင်း၊ စစ်ဘက်နှင့် လုံခြုံရေးတပ်ဖွဲ့များ၊ စစ်ဘက်က ထောက် ကူပေးသော လူအုပ်များနှင့် ပြည်သူ့စစ်များက ရိုဟင်ဂျာ အမျိုးသမီး ထောင်ပေါင်း များစွာအား အဓမ္မပြု ကျင့်ခဲ့ကြောင်းလည်း စွပ်စွဲဖော်ပြထားသည်။



Blackwater USA ဆိုတဲ့ အမေရိကန် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့



 Blackwater USA ဆိုတဲ့ အမေရိကန် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့နာမည်ကိုကြားဘူးကြတယ်မို့လား .. ? နာမည်ကြီးဘဲလေ.. (အီရတ်စစ်ပွဲမှာ..သူတို့ကို US Private Army လို့လည်းခေါ်ပါတယ် ။)
 
အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံထဲမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ ထိပ်ပိုင်းအရာရှိကြီးတွေ အတွက်.အထူး လုံခြုံရေးယူပေးရတဲ့အပြင် တစ်နေရာနဲ့ တစ်နေရာ လောင်စာဆီ/ရိက္ခာ / လက်နက် ခဲယမ်းတွေ ကို အာမခံနဲ့ သယ်ယူပို့ဆောင်ပေးရတဲ့တာဝန်ကိုပါ ယူခဲ့ကြရတဲ့.ကြေးစား စစ်သားဟောင်းတွေနဲ့စုဆောင်း ဖွဲ့စည်းထားတဲ့.ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ(Private Security Company) တစ်ခုပေါ့ ။
 
အဲဒီ Blackwater အဖွဲ့ကို1997 မှာ စတင်တည်ထောင်ခဲ့သူက. US Navy SEALs(ရေတပ် အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင်) ဟောင်း Erik Prince ဆိုတဲ့ကောင်ပါ။ အထူး ကွန်မန်ဒိုဆိုတဲ့ အတိုင်း.သူ့ဆီမှာ သိမ်းသွင်း ခန့်အပ်ထားသူ အများစုကလည်း အထူး ကွန်မန်ဒို အဖွဲ့ဝင်တွေချည့်ပါဘဲ ။
(တစ်ခြားနိုင်ငံက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေလည်း ပါဝင်သပေါ့)
 
သို့သော်လည်း.အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိပ်ပိုင်းအရာရှိ အများစုကတော့ CIA က လူဟောင်းတွေချည်း ဌာနမှူး အဆင့်အောက်ထစ် သမ္မတအိမ်ဖြူတော်က အရာရှိဟောင်းတွေတောင်ပါတယ် ။
 
အမေရိကန်တောင်ပိုင်း North Carolina နဲ့ Virginia ပြည်နယ်၂-ခု အစပ်မှာရှိတဲ့.Blackwater ကုမ္ပဏီပိုင် မြေဧက (၇၀၀၀) ပေါ်မှာ စနိုက်ပါ သေနတ်ပစ်လေ့ကျင့်ကွင်း ၊ အခက်အခဲကျော်ဖြတ်ကွင်း၊ ယာဉ်မောင်း လေ့ကျင့်ကွင်း တို့နဲ့ လူလုပ်ရေကန်ကြီးများ အပါအဝင် စစ်ရေးလေ့ကျင့်ရေး နယ်မြေခပ်ကြီးကြီး တစ်ခု တည်ဆောက်ထားပါတယ် ။
 
လေ့ကျင့်ခန်းတွေလည်း စုံလှသမို့ အမေရိကန်နိုင်ငံရဲ့ ပုဂ္ဂလိကပိုင် စစ်ရေးလေ့ကျင့်ကွင်းတွေထဲမှာ.အကြီးဆုံးလောက်ရှိတယ် ။  (ပြည်ပနိုင်ငံတွေကိုလည်း.လုံခြုံရေး နည်းနာ အစုံ သင်ကြား လေ့ကျင့်ပေး တယ် ။ အဲဒီ နယ်မြေထဲမှာရှိတဲ့.ရေကန်တွေရဲ့အရောင်မည်းညစ်ညစ်ကိုအစွဲပြုပြီး.အဖွဲ့နာမည်ကို   Blackwater  လို့ အမည်ပေးခဲ့တာပါ ။)
 
