Thursday, March 8, 2018

Blackwater USA ဆိုတဲ့ အမေရိကန် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့



 Blackwater USA ဆိုတဲ့ အမေရိကန် ပုဂ္ဂလိက လုံခြုံရေးအဖွဲ့နာမည်ကိုကြားဘူးကြတယ်မို့လား .. ? နာမည်ကြီးဘဲလေ.. (အီရတ်စစ်ပွဲမှာ..သူတို့ကို US Private Army လို့လည်းခေါ်ပါတယ် ။)
 
အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံထဲမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ ထိပ်ပိုင်းအရာရှိကြီးတွေ အတွက်.အထူး လုံခြုံရေးယူပေးရတဲ့အပြင် တစ်နေရာနဲ့ တစ်နေရာ လောင်စာဆီ/ရိက္ခာ / လက်နက် ခဲယမ်းတွေ ကို အာမခံနဲ့ သယ်ယူပို့ဆောင်ပေးရတဲ့တာဝန်ကိုပါ ယူခဲ့ကြရတဲ့.ကြေးစား စစ်သားဟောင်းတွေနဲ့စုဆောင်း ဖွဲ့စည်းထားတဲ့.ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ(Private Security Company) တစ်ခုပေါ့ ။
 
အဲဒီ Blackwater အဖွဲ့ကို1997 မှာ စတင်တည်ထောင်ခဲ့သူက. US Navy SEALs(ရေတပ် အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင်) ဟောင်း Erik Prince ဆိုတဲ့ကောင်ပါ။ အထူး ကွန်မန်ဒိုဆိုတဲ့ အတိုင်း.သူ့ဆီမှာ သိမ်းသွင်း ခန့်အပ်ထားသူ အများစုကလည်း အထူး ကွန်မန်ဒို အဖွဲ့ဝင်တွေချည့်ပါဘဲ ။
(တစ်ခြားနိုင်ငံက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေလည်း ပါဝင်သပေါ့)
 
သို့သော်လည်း.အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ထိပ်ပိုင်းအရာရှိ အများစုကတော့ CIA က လူဟောင်းတွေချည်း ဌာနမှူး အဆင့်အောက်ထစ် သမ္မတအိမ်ဖြူတော်က အရာရှိဟောင်းတွေတောင်ပါတယ် ။
 
အမေရိကန်တောင်ပိုင်း North Carolina နဲ့ Virginia ပြည်နယ်၂-ခု အစပ်မှာရှိတဲ့.Blackwater ကုမ္ပဏီပိုင် မြေဧက (၇၀၀၀) ပေါ်မှာ စနိုက်ပါ သေနတ်ပစ်လေ့ကျင့်ကွင်း ၊ အခက်အခဲကျော်ဖြတ်ကွင်း၊ ယာဉ်မောင်း လေ့ကျင့်ကွင်း တို့နဲ့ လူလုပ်ရေကန်ကြီးများ အပါအဝင် စစ်ရေးလေ့ကျင့်ရေး နယ်မြေခပ်ကြီးကြီး တစ်ခု တည်ဆောက်ထားပါတယ် ။
 
လေ့ကျင့်ခန်းတွေလည်း စုံလှသမို့ အမေရိကန်နိုင်ငံရဲ့ ပုဂ္ဂလိကပိုင် စစ်ရေးလေ့ကျင့်ကွင်းတွေထဲမှာ.အကြီးဆုံးလောက်ရှိတယ် ။  (ပြည်ပနိုင်ငံတွေကိုလည်း.လုံခြုံရေး နည်းနာ အစုံ သင်ကြား လေ့ကျင့်ပေး တယ် ။ အဲဒီ နယ်မြေထဲမှာရှိတဲ့.ရေကန်တွေရဲ့အရောင်မည်းညစ်ညစ်ကိုအစွဲပြုပြီး.အဖွဲ့နာမည်ကို   Blackwater  လို့ အမည်ပေးခဲ့တာပါ ။)
 
နောက်ပြီး သူတို့ဆီမှာ သယ်/ ပို့ လေယာဉ်၊ ဟယ်လီကော့ပတာ၊ သံချပ်ကာယာဉ်-စတဲ့ စစ်သုံး ယာဉ်တွေ လည်းပိုင်ဆိုင်ထားပါတယ် ။ သူတို့ပိုင်တဲ့ Thrush အမျိုးအစား လေယာဉ် ၂-စီးမှာ ဆိုရင်.လက်နက် တွေတောင် တပ်ဆင် အသုံးပြုထားပါတယ် ။
(မြန်မာ့ တပ်မတော်-လေ မှာလည်း.ဟိုးအရင်က.ဒါမျိုး Thrush လေယာဉ် ၆-စီး ရှိခဲ့ပြီး.ဘိန်းခင်း နှိမ်နင်းရေး ဆေးဖျန်းရာမှာ.သုံးခဲ့ပါတယ် ။ )
 
