လေ့လာ ရှာဖွေမိသမျှ






Facebook က Videos တွေကို Software မသုံးပဲဘယ်လို Download လုပ်မလဲ?


ဒီနည်းလေးကတော့ ဘာဆော့ဝဲမှမလိုပဲ ဒီအတိုင်း Facebook က Videos တွေကို Download လုပ်မှာပါခင်ဗျာ။ Software တွေမသုံးချင်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာပါ။
ဘယ်လို Download မလဲ
****************
ကျနော်အောက်မှာပေး ထားတဲ့လင့်လေးကိုသွားပြီး ကို Download ချင်တဲ့ Video ရဲ့လင့်ကို အဲဒီမှာ Copy ပြီးထည့်ပေးလိုက်ပါ။ ပြီးရင် ခဏလေးစောင့်လိုက်တာနဲ့ အောက်နားမှာ
(Download this video (Right Click and Save As) ဆိုတာလေးမှာ Right Click နှိပ်ပြီး (Save Link As) ဆိုတာလေးကို နှိပ်လိုက်တာနဲ့ ကို့စက်ထဲကို အော်တိုဒေါင်းပြီးသားဖြစ်သွားပါ
ပြီခင်ဗျာ။ အဆင်ပြေမယ်ထင်ပါတယ်။

သွားရမယ့်လင့်ကတော့ http://www.downvids.net/

ကျနော်တို့ပေ့ခ်ျလေးကတစ်စုံတစ်ခ
ုရသွားတယ်ဆိုလျှင်ကျေနပ်နေတဲ့
 
IT4M

**********************************************************************
  အလှလွန်ကဲ မှူတွေ သတိထားရန်
မျက်လုံးထဲ တက်တူးထိုးခြင်း

မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ရှိခဲ့တာလို့ လေ့လာ ရပါတယ်။

ရည်ရွယ်ချက်က နှစ်မျိုးပဲ ရှိပါတယ်။
အလှအပ နဲ့ ကျန်းမာရေး အတွက် ဖြစ်ပါတယ်။ အလှအပအနေနဲ့ ရည်ရွယ်ချက်နဲ့ မျက်လုံးထဲ တက်တူးထိုးတာတော့ ၂၁ ရာစုမှာ အတော်လေးနည်းသွားပါပြီ။ မျက်ကပ်မှန် ယဉ်ကျေးမှု ထွန်းကားလာလို့ ဖြစ်ပါတယ်။

မျက်လုံးထဲမှာ တက်တူးထိုးစရာ နှစ်နေရာ ရှိပါတယ်။ Cornea လို့ခေါ်တဲ့ မျက်ကြည်လွှာနဲ့ Sclera လို့ခေါ်တဲ့ မျက်ဖြူသား ဖြစ်ပါတယ်။ ဒါကြော့င် မြန်လာလို လိုရင်းခေါ်မယ်ဆိုရင် မျက်ဆံတက်တူးနဲ့ မျက်ဖြူသား တက်တူး ဖြစ်ပါတယ်။

မျက်ကြည်လွှာ တက်တူးထိုးခြင်း

မျက်ဆံ အနက်တည့်တည့်မှာ ထိုးတဲ့ တက်တူးက Corneal tattooing ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက ရှိတာ ဖြစ်ပါတယ်။ အများစု ကတော့ ကျန်းမာရေး ကုထုံးအတွက် အသုံးပြုပြီး လေဆာမင်တံ နဲ့ ဖောက်ပြီး ထိုးပါတယ်။ မျက်ကြည်လွာမှာ တိမ်ဖုံးနေမှုများ၊ အစင်းထင်နေမှုများ၊ ပုံပျက်နေမှုများကို ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။ အခြားသော ကျန်းမာရေးရည်ရွယ်ချက်များနဲ့လည်း ထိုးပါတယ်။ မျက်လုံးနဲ့ ပက်သက်လို့ ဖြစ်ပွားတဲ့ ရောဂါတွေကို ကုဖို့အတွက် ဖြစ်ပြီး အမြင်ပြန်ကောင်း လာတဲ့ အကျိုးကျေးဇူးတွေ ရတယ်လို့ ဆိုပါတယ်။

နောက်ထပ်ရည်ရွယ်ချက်က အလှအပအတွက် ဖြစ်ပါတယ်။ အပြာရောင် လဲ့လဲ့သန်းတဲ့ မျက်ကြည်လွှာ ပိုင်ဆိုင်ရရှိဖို့အတွက် အပြာရောင် ဆေး တက်တူးထိုးကြပါတယ်။ အမြင်အာရုံကို မထိခိုက်ဘူးလို့ ဆိုပါတယ်။ အလှအပ အတွက် မျက်ကြည်လွှာ-မျက်ဆံအနက်မှာ တက်တူးထိုးတဲ့ အလေ့အထလည်း ရှိနေပါသေးတယ်။