နောက်ပြီး သူတို့ဆီမှာ သယ်/ ပို့ လေယာဉ်၊ ဟယ်လီကော့ပတာ၊ သံချပ်ကာယာဉ်-စတဲ့ စစ်သုံး ယာဉ်တွေ လည်းပိုင်ဆိုင်ထားပါတယ် ။ သူတို့ပိုင်တဲ့ Thrush အမျိုးအစား လေယာဉ် ၂-စီးမှာ ဆိုရင်.လက်နက် တွေတောင် တပ်ဆင် အသုံးပြုထားပါတယ် ။
(မြန်မာ့ တပ်မတော်-လေ မှာလည်း.ဟိုးအရင်က.ဒါမျိုး Thrush လေယာဉ် ၆-စီး ရှိခဲ့ပြီး.ဘိန်းခင်း နှိမ်နင်းရေး ဆေးဖျန်းရာမှာ.သုံးခဲ့ပါတယ် ။ )
 
 

 

Thursday, March 1, 2018

အနာဂတ်စူပါ-ပါဝါ အားပြိုင်မှု ဘယ်သူ အသာစီးရမလဲ


 
Bloom berg ၏ သတင်းတစ်ခုအရ - နာမည်ကြီး Verizon သည် တရုတ်နိုင်ငံ ဖုန်းကုမ္ပဏီကြီး တစ်ခု ဖြစ်သော Huawei နှင့်ပူးပေါင်း၍ လက်ကိုင်ဖုန်း ထုတ်လုပ်ရောင်းချရာတွင် အမေရိကန် အစိုးရ၏ ဖိအားပေး မှုကြောင့် စီမံကိန်းအားလုံးကိုရပ်ဆိုင်းလိုက်ရကြောင်း ယနေ့ (၃ဝ. ၁. ၁၈) တွင် သတင်း ထုတ်ပြန်ထားသည် ကိုတွေ့ရ၏။

ဟွာဟွေသည်ကြီးမားမှု လျင်မြန်စွာဖြင့် ကမ္ဘာ့လက်ကိုင်ဖုန်းဈေးကွက်ထဲသို့ ဝင်ရောက်လာပြီး ဟွာဟွေ နည်းပညာဟု လည်းကျော်ကြားလာသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

မုန်တိုင်းထန်သော ယှဉ်ပြိုင်မှု
 
ကုမ္ပဏီကြီးများ အတွင်း၌သာယှဉ်ပြိုင်မှုပြင်းထန်ကြသည်မဟုတ် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ရန် နိုင်ငံ ကြီးများ ၏ ယှဉ်ပြိုင်မှုကလည်း ကြောက် မက်ဖွယ်ရာ ပြင်းထန်သည်ကိုတွေ့ရ၏ ။ ကမ္ဘာ့ အဆင့် (၁) စူပါ-ပါဝါ နေရာ မှ ဖယ်ပေးရလျှင် ပြန်ရနိုင်ရန်မမျှော်လင့်နိုင်တော့ချေ။ ထို့ကြောင့်အလားအလာ ရှိသောပြိုင် ဘက် တို့ ကို တန်းတူရွယ်တူမဖြစ်မီကပင် သူတို့၏ တိုးတက်မှုကို ပိတ်ဆို့ တားဆီး ချိုးနှိမ်ထားလေ့ရှိ၏။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးသည့်သဘောဖြစ်သည်။
 