 

 


 
တစ်ခါ သူတို့အဖွဲ့က ကြေးစား (Mercenary) ပီပီ ပိုက်ဆံရရင် ဘာမဆို လုပ်တာမို့.အချို့ ထိပ်တန်းလျှို့ဝှက် မစ်ရှင်တွေကို CIA (ဗဟိုထောက်လှမ်းရေး အေဂျင်စီ) ကိုယ်တိုင်ငှားရမ်းအသုံးပြု /တာဝန် ပေးတာတွေလည်း ရှိပါတယ် ။
 
ဥပမာ-အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်(Osmar Bin Laden) ကို.ခြေရာခံ လိုက်တဲ့ ကိစ္စမျိုးတွေပေါ့ ။ နောက်ပြီး.မူးရစ်ဆေးဝါး ခေါင်းဆောင်နဲ့အခြား အကြမ်းဖက် ခေါင်းဆောင်တွေ ကို .ချောင်းမြောင်းပ စ်ခတ်သုတ်သင်ရှင်းလင်းတဲ့ တာဝန်မျိုးတွေလည်း ပါဝင်ပါတယ် ။
 
သည်လို တာဝန်မျိုးတွေထမ်းဆောင်ရတာကြောင့် အီရတ် အာဖဂန် စစ်ပွဲတွေပေါ်ကနေ ဝင်ငွေ ဒေါ်လာ ဘီလျံနဲ့ချီပြီးရခဲ့ကြတယ် ။
 
ထိခိုက်ဆုံးရှုံးမှု အနေနဲ့.ယီမင်စစ်ပွဲမှာ ကိုလံဘီယာနိုင်ငံကနေ ငှားရမ်း သုံးစွဲခဲ့တဲ့ကြေးစား ၆-ယောက် ကျဆုံး ခဲ့သလို.အီရတ်မှာ.အပြစ်မဲ့အရပ်သား ၁၄-ဦးကိုသတ်ဖြတ်မှုနဲ့. Blackwater အဖွဲ့ဝင်အချို့.ထောင်ကျခဲ့ကြတယ် ။ သူတို့ တပ်ဖွဲ့ဝင် ၆-ယောက်လောက်လည်း စစ်မြေပြင်မှာကျဆုံးခဲ့တယ် ။
 

 
၂၀၀၉ ခုနှစ်မှာ Blackwater ကုမ္ပဏီကို. UAE နိုင်ငံထံ ရောင်းချပစ်လိုက်တယ် ဒါကြောင့် အခုအခါမှာ.အာရပ်တွေ ပိုင်ဆိုင်သွားခဲ့ပါပြီ ။ လောလောဆယ် ယီမင်စစ်ပွဲထဲမှာ.ဟုသီ(Houthi) လူမျိုးစုတွေကို သွားတိုက်ရင်း ခြေရှုပ်နေကြတယ် ။ ဘကုံးဘက်ကိုတော့ ရောက်မလာသေးဘူးလို့ထင်ပါရဲ့ ။
 
(အဲသလိုရောင်းချပြီးနောက်ပိုင်း Blackwater Worldwide အမည်ကနေ  Xe Services LLC ကိုပြောင်း ခဲ့ပြီး.နောက်ထပ် Academi ဆိုတဲ့ နာမည်ကို ထပ်မံပြောင်းလဲကာ၂၀၁၄ မှာ Triple Canopy ကုမ္ပဏီ နဲ့ပူးပေါင်းခဲ့ပြန်ပါတယ် ။ အခုနောက်ဆုံးတော့ Constellis Holdings Inc အုပ်စုအောက်ကနေ လှုပ်ရှားနေ ပါတယ်.)
 