Corneal tattooing မှာ အက်ဆီးဒန့် ဖြစ်တတ်ပါတယ်။ ဖြစ် လည်း ဖြစ် တတ်ကြပါတယ်။ အဆိုးဆုံး အက်ဆီးဒန့်ကတော့ အမြင်အာရုံ ဆုံးရှုံးရတဲ့ အဆင့်အထိ ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးထဲ တက်တူးထိုးခြင်းကို ကျန်းမာရေးအတွက် ဆိုရင် မျက်စိအထူးကု ဆရာဝန်တွေသာ နိုင်ငံတကာမှ ခွင့်ပြုချက်ရပြီး .. အလှအပအတွက်ကတော့ သာမန် တက်တူးဆရာများကို လိုင်စင်နဲ့ ခွင့်ပြုပေးထားတာ ရှိတယ်လို့ ဆိုပါတယ်။

မျက်ဖြူသားပေါ် တက်တူးထိုးခြင်း

နောက်ထပ် မျက်လုံးထဲ တက်တူးထိုးနည်းကတော့ မျက်ဖြူသားကို တက်တူးထိုးတဲ့ Scleral tattooing ဖြစ်ပါတယ်။ ဒါကတော့ Extreme Practice လို့ သတ်မှတ်ထားပါတယ်။ တရားဝင်ခွင့်ပြုထားမှု နည်းပါတယ်။ မျက်ဖြူသားတစ်ခုလုံးကို အပြာရောင်ခြယ်တာမျိုး၊ အနီရောင် ခြယ် တာမျိုးတို့ ဖြစ်ပါတယ်။ သူက မျက်လုံးနဲ့ တိုက်ရိုက်ဆက်ထားတဲ့ အာရုံကြောများကို ထိခိုက်လွယ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မျက်ဖြူသားပေါ် တက်တူးထိုးတဲ့ အလေ့အထကတော့ နည်းပါတယ်။ သို့ပေမယ့် တက်တူးရူးသွတ်သူများအတွက်ကတော့ မျက်ဖြူသားပေါ် တက်တူးထိုးခြင်းဟာလည်း အလှအပတစ်ခုလို့ပဲ မှတ်ယူပါတယ်။ အသဲပုံ ပုံစံ၊ နှင်းဆီပုံစံ၊ စာရေးထိုးခြင်း အစရှိသဖြင့်တို့ကို ပြုလုပ်ပါတယ်။

မျက်လုံးထဲ တက်တူးထိုးခြင်းက ကျန်းမာရေး လိုအပ်ချက်အတွက် ပြုလုပ်တာ ပဲ ကောင်းတယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ ဒါတောင် အပြည့် အဝ ကောင်းမွန်လာနိုင်တယ်လို့ ဆရာဝန်များ အာမ မခံထားပါဘူး။ ကံမကောင်းရင် အမြင် အာရုံ ဆုံးရှုံး ရနိုင်ပါတယ်။ မျက်ကပ်မှန် ရေပန်းစားလာတဲ့ ခေတ်ကြီးမှာ မျက်လုံးထဲ တက်တူးထိုးတဲ့ ယဉ်ကျေးမှုကတော့ အတွေ့နည်းလာပါတယ်။ လုံးဝပျောက်ကွယ်သွား တာမျိုးတော့ မဖြစ်နိုင်သေးပါဘူး။ တက်တူး ထိုးတဲ့ ယဉ်ကျေးမှု ရှိနေသရွေ့ မျက်လုံးထဲ တက်တူးထိုးခြင်းကလည်း ဆက်လက် တည်ရှိနေအုံးမှာ ဖြစ်တယ်လို့ cosmetic ပညာရှင်တို့ ခန့်မှန်းထားပါတယ်။

------

Ref:wiki
အောင်ခမ်း (ရိုးရာလေး)
    Myawady News မှ ကူးယူဖေါ်ပြသည်...