တစ်ချိန်က အင်္ဂလိပ် အင်ပါယာကို နေမဝင်အင်ပါယာဟု တင်စားသည်။ အင်္ဂလိပ် လက်အောက်ခံနိုင်ငံ များသည် ကမ္ဘာ တစ်ခြမ်း အရှေ့မှသည် အနောက်သို့ တိုင်သည်ဖြစ်၍ နေထွက်လျှင်လည်း ၄င်းတို့၏ကိုလိုနီ နိုင်ငံ၊ နေဝင်လျှင်လည်း ၄င်းတို့၏ ကိုလိုနီနိုင်ငံများနှင့် မလွတ်ကင်းသောကြောင့်ဖြစ်သည်။
 
ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ထောင်း၍ အင်္ဂလိပ်တို့၏ စီးပွားရေးအကြီးအကျယ် ကျဆင်းသွားသည်။ ကိုလိုနီ နယ်များစွာကိုလက်လွှတ်လိုက်ရ၏။ တဖြည်းဖြည်းနစ်ဆင်း သွားခဲ့ရာ ယနေ့အင်္ဂလိပ်ကို မည်သူ ကမျှ အရေးမထားတော့၊ အ သံသာ ရှိပြီး အဆံမရှိသော အမြောက်အဖြစ်သာရှုမြင်ကြသည်။ အင်္ဂလိပ်၏ နေရာကို အမေရိကန်က ဝင်ရောက်ယူသွားသည်။ အင်ပါယာဟုမခေါ်တော့၊ စူပါ¼ပါဝါဟု အခေါ်ပြောင်း သွားသည်။
 
အမေရိကန်ခေတ်တွင် ကမ္ဘာ့ကုန်သွယ်ရေး၏ (၃၂%) ကို ထိန်းချုပ် ထားနိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် နိုင်ငံ ပေါင်း (၂ဝဝ) ကျော်ရှိသည့် အနက် တစ်နိုင်ငံတည်းက သုံးပုံ တစ်ပုံကို ထိန်းချုပ်ထားရာ မည်မျှကြီးမား ကြောင်းသိသာလှပါသည်။
 
အမေရိကန်၏ စူပါ- ပါဝါ ကမ္ဘာ့အဆင့် (၁) သည် နှစ်ပေါင်း (၇ဝ) ကျော်မျှသာကြာညောင်းခဲ့ပြီး အင်္ဂလိပ်တို့၏ အင်ပါယာခေတ်က နှစ် (၂ဝဝ) ကျော်မျှလောက်ကြာမြင့်ခဲ့၏။ အမေရိကန်သည် စူပါ- ပါဝါ အဆင့် နှစ် (၅ဝ) ခန့်မျှလောက်ကပင်တရုတ်တို့၏စိန်ခေါ်မှုကိုစတင်ရင်ဆိုင်လာခဲ့ရာ ယခု (၇ဝ) ကျော်ကာ လတွင် အဆင့် မကျဆင်းရေးအတွက် အသည်းအသန် ကာကွယ်နေရသည့် အခြေအနေဖြစ်၏။
 
ကမ္ဘာ့ ကုန်သွယ်ရေး ပမာဏ၏ (၃၂%) ကို ထိန်းချုပ်ထားနိုင်ခဲ့သော အမေရိကန်သည် ယခုအခါ (၂၁%) မျှကိုသာပိုင်ဆိုင်ခဲ့ပြီး တရုတ်တို့က (၂၂%) မျှတိုးတက်လာခဲ့ရာ အနာဂတ်သည် အမေရိကန်အ တွက်အလွန်တရာမှေးမှိန်လျက်ရှိလာတော့၏။ လာမည့် (၅) နှစ်ခရီးသည် အမေရိကန်နှင့် တရုတ်တို့၏ရေ ကုန်ရေခန်း ချန်ပီယံလုပွဲနောက်ဆုံးအချီများဖြစ်လာကာ ¼ အဖြေသည်လည်းပြတ်ပြတ် သားသား ပေါ်ထွက် လာဖွယ်ရာရှိ၏။