ကဲ.ကဲ.. အဓိကပြောချင်တာက  အဲဒါတွေမဟုတ်ဘူးဗျ..Blackwater အဖွဲ့ကို UAE နိုင်ငံထံရောင်းချ ခဲ့ပြီးနောက်ပိုင်း စတင်တည်ထောင်ခဲ့သူ (First Founder & CEO) Eric Prince ဘယ်ရောက်သွားပြီး ဘာတွေ ဆက်လုပ်နေသလဲဆိုတာပါ ။
 
လိုက်ကြည့်လိုက်တော့..ဒီကောင်က အခု ဟောင်ကောင်မှာ Frontier Services Group (FSG)
ဆိုတဲ့ နာမည်နဲ့ Security, Logistics and Insurance ကုမ္ပဏီထောင်ထားပြန်တယ် ။
ဟောင်ကောင် စတော့ရှယ်ယာ ဈေးကွက်မှာတောင် တင်ထားသေးတယ် ။
 
FSG ကုမ္ပဏီ အနေနဲ့ ထူးခြားတာက သူ့ရဲ့ ရှယ်ယာပိုင်ဆိုင်မှု အများစုထဲမှာ တရုပ်ပြည် အစိုးရ ထိန်းချုပ်မှု အောက်က ထိပ်တန်း ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CITIC (China International Trust Investment Corporation) ပါဝင်နေခြင်းပါဘဲ ။
 
၂၀၁၆ ခုနှစ်မှာ ချုပ်ဆိုထားကြတဲ့ စာချုပ်အရ  တရုပ်ပြည်က အကောင်အထည်ဆောင်ရွက်မယ့် One Belt One Road (OBOR) Initiative မီဂါ စီမံကိန်းကြီး အကောင်အထည်ဖော်ရာမှာ လုံခြုံရေးဆိုင်ရာ တာဝန်တွေကိုဆောင်ရွက်ဖို့အတွက်  Frontier Services Group (FSG ကိုရွေးချယ် ပူးပေါင်းလိုက်တဲ့ ပုံပါဘဲ ။
 
ဒါကြောင့် မကြာမီ တရုပ်ပြည်တောင်ပိုင်း ယူနန်ပြည်နယ်ထဲမှာ. FSG ရဲ့လေ့ကျင့်ရေး စခန်းတွေ ထူထောင်ကြဘို့သဘောတူပြီးပါပြီ ။ ဆက်တိုက်ဆောင်ရွက်သွားကြတော့မှာပါ ။
 
နောက်ဆုံး ကြားသိရတာက. FSG တာဝန်ယူရမယ့် နယ်မြေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါသတဲ့ ။ CITIC ကုမ္ပဏီရဲ့ လုပ်ငန်းတွေ.မြန်မာပြည်ထဲမှာ ရှိနှင့်ပြီးဖြစ်တာမို့.နောင်မှာ သူနဲ့အတူ တွဲဝင်လာမယ့် FSG အနေနဲ့.ယခင် Blackwater အဖွဲ့လို လှုပ်ရှားကြဦးမှာလား ဆိုတာ.စောင့်ကြည့်ရပေဦးမပေါ့ ။
 
(မြန်မာပြည်ထဲက.ကျောက်ဖြူ/ ကူမင်း ရေနံပိုက်လိုင်းနဲ့ တရုပ်ပိုင် ကမ်းလွန်/ကုန်းတွင်း ရေနံတွင်းတွေ အပြင်.လက်ပံတောင်းကြေးနီတောင် စီမံကိန်းမျိုးတွေကိုလုံခြုံရေး ယူပေးဘို့ ရည်ရွယ်ပုံပါဘဲ)
 
အဲသလိုသာဝ င်လာမယ်ဆိုရင်တော့ ရခိုင်အနောက်မြောက်ခြမ်းဖက်မှာ ပွဲတွေမြိုင်ဆိုင်/ကြည့်ကောင်း လာဦး မပေါ့ ။
တစ်ချိန်ထဲမှာဘဲ.အမေရိကန် ကွန်မန်ဒိုတွေ ဆိုတော့လည်း သတိလေးဘာလေး ထားရပေဦးမပေါ့ခင်ဗျား။
 
(လေးလွင် MAF)
 
(** မြန်မာနိုင်ငံထဲဝင်လာဘို့.ဖြစ်နိုင် မဖြစ်နိုင်.စုံစမ်းလာသမို့ မနေနိုင် မထိုင်နိုင်လို့သာ အတိုချုံး တင်ပေးလိုက်ရပေမယ့် ဘယ်ဘက်မျက်လုံးကတော့. ခပ်အောင့်အောင့်နဲ့.သွေးယိုစိမ့်နေဆဲ)

Khin Thein
 
 

No comments:

Post a Comment