***********************************************************************

၁၅၀၀ ကျပ်တန် MEC Tel mobile အင်တာနက် setting ချိန်နည်းပါ။


 

 1500တန်ဖုန်းကိုင်ဆောင်ထားသူတွေအတွက်InternetSettingထည့်နည်းလေးကို အောက်မှာပုံနဲ့တကွ ရှင်းပြပေးလိုက်ပါတယ်ဗျာ။ ဒီ Post လေးကို မြ၀တီ မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ အောက်မှာပုံနဲ့ရှင်းပြ ထားတဲ့အတွက် လူတိုင်းပုံကြည့်ပြီးလွယ်ကူစွာလိုက်လုပ်နိုင်ပါတယ်ဗျာ။




ဖော်ပြပါပုံအတိုင်း Settings သို့သွားပါ



 

 ထိုမှတစ်ဆင့် Mobile networks ကိုနှိပ်ပါ





ပေါ်လာသော Mobile network settings ထဲမှ Access Point Names ကိုနှိပ်ပါ





APN ထဲတွင် New APN တစ်ခုလုပ်ပါ





Name တွင် mectel ဟုရိုက်ထည့်ပါ။
ထို့နောက် OK ကိုနှိပ်ပါ



 APN တွင် #777 ရိုက်ထည့်ပါ


Username တွင် နှစ်သက်ရာထည့်သွင်းနိုင်ပါတယ်


Password တွင်လည်း ကြိုက်နှစ်သက်ရာရိုက်ထည့်နိုင်ပါတယ်




Prompt password  တွင်#777 ဟုရိုက်ထည့်ပြီး OK ကိုနှိပ်ပါ


ထို့နောက် Edit access point အားSave ပြုလုပ်ပါ။



Mobile network settings တွင်Data enabled အား အမှန်ခြစ်ပေးပြီး ခတ္တခဏစောင့်ဆိုင်းပါ။ အင်တာနက်အသုံးပြု၍မရသေးရင်Restartပြုလုပ်ပါ


                      
   PyaePhyo.com မှ မျှဝေဖေါ်ပြသည်..



************************************************************************

ဖုန်းမှ Wireless ထုတ်လွှင့်ပြီး (သို့) တိုက်ရိုက် ချိတ်ဆက်ကာ Computer ဖြင့် ပြန်လည် အသုံးပြုသူများ မြဝတီ တိုက်ရိုက် အစီအစဉ်အား ကြည့်ရှု့ နိုင်ရန်

Written by 










    မိမိ ဖုန်းဖြစ်သော GSM သို့ CDMA မှ ထုတ်လွှင့်သော Internet ကို မိမိ Laptop သို့ Desktop (PC) ဖြင့် Wireless ချိန်ဆက်ကာ မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။

    အဆင့်(၁)
    VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။





    Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် no prxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။





    ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။



    အဆင့် (၂)
    အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။




    အဆင့် (၃)
    ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်း http://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။






    ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။

     





    Android ဖုန်း GSM , CDMA 800 ဖုန်းများပေါ်မှ တိုက်ရိုက်ကြည့်ရှု့ ရန်နည်းလမ်းကို မကြာမှီ ရေးသား ဖော်ပြပေးပါမည်။

    ရေးသားသူ      -ဘုရင့်နောင်
                             မြ၀တီ သတင်း မှ ကူးယူဖေါ်ပြသည်..

    ************************************************************************

    facebook စာမျက်နှာ Like တက်စေသည့် ဆော့ဖ်ဝဲ များသုံးခြင်း အန္တရာယ်ရှိ

     


    မိမိ တို့၏ facebook စာမျက်နှာ များဝယ် ကြိုက်နှစ်သက်သူ များပြား လာစေသည့် ဆော့ဖ်ဝဲများ အသုံးပြုခြင်းသည် အန္တရာယ် မကင်းကြောင်း အိုင်တီ ကျွမ်းကျင်သူ တို့က ထောက်ပြကြသည်။
    facebook စာမျက်နှာ များဝယ် Like တက်စေသော ဆော့်ဖ်ဝဲ အမျိုးမျိုး ရှိကြပြီး၊ ယင်းတို့ကို အခမဲ ရယူနိုင်သည့်ပြင် အသုံးပြုရန်လည်း လွန်စွာ လွယ်ကူ လှသောကြောင့် အချို့သော စာမျက်နှာ ပိုင်ရှင်များက ယင်းဆော့ဖ် ၀ဲ များကို အသုံးပြုလျှက် ရှိကြသည်။


    ယင်းဆော့ဖ်ဝဲ များမှာ မိမိ ကွန်ပျူတာမှပင် အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲနှင့် အွန်လိုင်းမှ အသုံးပြုရသော ဆော့ဖ်ဝဲဟူ၍ နှစ်မျိုး ကွဲပြားနေသော်လည်း အဆို ပါ ဆော့ဖ်ဝဲ များသည် facebook ၏ အားနည်းချက် ဟာကွက်ကို တရား မ၀င် အသုံးချခြင်းဖြစ်သည်။
    Like တက်နှုန်း ပုံမှန်ထက် များစွာမြန်ဆန်လာလျှင် facebook မှ ယင်းစာမျက်နှာအား ပြန်လည် စစ်ဆေးလေ့ရှိပြီး၊ မိမိ Like မလုပ်ပဲ Like ဖြစ်နေကြောင်း တိုင်ကြားသူများ ရှိလာလျှင်မူ facebook မှ ယင်း စာမျက်နှာ အား ယာယီ ပိတ်ပြီး ပြန်လည် စစ်ဆေးမည်ဖြစ်သည်။


    “အမှန်က hijacked account (ခိုးထားတဲ့အကောင့်) တွေကို greasemonkey (Firefox တွင် အသုံးပြုရသည့် ဆော့ဖ်ဝဲ) အတွက် userscript ရေးပြီး loop ပတ်ပစ်တာပါပဲ အဲဒါကို အသုံးရ လွယ်အောင် လုပ်ထားပြီး autolike ဘာညာ ပြောနေကြတာ” အိုင်တီ ကျွမ်းကျင်သူ တစ်ဦးကပြောသည်။
    “တစ်ခုတော့ ရှိတယ် fb က suspect ဖြစ်ရင်တော့ hijacked account တွေကို ပြန်စစ်လိမ့်မယ် ခုတလော တချို့ page တွေ နဲ့ အကောင့်တွေ report ထိတာလည်း အဲဒီလိုပဲ zombie တွေနဲ့ auto ဗျင်းနေကြတာ” ဟု သူက ဆက်ပြောပါသည်။


    ထို့အပြင် ယင်းဆော့်ဖ်ဝဲများ အနက် အချို့သည် အသုံးပြုသူ၏ ကွန်ပျူတာ အတွင်းသို့ မသမာသော ကွန်ပျူတာ ပရိုဂရမ်များ ထည့်သွင်းတတ်လေ့ ရှိသောကြောင့် မိမိ ကွန်ပျူတာအတွက် လွန်စွာ အန္တရာယ်ရှိကြောင်း အင်တာနက် စာမျက်နှာ အချို့တွင်ဆိုထားသည်။
    facebook ၏ အားနည်းချက် ဟာကွက်များကို facebook တွင် တာဝန် ထမ်းဆောင်နေကြသည့် ကျွမ်းကျင်သူ ပညာရှင်တို့က သိရှိလျှင် သိရှိခြင်း အမြန်ဆုံး ပြင်ဆင်လျှက် ရှိကြသည်။


    ref: mashable.com, businessinsider.com       Popularmyanmar.com မှကူးယူဖေါ်ပြသည်...


    Myawady News

    ************************************************************************* 

    အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ...

     
    ၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း

    ၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း
     

    ၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း

    ၄-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း

    ၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ ပိုက်ဆံကုန်ခြင်း

    ၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း

    ၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံ
    မယ့်သူမရှိခြင်း

    ၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလာ
း၊ ဘယ်တော့လဲစသဖြင့်ရိထေ့ငေါ့ခြင်းကို အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊

    ၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်
းကိုမခံရခြင်း

    ၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း

    ၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရ
    ခြင်း

    ၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုး၇ခြင်း

    ၁၃-လိုင်းကားတိုးစီးရာတွင်အကာကွ
    ယ်မရရှိခြင်း

    ၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း

    ၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း

    ၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိ
    မ်းသည့်အခါများတွင် တယောက်တည်းစောင်ခေါင်းမြီးခြုံ
    ကြောက်လန့်နေရခြင်း

    ၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း

    ၁၈-ဘုရားသွားသည့်အခါ..အားမလိုအာ
းမရ သူများတွေကိုသာငေးနေရခြင်း

    ၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါမျာ
းတွင် အားငယ်ခြင်းကိုခံစားရခြင်း

    ၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်
    အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း

    ၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်
    ရခြင်း

    ၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တစ်ချိန်လုံးခံရခြင်း

    ၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမ
    ည့်သူမရှိခြင်း

    ၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအာ
းပေးမည့်သူ မရှိခြင်း

    ၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲမျ
ားကြားတွင် တယောက်တည်း
    ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိ
    ခြင်း

    ၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း..

    ၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲန
ွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊

    ၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ် လက်ဆောင်များမရခြင်း

    ၂၉-စိတ်ညစ်၍ငိုတိုင်းချော့မည့်သ
ူမရှိခြင်း

    ၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမ
    ရှိခြင်း

    ( အဲ့လိုဆိုတော့..ဘယ်လိုလုပ်ရရင်ကောင်းမလဲနော်...)





    လေ့လာသင့်သော  Website  များ

    ၀၁ ..  PTC မှ  ​ငွေရှာနည်း အပိုင်း(၁)
    ၀၂ ..  PTC မှ ငွေ၇ှာနည်း အပိုင်း (၂)
    ၀၃ ..  PTC မှ ငွေ၇ှာနည်း အပိုင်း (၃)

    No comments:

    Post a Comment